ရေကူးကန်အလယ်ရှိ ရေပန်းမှ ပန်းထွက်လာသည့်
လွင့်ပျံ့နေသော ရေမှုန်ရေမွှားများက လေးဖြူ၏ အမဲ လိုက်အက သီချင်းသံနှင့် လိုက်ဖက်ညီစွာ
လူငယ်များကို ရွှင်မြူးတက်ကြွစေစသည်။ ယမကာ အရှိန်ဖြင့် တဒိန်းဒိန်းတိုးလာသော သွေးခုန်နှုန်းများနှင့်အတူ
မဖွယ်မရာမြင်ကွင်းတစ်ခုက ပို၍ပို၍ပီပြင် လာကာ ဒေါသ တို့ကို
''ကျွန်တော့်မိန်းကလေးသူငယ်ချင်းကို နှောင့်ယှက်နေတာမြင်တော့
ဒေါသထွက်ပြီး ထိုးနှက်မိခဲ့တယ်။ ရဲစခန်း ရောက်တော့ အိမ်ကလိုက်လာပြီး အမှုဖြေရှင်းရပါတယ်။
ကျွန်တော်လည်း ထိုးကြိတ်ဒဏ်ရာ တွေရခဲ့တယ်'' ဟု ပြည်သူ့ဥယျာဉ် ရေကူးကန်နှင့် ရေလွှာလျှောစီး
အပန်းဖြေနေရာသို့
လာရောက်ရင်း ရန်ဖြစ်ခဲ့သူ အောင်အောင်က
ဆက်ပြောသည်။ ပြည်သူများ အပန်းဖြေနိုင်ရန်ရည်ရွယ်ကာ ၁၉၈၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့်
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်၏ အစိတ်အပိုင်းတစ်ခုတွင် ယင်းမြင် ကွင်းများကို
နေ့စဉ်နီးပါးမြင်တွေ့ရမည်ဖြစ်ပြီး အများသူငါ ရုံးပိတ်ရက် များတွင်မူ မောင်နှင့်နှမ၊
သားနှင့်အမိ အမြင်မတင့်တယ်စွာ ''ဝါးတားပါတီ ရေပါတီ'' ဆင်နွှဲနေကြပုံမှာ ပြည်သူ များနှင့်သက်ဆိုင်သည့်
ပန်းခြံတစ်ခု ဟုပင် မထင်နိုင်စရာ ဖြစ်နေကြောင်း လာရောက်သူတစ်ဦးက မှတ်ချက်ပြုသည်။
''ကျွန်တော့်ကို မှတ်ချက်ပေးခိုင်းရင်တော့
တစ်ခွန်း တည်းပဲ။ ဒီနေရာက ပျက်စီးနေပြီ။ ကျွန်တော်အခု ဓာတ်ပုံ ရိုက်ထားတယ်။ အဖြူအစိမ်းဝတ်
ကျောင်းသား လေးတွေဝင်လာတာ။ ဒီမှာတားမယ့်သူမရှိဘူး။ အလစ် သုတ်သူတွေ အများကြီးရှိသလို
အရက်သေစာသောက်စား သူတွေရဲ့ အပျော်ကြူးမှုတွေက တစ်နေ့တခြား ဆိုးရွားလာ နေတယ်ဗျာ'' ဟု
ပန်းခြံတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက နေ့စဉ်နီးပါးမြင်တွေ့ နေရသည့် မြင်ကွင်းကို
ပြောသည်။
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်သည်
မြေဧက ၁၃၅ ဒသမ ၇ ဧက ကျယ်ဝန်းပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် ပုဂ္ဂလိကကုမ္ပဏီသုံးခုတို့က
မြေနေရာများခွဲဝေကာ စီမံခန့်ခွဲပြီး အများပြည်သူများ အပန်းဖြေနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိသည်။
''အစိုးရသစ်မတက်မီ မြို့တော်ဝန် ဦးအောင်သိန်းလင်း
လက်ထက်က စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ် လောက်မှာ စတင်ငှားရမ်းဖို့ ကတိကဝတ်တွေထားခဲ့ပြီး
၂ဝဝ၉ ခုနှစ်မှာ စာချုပ်ချုပ်ခဲ့တာပါ။ ပထမစာချုပ်အရ မြေအားလုံးကို ငှားရမ်းထားခဲ့ပေမယ့်
ကော်မတီသစ် လက်ထက်မှာ စိစစ်ရေးအဖွဲ့ကိုပြန်ဖွဲ့ပြီး ၅ဝ ဒသမ ၇၉ ဧကကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
ပြန်လည်ရယူထားပါတယ်။ ကျွန်တော်တို့ တာဝန်ယူ ဆောင်ရွက်နေတဲ့အပိုင်းမှာတော့ ဝင်ကြေးအခမဲ့အပြင်
အများပြည်သူများ အပန်းဖြေနေရာတွေကို စနစ်တကျ ဆောင်ရွက်ပါတယ်။ ကျန်တဲ့အပိုင်းကိုတော့
ကုမ္ပဏီတွေ ကို ၂၅ နှစ်စာချုပ်တွေနဲ့ အသီးသီးချုပ်ဆို ငှားရမ်းထားပါတယ်'' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။
ရေလွှာလျှောနှင့် ရေပန်း၊ ရေကူးကန်များသည်
ပန်းခြံ တစ်ခုလုံး၏ ၃ ဒသမ ၁၃ ဧက အကျယ်အဝန်းပေါ်တွင် တည်ဆောက်ထားပြီး ရွှေတိုင်းရွှေပြည်ကုမ္ပဏီက
ယခင်မြို့တော်ဝန်များလက်ထက်ကတည်းက လုပ်ကိုင်ခွင့်ရရှိ ထားခြင်းဖြစ်ကာ နိုင်ငံတော်အစိုးရသစ်လက်ထက်
၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် စာချုပ်သစ် ပြန်လည်ချုပ် ဆိုထားသော လုပ်ငန်းတစ်ခုဖြစ်သည်။
''စာချုပ်သက်တမ်းက ယခင်မြို့တော်ဝန်လက်ထက်
၂ဝဝ၉ ခုနှစ် ဧပြီလမှာ စတင်ခဲ့တာဆိုပေမယ့် နောက်ဆုံး ပြန်လည်ချုပ်ဆိုတာက ၂ဝ၁၄ ခုနှစ်
ဧပြီလမှာ ဖြစ်ပါ တယ်။ သူတို့အနေနဲ့ ရေလွှာလျှောလုပ်ငန်း လုပ်ကိုင်ခွင့် ကို ၂ဝ၃၈ ခုနှစ်
မတ်လကုန်အထိ လုပ်ပိုင်ခွင့်ရထား ပါတယ်။ ငါးနှစ်တစ်ကြိမ် ကျွန်တော်တို့နဲ့ စာချုပ်ပြန်ချုပ်ပြီး
ငှားရမ်းခနဲ့ အခြားစည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ်ညှိနှိုင်း ပါတယ်။ လက်ရှိ ငှားရမ်းခကတော့
တစ်နှစ်ကို ငွေကျပ် ၁၅၄ သိန်းကျော်ဖြစ်ပါတယ်'' ဟု ဌာနမှူးက ရှင်းပြသည်။
သို့ရာတွင် လာရောက်သူများနှင့် ဝင်ကြေးကောက်ခံ
သူများ၏ သုံးသပ်ချက်နှင့် မျက်မြင်အနေအထားအရ တစ်နေ့လျှင် ပျမ်းမျှလူဦးရေ ၁ဝဝဝ မှ ၅ဝဝဝ
အကြား ဝင်ရောက်နေသည်ကို တွေ့ရှိရသည်။ တစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁ဝဝဝ ကောက်ခံမှုအနေအထားအရ
ရေလွှာလျှော၏ တစ်ရက်ဝင်ငွေသည် အနိမ့်ဆုံး ငွေကျပ် ၁ဝ သိန်းခန့်၊ တစ်လအနိမ့်ဆုံးဝင်ငွေ
ကျပ်သိန်း ၃ဝဝ ခန့်၊ တစ်နှစ်ဝင်ငွေမှာ ဝင်ကြေးတစ်ခုတည်းမှ ကျပ်သိန်း ပေါင်း သုံးထောင့်ခြောက်ရာနှင့်အထက်
ရရှိနိုင်မည်ဟု ခန့်မှန်းတွက်ချက်နိုင်သည်။
ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီက
ယခုနှစ် ဇူလိုင် ၁၅ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့
ပန်းခြံများအတွင်းရှိ စားသောက်ဆိုင်များအားလုံးတွင် အရက်သေစာ ရောင်း ချခွင့်လိုင်စင်များကို
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖယ်ရှားပေးပါရန် ညှိနှိုင်းစာပေးပို့ ထားပြီးဖြစ် ကြောင်း
သိရှိရသော်လည်း ပြည်သူ့ဥယျာဉ်ပန်းခြံများအတွင်းရှိ စားသောက် ဆိုင်များတွင် အရက်၊ ဘီယာများ
ဆက်လက် ရောင်းချနေဆဲဖြစ်သည်ကို ဇူလိုင် ၂၂ ရက်အထိ တွေ့ရှိ ရသည်။
ထို့အပြင် ရေလွှာလျှောလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထား
သူက အရက်နှင့်ဘီယာ ရောင်းချခွင့်လုပ်ငန်းလိုင်စင် နှစ်ခုရရှိထားရာ လိုင်စင်ဖြင့် ဆက်လက်ရောင်းချနိုင်ခြင်းကို
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အရေးယူ ခွင့်မရှိသော်လည်း ခွင့်ပြုထားခြင်းလုံးဝမရှိကြောင်း
ဌာန မှူးက ဖြေကြားသည်။
ထို့ပြင် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း
မြေဧက ၇၆ ဒသမ ၃၆ ဧကတွင် အဆင့်မြင့်ပန်းခြံနှင့် ကစား ကွင်းလုပ်ကိုင်ခွင့်ကို အစိုးရသစ်လက်ထက်
ပြန်လည်ညှိနှိုင်းမှုများအရ Natural World ကုမ္ပဏီက လုပ်ကိုင် လျက်ရှိပြီး ယခင်က သတ်မှတ်ထားသည့်
လုပ်ငန်း အမျိုးအစားများကိုသာ လုပ်ကိုင်ခွင့်ပြုစေလျက်ရှိ ကြောင်း ဌာနမှူး ဦးကိုကိုလင်းထံမှ
သိရသည်။
''အရင်ကာလက မူလစာချုပ်ပါ အချက်အလက် အတိုင်း
လုပ်ကိုင်ခွင့်တွေကို စိစစ်ခွင့်ပြုပါတယ်။ အသစ် ထပ်မံပြီး အဆောက်အအုံ တည်ဆောက်တာ အပါအဝင်
တိုးချဲ့တာတွေကို လုံးဝခွင့်မပြုထားပါဘူး။ ကော်မတီ သစ် လက်ထက်မှာ မူလက ဈေးဝယ်စင်တာ
သုံးခုတည်ဆောက် ဖွင့်လှစ်ဖို့လျာထားပေမယ့် ခွင့်မပြုတဲ့အပြင် အခုဖွင့်လှစ် ထားနိုင်တဲ့Myanmar
Culture Valley ကိုလည်း မူလ က ပေ (၃ဝဝ x ၁ဝဝ) အဆောက်အအုံ သုံးထပ် အစား၊ မြေအောက်ထပ်နဲ့
ပထမထပ်ပဲပါတဲ့ အဆောက် အအုံအဖြစ်သာ ခွင့်ပြုပေးခဲ့ပါတယ်။ စီမံကိန်း မှာပါတဲ့ အခြားဈေးဝယ်စင်တာနှစ်ခု
ထပ်မံတည်ဆောက်ခွင့်ကို တားမြစ်ထားပြီးဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းကုမ္ပဏီမှာ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်
အတွင်းရှိ မြေနေရာအားလုံးကို ရယူငှားရမ်းရန် ၂ဝဝ၈ ခုနှစ်ကတည်းက ပြင်ဆင်ခဲ့ပြီး ၂ဝဝ၉
