Friday, July 24, 2015

NCA စာချုပ်အား ပြန်လည်သုံးသပ်ရန် လော်ခီးလာမှ အဆိုပြုသည့်အချက် ၁၃ ချက်နှင့် ပတ်သက်သည့် နှစ်ဖက်သဘောထားအမြင်များ



သတင်း-ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်
ဓာတ်ပုံ-ဖိုးထောင်
ရန်ကုန် ဇူလိုင် ၂၃
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC )နှင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ (SD) တို့သည် ဒုတိယနေ့ ဆွေးနွေး ပွဲအဖြစ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းဗဟိုဌာန(MPC) တွင် ဇူလိုင် ၂၃ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ MPC ၌ ဆက်လက် ပြုလုပ်ခဲ့သည်။




နှစ်ဖက်အဖွဲ့များ၏ နှစ်ရက်တာ ဆွေးနွေးပွဲတွင် ၂ဝ၁၅ ဇွန်လတွင်း က ပြုလုပ်ခဲ့သည့် လော်ခီးလာ ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အဆိုပြုထားသည့် NCA မူကြမ်း အတွက် ပြန်လည်သုံးသပ်လိုသည့် အချက် ၁၃ ချက်ကို ဆွေးနွေး နိုင်ခဲ့သည်။ နှစ်ရက်တာ ကာလ အတွင်း နှစ်ဖက်ခေါင်းဆောင်များ၏ ဆွေးနွေးချက် ရလဒ်များနှင့်ပတ်သက် ပြီး ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားချက်များကို ကောက် နုတ်ဖော်ပြအပ်ပါသည်။
ဦးလှမောင်ရွှေ
MPC ၏ အထူးအကြံပေး
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ ဇွန်လတုန်းက လော်ခီးလာညီလာခံမှာ အဆိုပြုထား တဲ့ NCA မူကြမ်းအတွက် ပြန်လည် ပြီးတော့ သုံးသပ်ချင်တဲ့ အချက် ၁၃ ချက်စလုံးကို နှစ်ရက်တာ ဆွေးနွေးပွဲ အပြီးမှာတော့ ကျွန်တော်တို့ ဆွေးနွေး နိုင်ခဲ့ပါပြီ။ ဆွေးနွေးခဲ့တဲ့ အချက် ၁၃ ချက်ထဲက ၁ဝ ချက်ကတော့ စာချုပ် ချောပြီးသွားပြီဖြစ်တဲ့အတွက် သုံး ချက်ပဲကျန်တယ်လို့ ပြောလို့ရတယ်။ အဲ့ဒီအချက်သုံးချက်မှာလည်း ကျန်တဲ့ နှစ်ချက်ကို နှစ်ဖက်ခေါင်းဆောင်များ က ယာယီအားဖြင့်တော့ သဘော တူညီထားပြီ ဖြစ်ပါတယ်။ တစ်ချက် ကိုသာပဲ ကျွန်တော်တို့ ဆွေးနွေးဖို့ ကျန်ပါတယ်။ ‘ဒါ့ကြောင့် အခုပြုလုပ် နေတဲ့ အစည်းအဝေး အစီအစဉ်ရဲ့ ပထမတစ်ခုဖြစ်တဲ့NCA စာချုပ် မူကြမ်းကို ညှိနှိုင်းတာ သုံး၊ လေးရက် အတွင်းမှာပြီးနိုင်တယ်လို့ ပြောလို့ ရပါတယ်။ ကျန်တဲ့ အစီအစဉ် သုံး ခုကတော့ မနက်ဖြန် ညှိနှိုင်းမှုအပေါ် မှာပဲ မူတည်ပါတယ်။
ကျွန်တော်တို့ မနက်ဖြန်နံနက် ၉ နာရီမှာ တတိယနေ့အဖြစ် လက်ရှိ ခေါင်းဆောင်တွေဘက်က အဆိုပြု ထားတဲ့ ဆွေးနွေးပွဲအစီအစဉ်မှာ ကျန်ရှိတဲ့ သုံးခုကို ဆက်ပြီးတော့ ဆွေးနွေးပါမယ်။ ကျန်ရှိတဲ့ ဆွေးနွေး ပွဲ အစီအစဉ်တွေက နံပါတ်(၂)၊ (၃)၊ (၄) ပါ။ နံပါတ် (၂) က အစိုးရဘက်နဲ့ တိုင်းရင်းသားတွေဘက်က ဘယ် ခေါင်းဆောင်တွေNCA စာချုပ်ကို လက်မှတ်ထိုးမလဲ။ နံပါတ် (၃) က နိုင်ငံတကာ သက်သေတွေအနေနဲ့ ဘယ်သူတွေကို ဖိတ်ကြားပြီး လက်မှတ်ထိုးမလဲ။ နံပါတ် (၄) ကတော့ အစိုးရဘက်က အဆိုပြု ထားတဲ့ ၁၅ ဖွဲ့ကို စတင်လက်မှတ် ထိုးဖို့နဲ့ တိုင်းရင်းသားတွေဘက်က အဆိုပြုထားတဲ့ အားလုံးပါဝင်နိုင်ရေး ကို ဆွေးနွေးပါမယ်။
