Thursday, July 16, 2015

ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာပေရိပ်မြုံဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး


နေပြည်တော် ဇူလိုင် ၁၆
ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာပေရိပ်မြုံဖောင်ဒေးရှင်းတို့ ပူးပေါင်း၍  ရန်ကုန်မြို့ ကုန်သည်လမ်း အမှတ် (၃၂/၃၉၆) (ယခင်ဂါးဒီးယန်းသတင်းစာတိုက်)ရှိ ပြန်တမ်းဌာနခွဲ  နှစ်ထပ်အဆောက်အဦအား စာပေ ဖွံ့ဖြိုးရေး တွင် အသုံးချနိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ညနေ (၃)နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပ သည်။

ယင်းသို့ ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ၊ အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စာပေရိပ်မြုံ ဖောင်ဒေးရှင်းမှ စာရေးဆရာကြီး ဦးဖေဖြင့် ၊ လယ်တွင်းသား စောချစ် (ဦးတင်လှိုင်) နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စာပေရိပ်မြုံဖောင်ဒေးရှင်းသည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ယခင် ဂါးဒီးယန်းသတင်းစာတိုက် အဆောက်အဦ၌   မြန်မာစာပေဖွံ့ဖြိုး တိုးတက်ရေး အကျိုးအတွက် အထောက်အကူပြု လုပ်ငန်းများဖြစ်သည့် စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ၊ ဟောပြောပွဲများ ၊ စာဖတ်ပွဲများ ၊ ပြပွဲ ပြိုင်ပွဲများ ပြုလုပ်ခြင်း ၊ စာရေးသူ/ ကျမ်းပြုသူ များအတွက် စာရေးရန်နေရာနှင့် စာပေအစုအဖွဲ့များအတွက် ရုံးခန်းနေရာများကို စီစဉ်ဆောင်ရွက်ပေးခြင်း၊ စာအုပ်ဆိုင်နှင့် ကဖေးဆိုင် ဖွင့်လှစ်ခြင်း စသည်တို့ အပါအ၀င် လိုအပ်သည့် အထောက် အကူပြုလုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်ပြီး လိုအပ်သော အသင်း အဖွဲ့စည်းမျဉ်း ရေးဆွဲ ရေးနှင့် အဆောက်အဦ ငှားရမ်းရေး ကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။  

No comments:

Post a Comment