Friday, December 9, 2016

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နယ်မြေခံ တပ်နယ်မှ မိသားစုများ အားတွေ့ဆုံ



နေပြည်တော် ဒီဇင်ဘာ ၈
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် တာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် မိုင်းရယ်မြို့နှင့် တန့်ယန်းမြို့တို့သို့ သွားရောက်ပြီး နယ်မြေခံ တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် မိုင်းရယ်တပ်နယ်နှင့် တန့်ယန်းတပ်နယ်ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာ စကား ပြောကြားသည်။ တွေ့ဆုံပွဲအပြီးတွင် မိုင်းရယ် တပ်နယ်နှင့် တန့်ယန်း တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအတွက် တပ်တော် ကာကွယ်ရေး ဦးစီးချုပ်က စားသောက် ဖွယ်ရာများကို ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။
ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက စားသောက်ဖွယ်ရာများနှင့် အားကစား ပစ္စည်းများကို ပေးအပ်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment