Sunday, July 5, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကျိုတိုခရိုင်အစိုးရ ၊ မြို့တော်အစိုးရနှင့် ကုန်သည်ကြီးများ အသင်းက တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်


တိုကျို - ဇူလိုင် ၅
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ဟဲခိနန် မှ   နာဂိုယာဘူတာသို့ မော်တော် ယာဉ်များဖြင့်  ရောက်ရှိပြီး   ညနေပိုင်း တွင် နာဂိုယာမှ ကျည်ဆံရထား Nozomi 233 ဖြင့် ဆက်လက် ထွက်ခွာရာ ညနေ  ၅ နာရီ ၁၇ မိနစ်တွင် ကျိုတိုဘူတာသို့ ရောက်ရှိကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ကျိုတိုဘူတာမှ ခေတ္တတည်းခိုမည့် ကျိုတိုနိုင်ငံတော်ဧည့်ဂေဟာသို့ မော်တော် ယာဉ်များဖြင့် ရောက်ရှိကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ကျိုတိုခရိုင် အစိုးရ၊ မြို့တော်အစိုးရ နှင့် ကုန်သည်ကြီး များ အသင်းက ကျိုတိုနိုင်ငံတော်ဧည့်ဂေဟာ၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။

ညစာစားပွဲတွင်  နိုင်ငံတော်သမ္မတ က မိန့်ခွန်းပြောကြားခဲ့သည်။ 

No comments:

Post a Comment