ထားဝယ် ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း မီးဘေးအန္တရာယ်
လျော့နည်းကျဆင်းရေးအတွက် မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာများကို
ကျောင်းသား/ကျောင်းသူများမှ တစ်ဆင့် ပြည်သူလူထုအတွင်း စိတ်ဝင်ပျံနှံစေရေး အတွက်
စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာလ ၁၂ ရက်န့
နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ ၀ဲကျွန်းရပ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင်
ကျင်းပသည်။
ဟောပြောပွဲတွင် ထားဝယ်မြို့နယ် မီးသတ်ဦးစီးမှူး
သက်နိုင်ဝင်း က မီးဘေးလုံခြုံရေးနှင့် ပတ်သက်၍ အသိပညာ ပေးဟောပြောပြီး ထားဝယ်မြို့ နယ်
မီးသတ်ဦးစီးမှူး သက်နိုင်ဝင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက
DCP မီးသတ် ဆေးဗူးဖြင့် လက်တွေ့ မီးငြိမ်းသတ်နည်း သရုပ်ပြရာ ဆရာ/ဆရာမများ ၊ ကျောင်းသား/
ကျောင်းသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)

No comments:
Post a Comment