ပူးဇင်ကျုံး
အဆင့်မြှင့်ညှိနှိုင်းရေး
ကိုယ်စားလှယ်အဖွဲ့(SD) ၏
ဒုတိယအဖွဲ့ ခေါင်းဆောင်(၂)
ကျွန်တော်တို့ဆွေးနွေးနေတာက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာစာချုပ်(NCA) မူကြမ်းထဲမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) ကြားထဲမှာ ၁၇ လတာ ကာလအတွင်း သဘောတူထားခဲ့တဲ့ အချက်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီအချက်ထဲမှာပါတဲ့ ဟာတွေကို လော်ခီးလာညီလာခံမှာ ဆက်ပြီး ဆွေးနွေးပါတယ်။
မူကြမ်းထဲမှာပါတဲ့ အချက်တွေထဲက ၁၃ ချက်ကို ပြင်ဆင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ် ချက်ချထားတာ ရှိပါတယ်။ ‘ဒီ ၁၃ ချက်ကို နှစ်ရက်တာ ကာလအတွင်း ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒီနေ့ ဆိုရင် ၁ဝ ချက်ပြီးတယ်လို့ ယူဆလို့ ရတယ်။ ကျန်တဲ့ သုံးချက်ကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘက်မှာရှိတဲ့ ခေါင်းဆောင် တွေကို မေးမြန်းမှာ ဖြစ်တယ်။ ‘ဒါတွေကို အစည်းအဝေးခန်းမ၊ ‘ဒါမှမဟုတ် ရင်လည်း UPWC ကို ပြန်တင်ပြမှာ ဖြစ်ပါတယ်။ ယေဘုယျတော့ အဲ့ဒီ လောက် သဘောတူထားတယ်လို့ ပြောလို့ရပြီ။
မူကြမ်းထဲမှာက အဓိကကတော့ စာချောအောင်လုပ်တာပါ။ ပြင်ဆင် တာတွေ၊ ဖြည့်စွက်တာတွေ ကျွန်တော် တို့ မလုပ်ပါဘူး။ တချို့ကိစ္စတွေကို တော့ ကျွန်တော်တို့ဆုံးဖြတ်ချက် အနေနဲ့ထားပါတယ်။ ဒီနေ့ သဘော တူ ဆွေးနွေးတဲ့ ၁ဝ ချက်ထဲမှာ ဆုံးဖြတ်ချက်နဲ့ထားတာ ငါးချက်၊ ခြောက်ချက်လောက် ရှိပါတယ်။ မူကြမ်းမှာ စာချောလိုက်တာက လေးငါးချက်လို့ အကြမ်းဖျင်း ပြောလို့ ရပါတယ်။
ကျွန်တော်တို့အနေနဲ့ ‘ဒီနေ့ အစည်းအဝေးပွဲအပြီးမှာ အလွတ် သဘောအနေနဲ့ UPWC က ခေါင်းဆောင်များနဲ့ ဆွေးနွေးဖြစ်ပါ တယ်။ အခုလက်ရှိမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကNCA လက်မှတ် မရေးထိုးနိုင်ခင်မှာ မဖြစ် သင့်ဘူးလို့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘက်ကတော့ တင်ပြထားပါတယ်။ UPWC ဘက်ကလည်း NCAလက်မှတ်မရေးထိုးနိုင်ခင်မှာ ‘ဒီလို အဖြစ်ပျက်မျိုးဖြစ်တာဟာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ကိစ္စမဟုတ်ဘူးလို့ ကျွန်တော်တို့ဆီကို အကြောင်း ပြန်ကြားထားပါတယ်။ ‘ဒါဟာဆိုရင် ဒီလိုဖြစ်တဲ့ကိစ္စတွေဟာ မဖြစ်သင့် ဘူးလို့ နှစ်ဖက်စလုံးက ယူဆတယ်ဆို တာမျိုး ကျွန်တော်တို့ ကောက်ချက် ချလို့ ရပါတယ်။ ကျွန်တော်တို့အနေ နဲ့ နှစ်ဖက်ယုံကြည်မှု တည်ဆောက် ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် တစ်ဖက်နဲ့ တစ်ဖက် တိုက်ပွဲ ဖြစ်နေလို့ရှိရင် စာချုပ်လက်မှတ် မရေးထိုးနိုင်ဘဲနဲ့ အချိန်တွေကြန့်ကြာ သွားနိုင်တယ်။ နှောင့်နှေးသွားနိုင် တယ်။ မလိုလားအပ်တဲ့ ပြဿနာ တွေ ပေါ်လာနိုင်တယ်ဆိုတာကို လော်ခီးလာ ညီလာခံမှာကတည်းက ကျွန်တော်တို့ ဆွေးနွေးထားပြီးသား ပါ။ အဲ့ဒီလို မဖြစ်ရအောင် နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့ ကျွန်တော် တို့ ပြောနေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ ဘက်ကတော့NCA လက်မှတ်မရေးထိုးခင်မှာ တိုင်းရင်းသားတပ်တွေကို လှုပ်ရှား မှုတွေ မလုပ်ဖို့၊ Major Operation ကြီးတွေကို တတ်နိုင်သလောက် ရှောင်ရှားဖို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ဖို့ ကျွန်တော်တို့ ပြောနေတာ တွေရှိပါတယ်။ ကျွန်တော်တို့ ဘက် ကတော့ တတ်နိုင်သလောက် ထိန်း သိမ်းထားတဲ့ အနေအထားမျိုးရှိပါ တယ်။ တပ်မတော်ဘက်ကတော့ နယ်မြေစိုးမိုးရေးအတွက် စစ်ဆင် ရေးကြီးတွေ မလုပ်ဘူးဆိုလို့ရှိရင် တိုက်ပွဲတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါကိုလည်း သက်ဆိုင် ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဆက်ပြီးတော့ ဆောင်ရွက်လိမ့်မယ်လို့လည်း ကျွန်တော်ယူဆပါတယ်။
ဦးနိုင်ဟံသာ
အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့(SD) အဖွဲ့ဝင် ကျန်တဲ့အချက် နှစ်ချက်၊သုံးချက် ကတော့ မနက်ဖြန်မှာ ပြီးပြတ်နိုင် လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မနက်ဖြန်မှာ ဆွေးနွေးဖို့ ကျန်နေတာ က သိပ်တော့မများပါဘူး။ ‘ဒါပေမယ့် အရေးကြီးတဲ့အပိုင်းတွေ ဖြစ်တယ်။ အဲဒီအပိုင်းတွေ ပြီးကောင်းပြီးနိုင်ပါ တယ်။ မနက်ဖြန်မှာ အရေးကြီးတဲ့ဟာ တွေဆွေးနွေးမယ်။စာချုပ်ကို ဘယ်သူတွေ လက်မှတ်ထိုးမယ်။ အဲ့ဒီကိစ္စ တွေက နည်းနည်းတော့ အရေးကြီး တယ်။ ပထမအဆင့် အနေနဲ့တော့ ပြီးနိုင်တယ်။ တချို့ကတော့ ‘ဒီနေ့ အချိန်မပေးနိုင်တဲ့ဟာတွေရှိတယ်။ UPWC ကလည်း သူတို့ ခေါင်းဆောင် တွေကိုညှိရမယ်။ ကျွန်တော်တို့ ဘက်ကလည်း သက်ဆိုင်ရာ ခေါင်းဆောင် တွေကို ပြန်တင်ပြရမယ်။ နောက်ပြန်ဆွေးနွေးမယ်။ သဘောက တော့ အစည်းအဝေးကို သုံး၊လေးရက် လောက် ပြန်ဆုတ်ပြီးရင် နောက် ပြန်တွေ့ကြမယ်။
ဆွေးနွေးပွဲ တတိယနေ့အဖြစ် ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ နိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) တွင် ဆက်လက်ပြုလုပ်မည် ဖြစ်ပြီး (၈)ကြိမ်မြောက် ဆွေးနွေးပွဲ အစီအစဉ်၏ ကျန်ရှိနေသည့် အပိုင်း သုံးပိုင်းကို ဆွေးနွေးမည်ဖြစ်သည်။

No comments:

Post a Comment