Wednesday, December 7, 2016

ဝါးခယ်​မတွင်​ ​ကျောင်းသား၊ ​ကျောင်းသူ​များကို ကျန်းမာ​ရေး​ စောင့်​​ရှောက်​မှု​ပေး

ဝါးခယ်​မ ဒီဇင်​ဘာ ၆
ဧရာဝတီတိုင်း​ဒေသကြီး ​မြောင်းမြခရိုင်​ ဝါးခယ်​မမြို့နယ်​ ​ကျောင်းကျန်းမာ​ရေးဌာနက မြို့နယ်​အတွင်းရှိ အ​ခြခံပညာ​ကျောင်း အသီးသီး၌ ​ကျောင်းသား၊ ​ကျောင်းသူ က​လေးသူငယ်​များကို ကျန်းမာ​ရေး​စောင့်​​ရှောက်​မှု လုပ်​ငန်းများ စဉ်​ဆက်​မပြတ်​ ​ဆောင်​ရွက်​​ပေးလျက်​ရှိရာ ဒီဇင်​ဘာ ၆ ရက်​ နံနက်​ ၁၀ နာရီက အမှတ်​ (၁) အ​ခြေခံပညာအထက်​တန်း​ကျောင်းမှ ကျောင်းသား၊ ​ကျောင်းသူများကို ကျန်းမာ​ရေး​ စောင့်​​ရှောက်​မှုလုပ်​ငန်းများ ​ဆောင်​ရွက်​​ပေးခဲ့​ကြောင်းသိရသည်​။

ယင်းသို့ ကျန်းမာ​ရေး​ စောင့်​​ရှောက်​မှုလုပ်​ငန်းများ ​ဆောင်​ရွက်​ရာတွင်​ မြို့နယ်​ ​ကျောင်းကျန်းမာ​ရေးဌာန တာဝန်​ခံ ဆရာဝန်​ ​ဒေါက်​တာချမ်း​မြေ့လှိုင်​၊ သွားဘက်​ဆိုင်​ရာ ဆရာဝန်​ ​ဒေါက်​တာခင်​သူဇာတင်​နှင့်​ ​ကျောင်းကျန်းမာ​ရေးအဖွဲ့တို့က ကျောင်းသား၊ ​ကျောင်းသူများ၏ အ​ထွေ​ထွေ​ရောဂါများ၊ သွားနှင့်​ခံတွင်း​ရောဂါများ၊ တစ်​ကိုယ်​​ရေသန့်​ရှင်းမှု စသည်​တို့ကို စစ်​​ဆေး​ပေးပြီး လိုအပ်​​သော က​လေးသူငယ်​များအား ​ဆေးကုသမှု​ဆောင်​ရွက်​​ပေးခဲ့​ကြောင်းသိရသည်​။

ဆက်​လက်​ပြီး ​ကျောင်းနှင့်​ ​ကျောင်းပတ်​ဝန်းကျင်​ သန့်​ရှင်း​ရေး စစ်​​ဆေးခြင်း၊ ကျောင်းမုန့်​​ဈေးတန်းတွင်​ ​ရောင်းချ​သော စားသောက်​ကုန်​များ သန့်​ရှင်းမှု ရှိ/မရှိ၊ ကျန်းမာ​ရေးနှင့်​ ညီညွတ်​မှု ရှိ/မရှိ စစ်​​ဆေး​ပေးပြီး ဆိုင်​ရှင်​များအား ကျန်းမာ​ရေးအသိပညာ​ပေး ​ရှင်းလင်း​ပြောကြား​ပေးခဲ့​ကြောင်း သိရသည်​။

မြို့နယ်(ပြန်​/ဆက်​)

No comments:

Post a Comment