နေပြည်တော် ဇူလိုင် ၂၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားကျေးလက်
ကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် မစ္စတာ အီစန်မူ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်
ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အဆင့်မြင့်လယ်ယာမြေဖော်ထုတ်ရေး၊ ပန်းလှိုင်မြစ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊
ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး၊
လယ်ယာ သားငါးကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊
ဒေါက်တာကံဇော်၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
(သတင်းစဉ်)

No comments:
Post a Comment