Tuesday, July 14, 2015

သီလဝါအထူးစီးပွားရေးဇုန်ကြောင့် ရွှေ့ပြောင်းသွားရသူများကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က နစ်နာကြေး ပေးဆောင်

 ရန်ကုန် ဇူလိုင် ၁၃
သီလဝါအထူးစီးပွားရေးဇုန်ကြောင့် ပြောင်းရွှေ့ရသူရှစ်ဦးကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဇူလိုင် ၁ဝ ရက်တွင် လျော်ကြေး များပေး အပ်ခဲ့ရာ မြေကွက် အမှတ်(၂၅)နှင့်(၂၆)အတွက် တစ်ဧကလျှင် ၆၇ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၄၂ ဒသမ ၂၁ သန်းရရှိခဲ့ကြကြောင်း အဆိုပါဒေသခံများက ပြောကြားသည်။

ဒေသခံတောင်သူဦးဇော်ဝင်းက ၎င်း၏လယ်မြေနှစ်ဧကအတွက် ကျပ် ၁၃၄ သိန်းရရှိ၍ ကျေနပ်ကြောင်း ပြောကြား သည်။ ဒေသ ခံများ နစ်နာ ကြေးရရှိရေးအကျိုးဆောင်ပေးသူ ဦးစိုးမောင်က ကနဦးလျော်ကြေး ပေးအပ်စဉ်က ကုမ္ပဏီများ အနေဖြင့် မြေ အတွက် ကျပ်သိန်း ၇ဝ သာပေးပြီး ငှားရမ်းခ အဖြစ်ကျပ်တစ်သိန်း ပေးကြောင်း၊ ယင်းပမာဏမှာ နည်းပါးသဖြင့် ယခုလို ထပ်မံ ရရှိအောင် တောင်းဆို ရခြင်းဖြစ်ကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့် ငွေပိုရလျှင် ၎င်းတို့အနာဂတ် အတွက် ပို ၍ကောင်းကြောင်း ပြောကြားသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် မြေကွက်အမှတ်(၂၂၊ ၂၃ နှင့် ၂၄)တို့ကိုမူ လျော်ကြေး မပေးသေးဟု သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းပထမအဆင့်တွင် မြေဟက်တာ ၄ဝဝ  ပါဝင်ပြီး ယင်းအနက် မြေဟက်တာ ၁၈၉ ပါစီမံကိန်းကို စက်တင်ဘာလတွင် စတင်အကောင်အထည် ဖော်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းကြီးကို မြန်မာက ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ဂျပန်က ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်းသိရသည်။
(ကျော်သဲအိမ်)

No comments:

Post a Comment