နေပြည်တော် ဇူလိုင် ၂၄
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍
ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E. Mr.
Thierry MATHOU အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌
လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်
(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ
တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်အကြီးအကဲများ၏ ခရီးစဉ်များ၊ လေ့ကျင့်ရေးသင်တန်းကိစ္စရပ်များ၊
စစ်သံမှူးထားရှိရေးကိစ္စရပ်များ အပါအ၀င် လုပ်ဆောင်နိုင်သည့် နယ်ပယ်များတွင် နှစ်နိုင်ငံ
တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုပိုမိုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့်
လာမည့် အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်၏ အခန်းကဏ္ဍဆိုင်ရာများကို အပြန်အလှန်ဆွေးနွေးကြသည်။
(မြ၀တီ)

No comments:
Post a Comment