Friday, July 3, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘယ်လာရုစ်နိုင်ငံ လွတ်လပ်ရေးနေ့သဝဏ်လွှာများပေးပို့

နေပြည်တော် ဇူလိုင် ၃
၂၀၁၅ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ကျရောက်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယ၌  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံမှ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

အလားတူ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဘယ်လာရုစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အန်ဒရိုင်း ကိုဘီအာကော့ဗ်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

No comments:

Post a Comment