ခုနှစ်တွင် ကော်မတီ ဆုံးဖြတ်ချက်ဖြင့် ၂ဝ၂၉ ခုနှစ်အထိ လုပ်ပိုင် ခွင့်ရရှိခဲ့သူ ဖြစ်သည်။
သို့သော် အစိုးရသစ်လက်ထက်တွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ဗိုလ်ရှုရင်ပြင်
ကွင်းနှင့် တောင်ဘက်မြေနေရာ များအပါအဝင် ပန်းခြံအတွင်းရှိ မြေနေရာ အချို့ဖြစ်သော မြေ
၅ဝ ဒသမ ၇၉ ဧကကို ပြန်လည်ရယူခဲ့သဖြင့် ပန်းခြံတစ်ခုလုံး၏ ၆ဝ ရာခိုင်နှုန်းကို လုပ်ပိုင်
ခွင့်ရရှိထားသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။
''ဒီမှာက ကစားနည်းတွေ အများကြီးရှိတယ်။
အလကားရတာတော့မရှိသလောက်ပါပဲ။ အဆင့်မြင့် ရဟတ်ကြီးတွေ၊ ကောင်းကင်ရထားတွေ၊ ရိုလာကိုစတာ
တွေ၊ ပန်းကန်ပြားပျံယာဉ်တွေ၊ တိုက်ကားတွေစတဲ့ ကစား နည်းတွေရှိပေမယ့် လူတစ်ယောက်ကို
ငွေကျပ် ၁ဝဝဝ အနည်းဆုံးကုန်ကျပါတယ်။ တချို့ဟာတွေဆို ဈေးပိုမြင့် တယ်။ ကလေးတွေအလကားဆော့ဖို့
နေရာလုပ်ပေး ထားပေမယ့် နည်းနည်းလေးပဲရှိတာပါ။ အခမဲ့ရေကူး ကန်ရှိပေမယ့် ရေမသန့်ဘူး။
အရက်ဘီယာရောင်းတဲ့ ဆိုင်တွေကတော့ အများကြီးရှိတယ်။ လက်ညှိုးထိုးမလွဲဘူး။ ပန်းခြံက ကျယ်လို့သာတော်တော့တယ်။
နောက်ထပ် ဆိုင်ခန်းတွေ ထပ်ချဲ့မယ် ဆိုရင်တော့ နေရာအခက်အခဲရှိ ပြီ'' ဟု လာရောက်လည်ပတ်သူတစ်ဦးက
ပြောကြားသည်။
ပန်းခြံသို့ ဝင်ရောက်ခွင့် တစ်ဦးလျှင်
ငွေကျပ် ၃ဝဝ နှင့် ကားပါကင်ကြေး ငွေကျပ် ၃ဝဝ ကောက်ခံလျက်ရှိပြီး တစ်နေ့လျှင် အနည်းဆုံး
ပျမ်းမျှလူဦးရေ ၅ဝဝဝ ခန့် ဝင်ရောက်လျက်ရှိရာ ဝင်ကြေးတစ်ခုတည်းနှင့်ပင် ဝင်ငွေ ရရှိမှုမှာ
ငွေကျပ် ၁၅ သိန်းကျော်ရရှိကြောင်း ခန့်မှန်းရ သဖြင့် အနိမ့်ဆုံးတစ်နှစ်ဝင်ငွေမှာ ငွေကျပ်
သိန်း ၅၄ဝဝ ခန့်ကို ဝင်ကြေးတစ်ခုတည်းနှင့် ပင်ရရှိနိုင်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်အချို့က
ထောက်ပြသည်။
Natural Worldက အရက်ဘီယာ မရောင်းချပါ ဘူး။ သူတို့အနေနဲ့ စာချုပ်ပါစည်းမျဉ်းအတိုင်း ဆောင်ရွက် နေတာကိုတွေ့ရပါတယ်။ မကြာမီမှာ ကစားနည်း ခုနစ်မျိုး တိုးမြှင့်ဖို့အတွက် ကျွန်တော်တို့ ခွင့်ပြုချက်နဲ့ ဆောင်ရွက် နေပါတယ်။ ဝင်ကြေးကိုတော့ စာချုပ်သက်တမ်းသစ်မှာ ပြန်လည်ညှိနှိုင်းသွားဖို့ရှိသလို နှစ်အလိုက်လည်း မြေနေရာ ငှားရမ်းခကို တိုးမြှင့်နေတာဖြစ်ပါတယ်။ ပြည်သူတွေ အဆင့်မြင့်ကစားနည်းတွေကို အမြဲခံစားနိုင်စေဖို့ ကျွန်တော်တို့ကလည်း မျှော်လင့်သလို ပြင်ပလုပ်ငန်းဖြစ် တဲ့အလျောက် သူ့ရဲ့အကျိုးစီးပွား ကိုလည်း သူလုပ်ဆောင် တာတွေတော့ရှိပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့
