တာချီလိတ် ဒီဇင်ဘာ ၇
၂၀၁၆ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၇ ရက်၊ နံနက် ၉ နာရီက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြု လုပ်ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ခရိုင် ဆေးရုံအုပ်ကြီး
ဒေါက်တာဇင်ကိုကိုအောင်က AIDS ရောဂါဖြစ်ပွားမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ခုခံအားကျဆင်းမှုနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့၊
အဖွဲ့ခေါင်းဆောင် ဒေါက်တာနန်းမိုမိုဟွမ် က ခရိုင်အတွင်း HIV ၊ AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ASG အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမြင့်အောင်က World AIDS Day
ဆောင်ပုဒ် “ အားလုံးလက်တွဲကာကွယ် အိပ်ခ်ျအိုင်ဗွီကူးစက်မှုအန္တရာယ် ” “ HANDS UP FOR
# HIV PREVENTION” အကြောင်းကို လည်းကောင်း
ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ ကမ္ဘာ့ခုခံအားကျဆင်းမှု
ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်
ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများနှင့် ကဗျာရွတ် ဆိုပြိုင်ပွဲများတွင် ဆုရကျောင်းသားကျောင်းသူများအား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး
ဗိုလ်မှူးကြီး ကျော်ကိုထိုက် ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူများက ဆုများ
ပေးအပ် ချီးမြှင့်ပြီး၊ တက်ရောက်လာသူများက ခန်းမအတွင်း ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်နှင့်
ဓာတ်ပုံပြဘုတ်များ အား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
တာချီလိတ် (ခရိုင်ပြန်/ဆက်)



No comments:
Post a Comment