နေပြည်တော် ဇူလိုင် ၂၅
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်
အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် နေပြည် တော် ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌
စတင်ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက
မန်းဝင်းခိုင်သန်းက လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး
တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုသည့် ဆန္ဒ၊ နိုင်ငံသားပြည်သူများ လူမှုစီးပွား
ရေးအခြေ အနေများ ဘ၀လုံခြုံမှုရှိစေလိုသည့်ဆန္ဒ၊ ရည်မှန်းချက်များ တူညီစွာ ရှိကြမည် ဖြစ်ပါကြောင်း၊
ထိုသို့ တူညီသည့်ဆန္ဒ၊ ရည်မှန်းချက်များရှိကြသည်နှင့်အညီ နိုင်ငံသား ပြည်သူများ အတွက်
အကျိုးစီးပွားဖြစ်ထွန်းနိုင်မည့် ဥပဒေပြုရေးအပါအ၀င် လွှတ်တော် ဆိုင်ရာလုပ်ငန်း တာဝန်များကို
ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းနှင့် အပြုသဘောဆောင် တိုင်ပင်ဆွေးနွေးပြီး ၀ိုင်းဝန်းပါဝင်ဆောင်ရွက်
သွားကြ ပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော
၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့်
စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက အခွန်အမျိုးအစားအလိုက်
အကောင်အထည်ဖော်နိုင်မှုကို စိစစ်ရာတွင် သတ်မှတ် လျာထားချက်ကို ပြည့်မီကျော်လွန်အောင်
ကောက်ခံနိုင်ခဲ့သည့် အခွန် (၁၁)မျိုးနှင့် လျာထား ချက်ထက် လျော့နည်းရရှိခဲ့သည့် အခွန်
(၇)မျိုးရှိသည်ကို တွေ့ရှိရပါကြောင်း။
ပြည်ထောင်စု၏ အခွန်ဘဏ္ဍာရငွေများမှ တိုင်းဒေသကြီးနှင့်
ပြည်နယ်များသို့ ခွဲဝေပေးလျက်ရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ပြဋ္ဌာန်းသည့် အထူးကုန်
စည်ခွန်ဥပဒေအရ ကောက်ခံရငွေမှ ၁၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရ ငွေမှ
၁၅ ရာခိုင်နှုန်းတို့ကို တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ အခွန်ဝေစု အဖြစ် ခွဲဝေပေး
လျက်ရှိပြီး ၀င်ငွေခွန်ကောက်ခံရငွေမှ ၅ ရာခိုင်နှုန်းနှင့် အပိုတံဆိပ်ခေါင်းခွန် ကောက်ခံ
ရရှိငွေ ၂ ရာခိုင်နှုန်းကိုလည်း သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေသို့
ခွဲဝေပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဝင်ငွေအပြည့်အ၀ရရှိရေး၊
သင့်တင့် မျှတပြီး ပြည်သူများ လိုက်နာထမ်းဆောင်နိုင်သော အခွန်နှုန်းထားများဖြစ်စေရေး၊
ပြည်သူများ အခွန်ဆိုင်ရာအသိပညာ၊ ဗဟုသုတ တိုးပွားပြီး အခွန်ကိုလိုလားစွာ ထမ်းဆောင်လာစေရေး၊
နိုင်ငံတကာစံနှုန်းများနှင့် လျော်ညီသောအခွန် စနစ်ဖြစ်ပေါ်လာရေး၊ အခွန်တိမ်းရှောင်မှုများ
ပပျောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ယင်းသို့ဆောင်ရွက်ရာတွင် အခွန်ဝန်ထမ်းများ၏
စိတ်ထားခံယူချက်၊ လုပ်ဆောင် ချက်များ ပြုပြင်ပြောင်းလဲရေး၊ ဆုပေးဒဏ်ပေးစနစ်ကို ထိရောက်စွာ
ကျင့်သုံးဆောင် ရွက်ရေး၊ အခွန်ပညာပေးမှု ပိုမိုလုပ်ဆောင်ရေး၊ နိုင်ငံတကာအဆင့်မီ အခွန်စနစ်ဖြစ်
ပေါ်လာစေရေးတို့အတွက် ပြည်ပမှကျွမ်းကျင်သူများ အကူအညီကိုပါရယူ၍ ဆောင် ရွက်လျက်ရှိပါကြောင်း၊
အခွန်ထမ်းပြည်သူများဘက်မှလည်း နိုင်ငံတော်၏ အခွန်တာဝန် ကိုလိုလားစွာ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း
ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင်က
၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ်လျာထားချက်အပေါ် အခွန်ကောက်ခံ ရရှိမှုအခြေအနေ ရှင်းလင်းတင်ပြချက်နှင့်ပတ်သက်၍
ကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏
အရအသုံးခန့်မှန်း ခြေငွေစာရင်း(ပြင်ဆင်ချက်)နှင့် ၂၀၁၆ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး
ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)တို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက
လွှတ်တော်သို့ ရှင်းလင်းတင်သွင်းရာ ပြည်ထောင်စုလွှတ်တော် နာယက က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ
ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးကြေညာ
သည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော
အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၂၉(၁၉၃၀)၏ နောက်ဆက်တွဲစာချုပ်နှင့် အဓမ္မစေခိုင်းမှု
ပပျောက်ရေးအတွက် နောက်ဆက်တွဲ လုပ်ငန်းစဉ်များဆိုင်ရာ တိုက်တွန်းချက်အမှတ် ၂၀၃ တို့အား
မှတ်တမ်း တင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “(၁၀၃)ကြိမ်
မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ” က အတည်ပြု ချမှတ် ခဲ့သည့် အဓမ္မခိုင်းစေမှုဆိုင်ရာ
ပြဋ္ဌာန်းချက်အမှတ် ၂၉ ၏ နောက်ဆက်တွဲစာချုပ်နှင့် အဓမ္မခိုင်း စေမှုပပျောက် ရေးအတွက် နောက်ဆက်တွဲ
လုပ်ငန်းစဉ်များဆိုင်ရာ တိုက်တွန်းချက် အမှတ် ၂၀၃ တို့ကို ILO အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏
တာဝန်ရှိမှုအနေဖြင့် ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါ ကြောင်း
ရှင်းလင်းတင်ပြသည်။
No comments:
Post a Comment