Friday, December 9, 2016

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ရောက်ရှိ



နေပြည်တော် ဒီဇင်ဘာ ၈
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသည့် (၁၇)ကြိမ်မြောက် အာဆီယံ ကြည်းတပ်ဦးစီး ချုပ်များအစည်းအဝေး17th ASEAN Chiefs of Army Multilateral Meeting (17th ACAMM) နှင့် 26th ASEAN Armies Rifle Meet (26th AARM) ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးနှင့် မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူးနေအိမ်၌ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမြတ်နှင့်ဇနီး၊ စစ်သံရုံးမိသားစုများအား တွေ့ဆုံ၍ အားပေး စကားပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးနှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင် ဖိလစ်ပိုင် နိုင်ငံမှ ပြန်လည်ထွက်ခွာကြရာ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ ပြန်လည်ရောက် ရှိကြသည်။
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန် ရှိသူများ ပြန်လည်လိုက်ပါလာကြပြီး လေဆိပ် ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်းနှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment