Tuesday, July 14, 2015

ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်


နေပြည်တော်  ဇူလိုင်   ၁၄
အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ဇူလိုင်လ (၁၂) ရက် နံနက်(၈) နာရီခွဲတွင် ကျင်းပသော ရခိုင်ပြည်နယ် အတွင်း ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ၊ စစ်တွေခ ရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်၊ ကျောက်ဖြူခရိုင်နှင့်‌ သံတွဲခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၁၅- ၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့်‌ လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ ပါးရေး စေတ
နာ့ဝန်ထမ်း လူငယ်များ မွမ်းမံသင်တန်း အမှတ်စဉ် (၁၂/၂၀၁၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ‌ပြောကြားသည်။ 
အစီအစဉ်အရ ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် (၃၁)သိန်းခန့် တန်ဖိုးရှိ စောင်အထည် (၅၀၀)၊ ခြင်ထောင်အလုံး (၁၀၀) အားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ် ရေဘေးသင့် ပြည်သူများအတွက် ငွေသား (၈.၉၄) သိန်းနှင့် (၁.၇၆)သိန်းခန့် တန်ဖိုးရှိ  ကယ်ဆယ်ရေးပစ္စည်းများ၊ အမ်းမြို့နယ် ရေဘေးသင့် ပြည်သူများအတွက် ငွေသား (၂၂၈.၈၄)သိန်း နှင့် (၄၄.၅၇)သိန်းခန့် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ၊ သံတွဲမြို့နယ် ရေဘေးသင့်ပြည် သူများအတွက် ငွေသား (၁၁၈.၂၈)သိန်းနှင့် (၉.၀၄) သိန်းခန့် တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်းများ၊ ဂွမြို့နယ် ရေဘေး သင့် ပြည်သူများအတွက် ငွေသား (၅၈.၆၇)သိန်းနှင့် (၄.၈၅) သိန်းခန့် တန်ဖိုးရှိတဲ့ ကယ်ဆယ်ရေး ပစ္စည်းများ၊ တောင်ကုတ်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ငွေသား (၁၄၃.၅၁)သိန်းနှင့် (၂၈.၂၄)သိန်းခန့်တန်ဖိုးရှိ  ကယ်ဆယ်ရေးပစ္စည်းများ၊ မောင်တောမြို့နယ် ရေဘေးသင့်ပြည်သူ များအတွက် ငွေသား (၂၆.၅၇) သိန်းနှင့် (၄.၈၅)သိန်းခန့် တန်ဖိုးရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းများ၊ စစ်တွေခရိုင် အတွင်းရှိ ဘိုးဘွားရိပ်သာ(၁)ခု၊  လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ (၂)ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း (၁၁)ကျောင်းတို့အတွက် (၂၁၆.၃၅)သိန်း၊ မြောက်ဦးခရိုင် အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ (၃)ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၂)ကျောင်းတို့အတွက်  (၂၀၀.၀၄)သိန်း၊ ကျောက်ဖြူခရိုင် အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ(၂)ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၀)ကျောင်းတို့ အတွက်  (၁၂၄.၁၉)သိန်း၊ သံတွဲခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာ (၂)ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်း (၉) ကျောင်း တို့အတွက်(၉၃.၇)သိန်း၊ မောင်တောခရိုင် အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၂)ခုနှင့် ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်း (၆) ကျောင်းအတွက် (၁၆၈.၂၈)သိန်း၊  စုစုပေါင်း ကျပ်သိန်းပေါင်း (၁၃၈၇.၃၉)သိန်း နှင့်(၉၄) သိန်းခန့် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်သူများထံ ထောက်ပံ့ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမူလတန်းကြိုကျောင်းတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော  လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံသင်တန်း အမှတ်စဉ် (၁၂/၂၀၁၅) သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်အတူ စစ်တွေမြို့နယ်၊ ဆပ်ရိုးကျ ရခိုင်တိုင်းရင်းသားကျေးရွာသို့ သွားရောက်ကာ ကျေးရွာ ကယ်ဆယ်ရေး စခန်းတွင် ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ   ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ပြည်သူများ၏ လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့ ပါကြောင်း သတင်းရရှိသည်။


           

           

No comments:

Post a Comment