နေပြည်တော်၊
ဒီဇင်ဘာ - ၁၂
မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများအား
ကာယစွမ်းအား၊ ဉာဏစွမ်းအားများ ဖွံ့ဖြိုးတိုးတက်ပြီး ဘက်စုံ ထူးချွန် ထက်မြက်သည့် လူရည်ချွန်များပေါ်ထွက်လာစေရေးအတွက်
ရည်ရွယ်၍ မြို့နယ်အဆင့် ထူးချွန်စာမေးပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်
ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်
ပညာရေးမှူး ဦးဝင်းဇော် နှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ ထူးချွန်စာမေးပွဲ
ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့ကြ သည်။
ယခုဖြေဆိုလျက်ရှိသည့် ထူးချွန်စာမေးပွဲတွင်
ဘက်စုံထူးချွန်၊ ဘာသာစုံထူးချွန်၊ ဘာသာရပ်အလိုက်ထူးချွန်နှင့် ကျောင်းလုပ်ငန်း ထူးချွန်ဘာသာရပ်များကို
မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၂၀)မှ စတုတ္ထတန်း ကျောင်းသား/ကျောင်းသူ (၄၆)ဦး၊
အဋ္ဌမတန်း ကျောင်းသား/ကျောင်းသူ(၂၆)ဦး၊ ဒသမတန်း ကျောင်းသား/ကျောင်းသူ (၃၁)ဦး၊ စုစုပေါင်း
(၁၀၃)ဦးတို့ ဖြေဆိုလျက်ရှိသည်။
ကျောင်းသား/ကျောင်းသူများအနေဖြင့် ထူးချွန်စာမေးပွဲတွင်
စာပေဘာသာရပ်များအပြင် ကျောင်းလုပ်ငန်း ဘာသာရပ်ကိုပါ ထည့်သွင်းယှဉ်ပြိုင်စေကြောင်း၊
ကျောင်းလုပ်ငန်းဘာသာရပ်မှာဆိုလျှင် ကျောင်းပတ်ဝန်းကျင် သာယာရေးအတွက် ပူးပေါင်းပါဝင်မှု၊
ဂီတ၊ ပန်းချီ၊ အက၊ ကာယ(အားကစား)စတဲ့ ကဏ္ဍမျိုးစုံပါဝင်ပြီး အဆိုပါ ကဏ္ဍများတွင် ထူးချွန်သည့်
ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာရေး ရည်ရွယ်ကာ အဆိုပါဘာသာရပ်ကို ထည့်သွင်းဖြေဆိုစေခြင်း
ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူး ဦးဝင်းဇော် က ပြောကြားချက် သိရသည်။
အဆိုပါ မြို့နယ်အဆင့်ထူးချွန်စာမေးပွဲကို
ဒီဇင်ဘာ(၁၂)ရက်မှ (၁၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး
မြို့နယ်အဆင့် ထူးချွန်စာမေးပွဲမှ ဘက်စုံထူးချွန်သူ(၃)ဦး၊ ဘာသာစုံထူးချွန်သူ (၃)ဦး၊
ဘာသာရပ်အလိုက် ထူးချွန် သူ(၁၈)ဦး၊ ကျောင်းလုပ်ငန်းထူးချွန်သူ(၃)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ
(၂၇)ဦးတို့ကို နေပြည်တော် (တိုင်း) အဆင့် ထူးချွန်စာမေးပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ဖြေဆိုစေမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
မြို့နယ်ပြန်/ဆက်



No comments:
Post a Comment