တော့ စာချုပ်ပါစည်းမျဉ်း၊ စည်းကမ်း ချက်တွေအတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော့်
အထင်ပြောရရင် သူတို့ငှားရမ်းထားတဲ့မြေရဲ့ ၅ဝ ရာခိုင်နှုန်းကိုသာ အဆင့် မြင့်ကစားကွင်းတွေ၊
စားသောက်ဆိုင်တွေအဖြစ် အသုံးပြု ပြီး အမြဲစိမ်းလန်းမြေအဖြစ် ၅ဝ ရာခိုင်နှုန်းလောက် ကျန်တယ်လို့
ထင်ပါတယ်'' ဟု ဦးကိုကိုလင်းက ဆိုသော် လည်း အခမဲ့ အပန်းဖြေရာ နေရာအများစုတွင် အမျိုးမျိုး
သောကစားနည်းများမှာ ငွေကြေးဖြင့် ဝယ်ယူအပန်းဖြေရ ခြင်းနှင့် စားသောက် နိုင်ခြင်းတို့ကို
ဦးစားပေးသည့်အရာ များသာ ပိုမိုများပြားလျက်ရှိကြောင်း မြင်တွေ့ရသည်။
အဆိုပါ Natural World ကုမ္ပဏီမှာ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီထံမှ မြေငှားရမ်း ခြင်းအတွက် တစ်နှစ်လျှင် ငွေကျပ် ၃၂၂ သိန်းခန့်ကို
ပေးချေထားပြီး စတင်စာချုပ်ချုပ်ဆိုစဉ်က တစ်နှစ်အတွက် ငွေကျပ် သိန်း ၃ဝဝ သတ်မှတ်ထားရာမှ
တစ်နှစ်လျှင် ငါးရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်သည်ဟု စာချုပ်ပါအတိုင်း
သတ်မှတ်ကာ တိုးမြှင့်သတ်မှတ်သည့်အတွက် တစ်နှစ် လျှင် မြေငှားရမ်းခ ၃၂၂ သိန်းအထိ မြင့်တက်လာခဲ့
ကြောင်း ဦးကိုကိုလင်းက ပြောကြားသည်။
ဦးကိုကိုလင်း၏ ပြောကြားချက်အရ ပြည်သူ့ရင်ပြင်
နှင့် ပြည်သူ့ဥယျာဉ်ပန်းခြံတွင် လုပ်ကိုင်ခွင့်ရရှိထားသူများ အနက် Natural World နှင့်
Happy Zoneတို့မှာ အရက်နှင့် ဘီယာရောင်းချခြင်းမရှိဟု သိရှိရသော်လည်း လက်တွေ့တွင် ယင်းတို့လုပ်ငန်းပိုင်
မြေဧကများပေါ်ရှိ စားသောက်ဆိုင်များနှင့် စတိုးဆိုင်ငယ်များတွင် အရက် ဘီယာရောင်းချလျက်ရှိနေသည်ကို
မြင်တွေ့ရသည်။
''တေးသွားအလိုက်လှုပ်ရှားမှု ရေပန်း၊ မြန်မာ့ရိုးရာ
အစားအစာနဲ့ တိုင်းရင်းသားရိုးရာအစားအစာဆိုင်၊ စား သောက်ဆိုင်တွေနဲ့ Food Count ၁၈ ယူနစ်တွေ၊
အလှပြင်ခန်းမတွေ၊ တိုင်းရင်းသားရွာ၊ ကလေးကစားကွင်း၊ ဂိမ်းကစားကွင်းတွေနဲ့ ပန်းဥယျာဉ်လုပ်ခွင့်တွေအားလုံး
စာချုပ်ပါအတိုင်းခွင့်ပြုထားပြီး စာချုပ်ပါအချက်အလက် အရ ၂၃ ခု ပါဝင်ပါတယ်။ လက်ရှိမှာ
၁၂ ခု ပြီးစီးသွားပြီး ဆောင်ရွက်ဆဲ ကိုးခုကျန်ရှိနေပါတယ်'' ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထို့ပြင်Natural World ငှားရမ်းထားသည့်
