Friday, July 3, 2015

ဝဇီရာရုပ်ရှင်ရုံအား ပြုပြင်ထိန်းသိမ်းပြီး Red Carpet Theatre အဖြစ် ဆောင်ရွက်ရန်စီစဉ်




ရန်ကုန် ဇူလိုင် ၂
ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးသည် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်း လမ်းရှိ ဝဇီရာ ရုပ်ရှင်ရုံအား Red Carpet Theatre အဖြစ် ပြောင်းလဲ ဆောင်ရွက်ရန် ကြည့်ရှုစစ်ဆေး သည်။

ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် နှစ်ရှည် ငှားရမ်းခဲ့ပြီး ၂ဝ၁၅ ခုနှစ် မေလ အထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။
ဝဇီရာရုပ်ရှင်ရုံကို အဆောက်အအုံ သက်တမ်းအရ လည်းကောင်း၊ ပြောင်းလဲလာသော ခေတ်စနစ် အခြေအ နေများနှင့်အညီ ရုပ်ရှင်လောကသားများ အကျိုးဖြစ်ထွန်း စေရန်အကျိုးငှာ လည်းကောင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း၍ ပြင်ပအကူအညီဖြင့် ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံအဖြစ် ပြုပြင်ထိန်းသိမ်းပြီး Red Carpet Theatre အဖြစ် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment