နေပြည်တော်
ဇူလိုင် ၂
သင်ကြားပေးလိုက်သည့်ပညာရပ်များကို အမှန်တကယ်
တတ်ကျွမ်း အောင် သင်ယူသွားကြပြီး လက်တွေ့ နယ်ပယ်တွင် ပကတိအခြေအနေနှင့် ယှဉ်တွဲ အသုံးချရမည်ဖြစ်ကြောင်းဖြင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲ ၁ နာရီတွင်
ကလော တပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ သင်တန်းသား အရာရှိကြီးများနှင့်
တပ်နယ်မှ အရာရှိများအား တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)
ဗိုလ်ချုပ်ကြီးသူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီး
ချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ်အေးဝင်း၊ နည်းပြအရာရှိကြီးများ၊ သင်တန်းသားအရာရှိကြီး များနှင့် ကလော တပ်နယ်မှ
အရာရှိများ တက်ရောက်ကြ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ကို
အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီ မျိုးချစ် တပ်မတော်ဖြစ်စေရန် ရည်မှန်းချက်
ထားဆောင်ရွက်ခဲ့ကြောင်း၊ ယခု နိုင်ငံတကာစံချိန်မီသော Standard Army ဖြစ်အောင် ဆက်လက်တည်ဆောက်နေကြောင်း၊
မိမိတွင်ရှိသည့် လူ၊ လက်နက်အင်အားကို မိမိ၏ မြော်မြင်တွေးခေါ်မှုဖြင့် သေချာစွာ စီမံခန့်ခွဲပြီး
စစ်နိုင်အောင် တိုက်နိုင်သည့်စွမ်းရည်သည် တိုက်စွမ်းရည် ပင်ဖြစ်ကြောင်း၊ လက်ရှိထက်
အရေအတွက်၊ အရည်အသွေး ပိုမိုကောင်းမွန်သည့် စစ်လက်နက် ပစ္စည်းများ ဖြည့်ဆည်း တပ်ဆင်နိုင်ခြင်းဖြင့်
တိုက်စွမ်းအားကို ရရှိစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
သင်တန်းသားအရာရှိကြီး များအတွက် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည် ထုပ်များကိုလည်းကောင်း၊
ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က အားကစားပစ္စည်းများ ကိုလည်းကောင်း ပေးအပ်ခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် သင်တန်းသား အရာရှိကြီးများ အား ရင်းရင်းနှီးနှီး
လိုက်လံနှုတ်ဆက်ကြ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်
နံနက်ပိုင်းက အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ (ခုတင်-၇ဝဝ) သို့ရောက် ရှိပြီး ဆေးရုံ
တက်ရောက် ကုသလျက်ရှိသော အရာရှိ၊ စစ်သည်များအားတွေ့ဆုံ၍ တစ်ဦးချင်း၏ေ ရာဂါအခြေ အနေများမေးမြန်းကာ
ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ် ရာများနှင့်
ထောက် ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(မြဝတီ)

No comments:
Post a Comment