Sunday, July 5, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် CP ကုမ္ပဏီ ဥက္ကဋ္ဌနှင့် Mitsubishi ကုမ္ပဏီ ဥက္ကဋ္ဌ တို့အား လက်ခံတွေ့ဆုံ



တိုကျို - ဇူလိုင် ၅
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၈ နာရီတွင် ခေတ္တတည်းခိုသည့် Hotel New Otani ၌ သံရုံးယာယီတာဝန်ခံ သံမှူးကြီး ဦးဝင်းအောင်နှင့် သံရုံး၊ စစ်သံရုံးတို့မှ ၀န်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင်ကျောင်းသား၊ ကျောင်းသူနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက သြ၀ါဒစကားပြောကြားပြီး ၀န်ထမ်းများ၊ မိသားစုဝင်များနှင့် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် နိုင်ငံတော်သမ္မတသည် CP ကုမ္ပဏီ ဥက္ကဋ္ဌ  မစ္စတာ ဒန်နင်း ချာရာဗန်နော့ (Mr. Dhanin Chearavanont) နှင့် ဂျပန်နိုင်ငံ Itochu Corporation ဥက္ကဋ္ဌ မစ္စတာ မာဆာဟီရို အိုကာဖူဂျီ ( Mr. Masahiro Okafuji ) တို့နှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်သီးဝလံများအား တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြည်ပ သို့တင်ပို့ရောင်းချနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နံနက် ၉ နာရီခွဲတွင် မစ်ဆူဘီရှီကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ ကင် ကိုဘာယာရှီ ( Mr. Ken Kobayashi)  အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် သီလ၀ါအထူးစီးပွားရေးဇုန်ဖွံဖြိုးတိုးတက်ရေး၊ တံတားဦး နိုင်ငံတကာလေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့ မြန်မာ့မီးရထားရုံးချုပ်နေရာတွင် စီးပွားရေးအဆောက်အအုံ စီမံကိန်း အကောင် အထည်ဖော် ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 

No comments:

Post a Comment