နေပြည်တော်
ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်
အတွင်းရှိ စောင်းကောက်ကျွန်း (ဒေသအခေါ် ဒယ်အိုး ကျွန်း)၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာတွင်
ဇွန် ၃ဝ ရက် ည ၁ဝ နာရီခန့်က ဘင်္ဂါလီ လူမျိုး တစ်ဦးအား တပ်မတော်(ရေ)က ဆယ်တင်ရရှိခဲ့ပြီးနောက်
စောင်း ကောက်ကျွန်းဟုယူဆရသော ကျွန်းပေါ်တွင် ဘင်္ဂါလီလူမျိုး များရောက်ရှိနေကြောင်း စစ်ဆေးသိရှိရသဖြင့်
တပ်မတော် ရေမှ စစ်ရေယာဉ်များဖြင့် ဇူလိုင် ၂ ရက်မှစ၍ စောင်း ကောက်ကျွန်း ပတ်လည်ကမ်းခြေနှင့်
အနီးပတ်ဝန်းကျင်ရှိ ကျွန်းများအား ရှင်းလင်းခဲ့ သော်လည်း ရာသီဥတုဆိုးပြီး လှိုင်းကြီးနေသဖြင့်
ရှာဖွေရှင်းလင်းခြင်းလုပ်ငန်းများ ဆိုင်းငံ့ခဲ့ရသည်။
ယင်းနောက် ဇူလိုင် ၉ ရက်တွင် စောင်းကောက်
ကျွန်းအတွင်းပိုင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ ဘင်္ဂါလီ လူမျိုး အမျိုးသား ၄၅ ဦးအားလည်းကောင်း၊
ဇူလိုင် ၁၁ ရက်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၄၉ ဦးအားလည်း ကောင်း၊ ဇူလိုင် ၁၂ ရက်တွင်
ဘင်္ဂါလီလူမျိုး အမျိုးသား ရှစ်ဦးအားလည်းကောင်း စုစုပေါင်း ၁ဝ၂ ဦးကို တွေ့ရှိ ထိန်းသိမ်းခဲ့သည်။
အဆိုပါထိန်းသိမ်းရမိသူများအား စစ်ဆေးရာ
¤င်းတို့ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကျပန်းနှင့်အလုပ်ကြမ်း လုပ်ကိုင်သူများဖြစ်ပြီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦးက လစာကောင်းသည့် အလုပ်အကိုင်ရရှိမည်ဟု စည်းရုံး ပြောဆိုပြီး
မလိုက်လိုသူများအား တုတ်၊ ဓားများဖြင့် ရိုက်နှက်ခြိမ်းခြောက်၍ ခေါ်ဆောင်ခဲ့ကြောင်း၊
၂ဝ၁၅ ခုနှစ် မေလဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အုန်းကျွန်း အနီးမှ လှေကြီးတစ်စင်းဖြင့်ထွက်ခွာခဲ့ရာ
ဇွန်လဆန်းပိုင်း တွင် စောင်းကောက်ကျွန်းသို့ ရောက်ရှိ ခဲ့ကြောင်း၊ ၎င်းတွင် ပွဲစား နှစ်ဦးက
မလေးရှားနိုင်ငံသို့ ပို့ဆောင် ပေးနိုင်ရန် ဘင်္ဂလား ဒေ့ရှ်ငွေ တာကာ နှစ်သိန်းခွဲ ပေးရမည်ဟု
ပြောကြားပြီး မိဘဆွေ မျိုးများနှင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ တောင်းယူဆက်သွယ်ကာ
ငွေမပေးပါက သတ်ပစ်မည့် ပုံစံမျိုး ပြုလုပ် ပြောကြားခဲ့ကြောင်း၊ ၎င်းတို့တောင်းခံသော ငွေများအား
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပွဲစားတစ်ဦးက ငွေပေးမည့် သူများ၏ အိမ်များသို့ ဆက်သွယ်ပြီး
ငွေလက်ခံရရှိကြောင်း ပြန်ကြားသူများကို ပွဲစားနှစ်ဦးက မလေးရှားနိုင်ငံသို့ ဦးစားပေးပို့ဆောင်
မည့် အုပ်စုတွင် သီးခြားခွဲထားကြောင်း၊ ၁ဝ ရက်လျှင် တစ်ကြိမ်ခန့် လှေငယ်ဖြင့် ရိက္ခာများ
လာရောက်ပို့ဆောင် ချိန်တွင် ဦးစားပေးပို့ဆောင်မည့် အုပ်စုမှ လူများကို သယ်ဆောင် သွား
ကြောင်း ကနဦးသိရသည်။
တပ်မတော်က စောင်းကောက် ကျွန်းနှင့် အနီးပတ်ဝန်းကျင်ရှိ
ကျွန်း များအား ဆက်လက်ရှင်းလင်းရှာဖွေ လျက်ရှိပြီး ထိန်းသိမ်းရရှိသည့် ဘင်္ဂါလီလူမျိုး
၁ဝ၂ ဦးအား ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင် ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ
ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:
Post a Comment