နေပြည်တော် ဇူလိုင် ၂၄
ယနေ့မြန်မာ့ပုလဲရောင်းချပွဲတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ဒါ အမှတ်(၂)မှ ပုလဲအတွဲပေါင်း
၁၁၄ တွဲအနက် ၁၁၃ တွဲကို ရောင်းချခဲ့ရပြီး တင်ဒါအမှတ်(၃)မှ ပုလဲအတွဲပေါင်း ၁၁၄ တွဲအနက် ၁၁၁ တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။
မြန်မာ့ပုလဲရောင်းချပွဲကို ဇူလိုင် ၂၂ ရက်မှစတင်၍ နေပြည်တော် ရှိ မဏိရတနာကျောက်စိမ်းခမ်းမ၌
ပြသရောင်းချခဲ့ရာ ပြည်တွင်းပြည်ပ ရတနာကုန်သည် (၈၀)ကျော် လာရောက်ကြည့်ရှု ၀ယ်ယူခဲ့ကြသည်။
ယခု မြန်မာ့ပုလဲရောင်းချပွဲတွင် ပုလဲအတွဲစုစုပေါင်း (၃၃၇)တွဲ ရောင်းချနိုင်ခဲ့ပြီး
နိုင်ငံတော်ဘဏ္ဍာငွေ ယူရိုငွေ(၃၂၆၂၃၇၀)ယူရိုသန်း ရှာဖွေပေးနိုင်ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)


No comments:
Post a Comment