နေပြည်တော် ဇူလိုင် ၁၆
ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး
၇၂ ရက်မြောက် နေ့ကို ယနေ့ ညနေ(၁)နာရီခွဲ တွင်ကျင်းပရာ ဥပဒေကြမ်းသုံးခုမှတ်တမ်းတင်ခြင်း၊
ဥပဒေ ကြမ်းတစ်ခုဖတ်ကြားခြင်း၊ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်
ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် အစီရင်ခံစာနှစ်ခု ဖတ်ကြား ဆွေးနွေးခြင်းတို့ကို
ဆောင်ရွက်ကြသည်။
အစည်းအဝေး၌ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကိုတတိယအကြိမ်ပြင်ဆင်သည့်
ဥပဒေကြမ်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်
ဥပဒေကြမ်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တို့ကို လွှတ်တော်က
အတည်ပြုမှတ်တမ်းတင်ခဲ့သည်။
အလားတူ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့ဝင်
ပြင်ဆင် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုခဲ့သည်။
ဆက်လက်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်
လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍
ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကိုဖတ်ကြားပြီး ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ
အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့်
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာကို
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုဌာနအဖွဲ့အစည်း များ၏
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ်အတွက် ယာယီအမှန်စာရင်းအရ စုစုပေါင်းရငွေလျာထားချက်၏
၉၆ ဒသမ ၈၁ ရာခိုင်နှုန်းရှိခဲ့ပြီး ပထမ(၆)လ ရငွေစာရင်း နှင့် ပေါင်းပါက တစ်နှစ်အတွက်
စုစုပေါင်းရငွေ လျာထားချက်၏ ၉၇ ဒသမ ၉၁ ရာခိုင်နှုန်း ဖြစ်သည်ကိုတွေ့ရှိရပါကြောင်း။
ပြည်ထောင်စုဌာနအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းပြင်ပမှ
ဆောင်ရွက်သော အဖွဲ့အ စည်းများသည် ရငွေအပိုင်း၌ ပြင်ပအကူအညီရငွေများ၊ ချေးငွေ များဖြင့်
အကောင် အထည်ဖော် ဆောင်ရွက် မည့်လုပ်ငန်းများတွင် ပြင်ပအကူအညီရငွေများ၊ ချေးငွေများလျာထားသည့်အတိုင်း
အပြည့်အ၀မရရှိသေးခြင်း၊ ပြည်ပမှ ပစ္စည်းများအချိန်မီ ရောက်ရှိမှုမရှိခြင်းများကို တွေ့ရှိရသဖြင့်
အမှန်တကယ်ရရှိနိုင်မည့်ငွေကိုသာ လျာထား ရန်နှင့် လျာထားချက်အတိုင်းရရှိ၊ သုံးစွဲနိုင်ရေး
ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ် တွေ့ရှိရပါကြောင်း။
အသုံးစရိတ်အပိုင်း၌ ငွေလုံးငွေရင်းအသုံးစရိတ်များသုံးစွဲရန်
ခန့်မှန်းရာတွင် ပထမ (၆)လပတ်အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေနှင့်
ဒုတိယ(၆)လပတ်အတွင်း လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေ တို့အား စနစ်တကျစိစစ်ခန့်မှန်းရန်
လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ပထမ (၆)လပတ် အတွင်း အချို့ဝန်ကြီးဌာနများမှာ တင်ဒါခေါ်ယူဆဲဖြစ်ခြင်း၊
စက်ပစ္စည်း ကြီးကြပ်မှုကော်မတီ နှင့် တည်ဆောက်ရေးကော်မတီတို့၏ ခွင့်ပြုချက်များရယူဆောင်ရွက်ရခြင်းတို့ကြောင့်
လျာထားချက်ပြည့်မီအောင် မဆောင်ရွက်နိုင်ပါက မူလလျာထားစဉ်ကပင် ဒုတိယ(၆)လ ပတ်တွင် ထည့်သွင်းလျာထားသင့်သည်များကို
ထည့်သွင်းလျာထားရမည် ဖြစ်ပါကြောင်း။
ယခုတင်ပြခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်
ဒုတိယ(၆)လပတ်အတွက် ပြည်ထောင်စုဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ အစီရင်ခံစာပါ ရငွေနှင့် အသုံးစရိတ်
ကိန်းဂဏန်းများသည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးစဉ်တွင် ကောက် ယူထားသည့် ယာယီအရ အသုံးစာရင်း
များသာ ဖြစ်ခြင်းကြောင့် စာရင်းစစ်အတည်ပြုပြီးသည့် အမှန် စာရင်းများ ရရှိသည့်အခါ အမှန်ကိန်းဂဏန်းများအပေါ်
ထပ်မံသုံးသပ်တင်ပြသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြသည်။
အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏
လေ့လာ တွေ့ရှိချက်နှင့် သဘော ထားမှတ်ချက်အစီရင်ခံစာကိုဖတ်ကြားရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ
အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့အတူ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ
ပေးပို့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပထမ ၆ လအတွက်
ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးစာရင်းများကိုစစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်
များ၊ စာရင်းစစ်ကန့်ကွက်ချက်များနှင့် အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်းသည့်
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စား လှယ်လေးဦးက ဆွေးနွေးခဲ့ကြသည်။
ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဒေါ်စန္ဒာမင်းက၂၀၁၃-၂၀၁၄မှ
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပထမ(၆) လပတ် ကာလအတွင်း ရငွေနှင့် သုံးငွေပေါ်တွင် ၅၇ ဒသမ ၈၄ ရာခိုင်နှုန်း
စစ်ဆေး နိုင်ခဲ့ပြီး နိုင်ငံတော်၏ ဆုံးရှုံးနစ်နာငွေကျပ် ၂၂ ဒသမ ၆၉၉ ဘီလီယံကို ဖော်ထုတ်စစ်ဆေး
နိုင်ခဲ့ပါကြောင်း၊ ၎င်းဆုံးရှုံးမှုများအနက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည်
နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိ သည့်ငွေမှ ငွေကျပ်သန်းပေါင်း ၃၁၇၉၃ သန်းဖြင့်
အများဆုံးပေးသွင်းရန် ကျန်ရှိပါကြောင်း၊ ပညာရေး ၀န်ကြီးဌာနသည် ဘဏ္ဍာရေးစည်းမျဉ်းလုပ်ထုံးလုပ်နည်းနှင့်အညီ
ဆောင်ရွက်မှုအားနည်းခြင်းများကို စာရင်းစစ်ချုပ်ရုံး၏ ကန့်ကွက်ချက်များ၌ တွေ့မြင်နေရသည့်
အကြောင်းအချင်းရာများကို ပြုပြင်ဆောင်ရွက် သွားရန် အကြိမ်ကြိမ်သတိပေးသော်လည်း လျော့နည်းသွားမှုနည်းပါ
ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက်
ထုတ်ယူခဲ့သော ကျပ်သန်း ