မန္တလေး
ဇူလိုင် ၁၃
ပြန်ကြားရေးဝန်ကြီးဌာနက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ
စီးပွားဖြစ်မဟုတ်သော လူမှုအသိုင်းအဝိုင်းများနှင့် လူနေမှု အဆင့်(E) ရှိသော အိမ်ထောင်စုများသို
DVB- T2 Set Top Box များ လှူဒါန်းပွဲအခမ်းအနားကို မန္တလေးမြို့ အောင်မြေသာ စံမြို့နယ်
မြို့မတူရိယာအသင်းခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပ သည်။
အခမ်း အနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက် ထွေးက DVB-T2 Set Top Box များကို တစ်နိုင်ငံလုံးရှိ စီးပွားဖြစ် မဟုတ်သော လူမှုအသိုင်းအဝိုင်းများ နှင့် လူနေမှုအဆင့်(E)ရှိသော အိမ် ထောင်စုများအား အခမဲ့ပေးအပ်ခြင်း သည် ပြည်သူ့ဗဟိုပြုမူဝါဒ ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ Digital Video Broadcasting (DVB) စနစ်ကို နိုင်ငံတော်၏ National Standard အဖြစ် ၂ဝဝ၈ ခုနှစ်တွင် သတ်မှတ် ခဲ့ပြီး နောက်ဆုံးပေါ် နည်းစနစ်ဖြစ် သည့် DVB- T2 စနစ်ကို ရွေးချယ်ခဲ့ ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံး Digital စနစ် ပြောင်းလဲမှု ဆောင်ရွက်မည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် စက်ရုံ ၂၆ ရုံ၊ ဒုတိယအဆင့်အနေဖြင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် စက်ရုံ ၆၉ ရုံ၊ တတိယအနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် စက်ရုံ ၅ဝ ကို Digital စနစ်သို့ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ ရုပ်သံထုတ်လွှင့်မှုကို Digital စနစ်သို့ ပြောင်းလဲထုတ်လွှင့် သကဲ့သို့ မြန်မာ့အသံမှ ရေဒီယိုထုတ် လွှင့်မှုကိုလည်းMedium Wave, Short Wave နှင့် ထုတ်လွှင့်ခြင်း ထက် အသံအရည်အသွေး ပိုမိုကြည် လင်ပြတ်သားသည့် FM ထုတ်လွှင့် မှုစနစ်နှင့် ပြောင်းလဲထုတ်လွှင့်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ရေဒီယို FM လွှင့်စက်ရုံ ၁၅ ရုံကိုလည်းကောင်း၊ ၂ဝ၁၄-၂ဝ၁၅ တွင် ၃၅ ရုံကိုလည်း ကောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တွင် ၂၅ ရုံကိုလည်းကောင်း ပြောင်း လဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် DVB-T2 Set Top Box များကို မန္တလေးတိုင်းဒေသ ကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မြင့်ကြူသို့ လွှဲပြောင်းပေးအပ် သည်။
ဆက်လက်၍ ဒေါက်တာ မြင့်ကြူက ပြင်ဦးလွင်မြို့နယ်၊
သပိတ် ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် တကောင်းမြို့နယ်ခွဲတို့မှ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန
တာဝန်ရှိသူ များထံ ထပ်ဆင့်ထပ်မံလွှဲပြောင်း ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့ ပေးအပ်လှူဒါန်းသည့် DVB-T2 Set
Top Box ၅၁၃၄ လုံး ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယမန် နှစ်ကလည်း Set Top Box ၃၄၆ဝ၇
လုံးရေကို ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်သည်။
ပြန်ကြားရေး ဝန်ကြီးဌာနအနေ ဖြင့် ပြီးခဲ့သည့်
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ ရေးနှစ်တွင် တစ်နိုင်ငံလုံးအတွက် Set Top Box ၃၂၇၈၆၃ လုံး တန်ဖိုး အားဖြင့်
အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၂၄၅ သန်းဖိုး လှူဒါန်းပေးအပ် ပြီး ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်
တွင် ၇၉၆၉၈ လုံး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၇ သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါ Set Top Box များဖြင့် မြန်မာ့ရုပ်မြင်သံကြားမှ
ထုတ်လွှင့် လျက်ရှိသည့် ရုပ်သံလိုင်း ၁၄ လိုင်း၊ မြဝတီရုပ်မြင်သံကြားစက် တပ်ဆင် ထုတ်လွှင့်လျက်ရှိသည့်
နေရာများတွင် MWD ရုပ်သံလိုင်းကိုလည်း ဖမ်းယူ ရရှိနိုင်မည်ဖြစ်သည့်အပြင် FM ရေဒီယိုလိုင်းများကိုလည်း
ဖမ်းယူ နားဆင်နိုင်မည်ဖြစ်ကြောင်း သိရ သည်။
တင်မောင်၊ အောင်သူရ

No comments:
Post a Comment