မြေနေရာ တွင် တည်ဆောက်ထားသောMyanmar Culture Valley တွင် မြန်မာမှု၊ မြန်မာ့ဟန်နှင့်
မြန်မာ့ပန်းဆယ် မျိုးကဲ့သို့သော ယဉ်ကျေးမှု၊ အနုသုခုမဆိုင်များနှင့်အပြိုင် စားသောက်ဆိုင်ခန်းများက
နေရာယူထားသည်ကိုလည်း လာရောက်သူများက ဝေဖန်လျက်ရှိသည်ကို မြင်တွေ့ ရသည်။
''ရွှေတိဂုံစေတီတော်ကြီးရဲ့ အနောက်ဘက်မုခ်က ဆင်းလာတဲ့အခါ အရင်ဆုံးတွေ့ရတဲ့ အဆောက်အအုံကြီး တစ်ခုဖြစ်တာကြောင့် နာမည်နဲ့အညီ မြန်မာ့ယဉ်ကျေးမှု တွေ ယခုထက်ပိုပြီး ပြသနိုင်ဖို့လိုအပ်ပါတယ်။ နိုင်ငံခြား သားအများစု မျက်စိကျစရာ နေရာတစ်ခုဖြစ်နေတဲ့ အတွက် ကျွန်တော်တို့အနေနဲ့ ပန်းချီပြခန်းဖွင့်လိုပေမယ့် ဆိုင်ခန်းဈေးနှုန်းတွေက အလွန်များနေတယ်။ တစ်ပေ ပတ်လည်ကို ငွေကျပ် ၁၆၅ဝ ဝန်းကျင် ကောက်ခံနေပြီး အနည်းဆုံး ပေ ၅ဝ ပတ်လည်အထိ ငှားရမ်းရတာဆိုတော့ ငှားရမ်းခတွေက အမှန်တကယ်ရောင်းချ လိုတဲ့ဆိုင်တွေ အားလုံးကို လွှမ်းခြုံနိုင်မှုတော့မရှိသေးဘူး။ အခွန်အခ အနေနဲ့တော့ ဆိုင်းဘုတ်ခွန်ပဲပေးဖို့ လိုသေးတယ်။ ကျန်တာတွေက ဒီနေ့အထိတော့ မပေးရသေးဘူးလို့ သိရတယ်'' ဟု ပန်းချီဆရာ မြတ်ပိုးအိမ်က တွက်ချက် ပြသည်။

အဆိုပါ လုပ်ငန်းများအပြင် Happy
World ခေတ်မီ ကစားကွင်းနှင့် အပန်းဖြေနေရာများအတွက် မြေငါးဧက ကျော်ကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှ တစ်နှစ်လျှင် ၁၈၆ သိန်းဝန်းကျင်ဖြင့် ၂၅ နှစ်စာချုပ် ချုပ်ဆိုကာ ငါးနှစ်တစ်ကြိမ်
ပြင်ဆင်ချုပ်ဆို လျက်ထားရှိကြောင်း သိရသည်။
ရန်ကုန်မြို့သည် လူနေထူထပ်ပြီး အိမ်ခြံမြေဈေးနှုန်း
များသည်လည်း အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ် ပါက များစွာမြင့်မားနေသည့်
ယခုအချိန်တွင် အများနှင့် သက်ဆိုင်သော ပန်းခြံများနှင့် အားကစားကွင်းများကို ပြင်ပအနီးအနားတွင်
သက်ရောက်နေသည့် ဈေးနှုန်းနှင့် အဆမတန်နည်းပါးသည့် နှုန်းထားကိုအသုံးပြုကာ ငှားရမ်း အသုံးပြုခွင့်ရနေခြင်းသည်
ပြည်သူများအတွက် နစ်နာစေ နိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းမိုးသူက
သုံးသပ်ပြောကြားသည်။
မွန်းကျပ်သော ရန်ကုန်မြို့ပြလူတန်းစားများအတွက်
နိုင်ငံတကာအဆင့်မီပန်းခြံများ လိုအပ်မှုသည်လည်း လူဦးရေတိုးနှုန်းနှင့်အတူ မြင့်တက်လာလျက်ရှိသည်။
ရှိရင်းစွဲ ငှားရမ်းထားသည့် လုပ်ငန်းများကို စနစ်တကျ စိစစ်ကာ ပိုမိုတိုးတက်ကောင်းမွန်ပြီး
