ပုလော ဒီဇင်ဘာ
၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မှ ဒေသခံ ပြည်သူများ စာပေကို လွယ်လင့် တကူ လေ့လာဖတ်ရှုနိုင်ရန်
ချိတ်ဆွဲထားရှိသည့် နံရံကပ်စာပေ ရေချမ်းစင် (Mini
Book Coner) များသို့ ယနေ့ နံနက် (၈)နာရီတွင် မြို့နယ်ဦးစီးမှူး နှင့် ၀န်ထမ်းများ
က အသစ်ရောက်ရှိလာသော အောက်တိုဘာလ (၁)ရက် နေ့ထုတ် အတွဲ(၄) အမှတ်(၁၀) ဖြည့်တင်း ဆောင်ရွက်
ပေးခဲ့သည်။
အဆိုပါ
နံရံကပ် စာပေရေချမ်းစင်ကို မြို့တွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ် စည်ပင်သာယာရေးဈေး၊
မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျေးရွာများတွင် နန်းတောင်၊ တောင်ယာကမ်း၊
မကျည်းကုန်း၊ မင်းထိန်၊ ဇရပ်ဆိပ်၊ မီးလောင်ချောင်း
စသည့်ကျေးရွာများရှိ လူစည်ကားရာ နေရာများဖြစ်သည့် လမ်းဆုံ လမ်းခွရှိ လက်ဖက်ရည် ဆိုင်များတွင်
ချိတ်ဆွဲထားရှိပါသည်။
အဆိုပါ
ဖြည့်တင်းပေးသည့် စာစဉ်များတွင် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊
ယဉ်ကျေးမှု နှင့် အနုပညာ၊ ကျန်းမာရေး၊ သိပ္ပံ
နှင့် နည်းပညာ၊ အထ္ထုပ္ပတ္တိ
၊ ပြည်သူနီတိ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး စသည့် ဘာသာရပ် (၁၃) မျိုး ပါဝင်ကြောင်း
သိရသည်။
မြို့နယ်
ပြန်/ဆက်


No comments:
Post a Comment