နေပြည်တော်
ဇူလိုင် ၂၅
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi
HIGUCHI ဦးဆောင်သည့် အဖွဲ့အား ယနေ့ နံနက် ၉
နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊
ရုံးအမှတ် (၁) ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ ပဲခူးတံတား တည်ဆောက်ရေး စီမံကိန်းကိစ္စ၊ ဂျပန်နိုင်ငံ၏
ချေးငွေအသစ် စီမံကိန်းများ ကိစ္စ၊ Myanmar-Japan Joint Initiative (MJJI) Meeting ကျင်းပရေးကိစ္စများ၊
သီလဝါ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ တိုးမြှင့်ဆောင်ရွက်သွားမည့် အဓိက မဏ္ဍိုင်များနှင့်
ဂျပန်နိုင်ငံ အစိုးရမှ လုပ်အားပေးများ စေလွှတ်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်
Myanmar Fiber Optic Communication Network Co.Ltd မှ မန်နေဂျင်းဒါရိုက်တာ Ms.
Dana Dong နှင့် နံနက် ၁၀ နာရီတွင် တွေ့ဆုံ၍ လက်ရှိရင်းနှီးမြှုပ်နှံထားရှိမှု အခြေအနေများနှင့်
ထပ်မံရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment