စေတုတ္တရာ
ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး
မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်
လမ်း/တံတားလုပ်ငန်းများဖြစ်သော မကြီးစု-ငမ-သံဆည်-ကြီးအုံကျေးရွာချင်းဆက် လမ်းပေါ်တွင်
ရေကျော်တည်ဆောက်ခြင်း လုပ်ငန်း၊ အလယ်ဟန်ဒေါက်-ဘူးလမ်း လိုအပ်သောနေရာများ ဖြတ်ထုတ်ခြင်းနှင့်
လမ်းကြောင်းချဲ့ခြင်းလုပ်ငန်း ၊ အလယ် ဟန်ဒေါက်-ဘူးလမ်းမှ ငလဲကျေးရွာသို့ ဆက်သွယ်သည့်လမ်း
လမ်းသစ်ဖော်လုပ်ခြင်းလုပ်ငန်းတို့ကို ကုမ္ပဏီမှ လုပ်ငန်း ဆောင်ရွက်နေမှုများအား စစ်ဆေးဆောင်ရွက်ခြင်းကို
ဒီဇင်ဘာလ (၆)ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ
ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် အင်/ယာများ လိုက်ပါကာ လုပ်ငန်းဆောင်ရွက်နေမှုများအား
အသေးစိတ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မင်းဘူးခရိုင်
(ပြန်/ဆက်)
No comments:
Post a Comment