ပြည်သူများ ငွေကြေး ကုန်ကျမှုအနည်းဆုံးဖြင့် အပန်းဖြေ၊ အနားယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးကြရန်မှာ
အားလုံးတွင် တာဝန်ရှိပြီး ပြည်သူများအနေဖြင့်လည်း အများနှင့်သက်ဆိုင်သည့် နေရာများကို
စနစ်တကျစည်းကမ်းရှိစွာ အသုံးပြုခြင်းဖြင့် အစိမ်းရောင်မြို့ပြပတ်ဝန်းကျင်ကို အကောင်းဆုံး
ဖော် ဆောင်နိုင်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးခင်မောင်ဝင်းက
ပြောကြားသည်။
''စီမံကိန်းကလုပ်နေပြီး အရင်ကလုပ်တာ အခုလုပ် တာဆိုတာတွေကတော့ ပြောနေကြမှာပဲ။ ငါးနှစ်သက်တမ်း ရှိတဲ့ အစိုးရအနေနဲ့ အရာအားလုံးကို ငါးနှစ်နဲ့ ဖြတ်ချ လို့မှမရတာ။ အဓိကက ဘယ်သူ့လက်ထက်မှာဖြစ်ဖြစ် ပြည်သူ့အတွက်ကို အရင်ဆုံးစဉ်းစားကြည့်ရမှာပါ။ ရန်ကုန် မှာ အများနဲ့သက်ဆိုင်တဲ့ပန်းခြံတွေကို အဆင့်မြှင့်ပေးနေ တာတွေကို တွေ့ရတယ်။ ဆယ်ကျော်သက်သမီးပျိုတွေ မသွားရဲတဲ့ မဟာဗန္ဓုလပန်းခြံ တစ်ဝိုက်ဟာ အခုအချိန်မှာ မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ တွေ့ဆုံရာ အိုအေစစ်ကမ္ဘာလေး ဖြစ်လာသလို သခင်မြပန်းခြံဆိုရင် လည်း မြက်ခင်းတွေဟာ နင်းရက်စရာမရှိအောင် ခံ့ညား ကောင်းမွန် လာတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်တွေပေးထားပြီး အဆင့် မြှင့်တင် တာတွေကိုလည်း မကန့်ကွက်ချင်ပါဘူး။ တရား မျှတဖို့၊ မှန်ကန်ဖို့နဲ့ ပြည်သူကို အဓိကထား စဉ်းစားပေးဖို့တော့ လိုအပ်ပါတယ်။ အားလုံးနဲ့သက်ဆိုင်တဲ့ ပြည်သူ့ ဥယျာဉ်၊ ပြည်သူ့ရင်ပြင်ဖြစ်လာမှ ပြည်သူတွေ လွတ်လပ်စွာ ပျော်ပါးနိုင်တော့မှာပါ။ ကုမ္ပဏီသုံးခုတင်မကဘူးMy Garden တို့၊ ယမုံနာတို့လို ဆိုင်တွေဟာလည်း ပန်းခြံ ပိုင်မြေတွေထဲမှာ ရှိပါတယ်။ ပြည်သူအားလုံးနဲ့ဆိုင်တဲ့ မြေတွေပေါ်မှာ လုပ်ငန်းရှင် တွေရဲ့ အမြတ်အစွန်း တွေဟာ အခုလိုခေတ်အခါမှာ လူတိုင်းတွက် ကြည့်ရင် သိပါတယ်။ လုပ်ငန်းရှင်တွေလည်း အမြတ်အစွန်း တွေရကြပါစေ၊ ပြည်သူတွေလည်း အများပိုင်မြေမှာ နိုင်ငံ တကာကအများ ပိုင်မြေနေရာတွေရဲ့ ရပိုင်ခွင့်အတိုင်း ရကြမယ်ဆိုရင် အကောင်းဆုံးပါ'' ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာ ရှင် ဦးခင်မောင်ဝင်းက ပြောကြား သည်။ ။

သတင်းဆောင်းပါး -ခင်ရတနာ
ဓာတ်ပုံတင်စိုး-(မြန်မာ့အလင်း)

No comments:
Post a Comment