နေပြည်တော် ဇူလိုင် ၁၄
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနတို့မှ ကြီးမှူးပြီး ဂျပန်နိုင်ငံ၊
Center of the International Cooperation for Computerization - CICC ဌာနတို့ ပူးပေါင်း
ဆောင်ရွက် လျက်ရှိသော National Spatial Data Infrastructure - NSDI စီမံကိန်း အကောင်အထည်
ဖော်နိုင်ရေးနှင့် ဦးစီးကော်မတီဖွဲ့စည်း နိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
ဇူလိုင်လ (၁၄) ရက်နေ့ နံနက် (၀၉း၃၀) နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌
ကျင်းပရာ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်အမှာစကား
ပြောကြား ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏
ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ရာတွင် NSDI စနစ်၏ ဦးစီးကော်မတီအနေနှင့်
သက်ဆိုင်ရာ ဥပဒေများ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ NSDI စနစ်ကို စီမံခန့်ခွဲကြီးကြပ်နိုင်ရေးသည်
အလွန်အရေးကြီးပါကြောင်းနှင့် ဝန်ကြီးဌာနများအကြား သတင်းအချက်အလက် စီးဆင်းမှု၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု
မြှင့်တင်နိုင်ရေးသည် အထူးအရေးပါ လိုအပ်လျက်ရှိပါကြောင်း။
ဝန်ကြီးဌာနအသီးသီးကဆောင်ရွက်မည့် စီမံကိန်းများအကြား
မူဝါဒညှိနှိုင်းဖော်ထုတ် နိုင်ရန် လိုအပ်သော သတင်းအချက်အလက်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်
Platform အဖြစ် NSDI စနစ်က ဆောင်ရွက် ပေးနိုင် မည် ဖြစ်ပါကြောင်း၊ NSDI ဦးစီးကော်မတီက
ချမှတ်ထိန်းသိမ်းပေးမည့် Data Sharing မူဝါဒများ နှင့်အညီ အစိုးရဌာန အသီးသီးသာမက တိုင်းဒေသကြီးအစိုးရများနှင့်
ပုဂ္ဂလိကကဏ္ဍအဖွဲ့အ စည်းများကပါ လိုအပ်သော အချက်အလက် များရယူ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊
NSDI စနစ်တွင် Data Infrastructure သည် အစိတ် အပိုင်းတစ်ခုသာလျှင်ဖြစ်ပြီး စနစ်တစ်ခုလုံးချောမွေ့စွာ
စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး အတွက် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ဦးစီးကော်မတီမှ
ချမှတ်ပေးမည့် Data Sharing မူဝါဒများစသည်ဖြင့် အခြားအစိတ်အပိုင်းများစွာ လိုအပ်မှာဖြစ်ပါကြောင်း။
အမျိုးသားအဆင့် ရုပ်ဝတ္ထုဆိုင်ရာ သတင်းအချက်အလက်အဆောက်အဦ
(National Spatial Data Infrastructure - NSDI) တွင် စကေးအမျိုးမျိုးဖြင့် ပြုစုရေးဆွဲထားသော
ဒီဂျစ်တယ်မြေပုံများကို Data Layer တစ်ခုအဖြစ်ပါဝင်စေပြီး ဒေသဧရိယာအလိုက် သန်းခေါင်စာရင်း
အချက်အလက်များ၊ ရာသီဥတု၊ ဒေသထွက် ကုန်နှင့် မြေဆီလွှာအခြေအနေ၊ သဘာဝ သယံဇာတအခြေ အနေအစရှိသည့်
သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပံ့ပိုးပေးနိုင်မည့် မြေပြင်လက်ရှိ အချက်အလက်များကို ထပ်ပိုးဒေတာအလွှာ
များအဖြစ် ICT နည်းပညာအသုံးပြု ပေါင်းစပ် ထည့်သွင်းထားရှိမည်ြဖစ်ပါကြောင်း။
အဆိုပါ Data Infrastructure တွင် မြေပြင်သတင်းအချက်အလက်များ၏
အချိန်နှင့် အလိုက်ပြောင်းလဲမှု များအား အချိန်မှန်ပြန် လည်ကိုက်ညှိသည့် Data
Updating လုပ်ငန်းစဉ် များသည် ICT နှင့် အာကာသ နည်းပညာများ အသုံးပြု၍ စဉ်ဆက်မပြတ် ဆောင်ရွက်ရမှာ
ဖြစ်ပါကြောင်း၊ တစ်ဆက်တည်းမှာ ယင်း Data Infrastructure တွင် သိုမှီးမည့် ဒေသဆိုင်ရာ
သတင်းအချက် အလက်များ၏ အရေးပါမှု သဘာဝအရ Data Infrastructure အားကိုင်တွယ် မည့် လူ့စွမ်းအားအရင်းအမြစ်၊
စွမ်းဆောင်ရည်မြှင့် တင်မှုနှင့် ပြည်သူလူထု အသိပညာပေး မြှင့်တင်မှုများလည်း လိုအပ်လာမှာဖြစ်ပါကြောင်း။
မြေပြင်ရုပ်ဝတ္ထုသတင်းအချက်အလက်များ
(Spatial Data) အသုံးပြု၍ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးစီမံချက်များ ရေးဆွဲရာတွင် သတင်းအချက်အလက်
လွယ်ကူချောမွေ့စွာ စီးဆင်း နိုင်ပြီး စဉ်ဆက်မပြတ် ကိုက်ညှိမြှင့်တင် နိုင်သည့် ICT
နည်းပညာအသုံးပြု Data Infrastructure တည်ဆောက်ထားရှိရန် မဖြစ်မနေ လိုအပ်လျက်ရှိ ပါကြောင်း၊
ထို့အပြင် ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ သာမက အာဆီယံနိုင်ငံအချို့ပင်လျှင် NSDI စနစ်
အကောင်အ ထည်ဖော် အသုံးချခြင်းဖြင့် ယင်းစနစ်၏ အကျိုးကျေးဇူးများအား ယခင်နှစ်အတန်ကြာကပင်
ရရှိခံစားလျက် ရှိပြီး ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဂျပန်နိုင်ငံ၊ စီးပွားရေး၊
ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ သတင်းအချက် အလက်နှင့် လျှပ်စစ်ဆက်သွယ်ရေးဌာနခွဲ၊
စီးပွားရေးနှင့် သတင်းအချက်အလက် မူဝါဒဗျူရို၊ Assistant Director Mr. Yutaka Endow
က အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသော သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး များဖြစ်ကြသော ဒေါက်တာ ဘရွှေနှင့် ဒေါက်တာ အောင်ကျော်မြတ်၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ
ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်
စက်မှု ဝန်ကြီးဌာနနှင့် NSDI ဆိုင်ရာ အဖွဲ့အစည်းမှ တာဝန်ရှိသူများမှ မြန်မာ NSDI စနစ်နှင့်
ပတ်သက်သော အချက်အလက်များ၊ အခြေခံမူဝါဒများချ မှတ်နိုင်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်ကြ
ရမည့် လုပ်ငန်းစဉ်များ ကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment