Friday, December 9, 2016

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်? ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီ လုပ်ငန်းများအား ခွင့်ပြုပေးမှု အခြေအနေ



ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂ဝ၁၄) ဖြင့် ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ နှင့် အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၇-၁၂-၂ဝ၁၆) ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် (၇-၁၁-၂ဝ၁၆) ရက်နေ့မှ (၂၅-၁၁-၂ဝ၁၆)ရက်နေ့အထိ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်လျှောက်ထား လာသည့် ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူသုံးဦးနှင့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ် သုံးဦး၊ မဂ္ဂဇင်း နှစ်ဦး၊ အထွေထွေခုနစ်ဦး ပေါင်း ၁၅ ဦးတို့အား ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများပြဋ္ဌာန်းသည့် (၁ဝ-၁ဝ-၂ဝ၁၄) ရက်နေ့မှ စ၍ ယနေ့အထိပုံနှိပ်ခြင်း လုပ်ငန်း ၁၃၉၁ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၁၉၈၇ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၁ ဦး စုစုပေါင်းပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း နှင့် သတင်းအေဂျင်စီလုပ်ငန်း ၃၄၂၉ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်သက်တမ်းတိုးလျှောက်ထားသူတစ်ဦးနှင့် ဂျာနယ်လျှောက်ထားလာသူ တစ်ဦးတို့အား အချက်အလက်များစိစစ် ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment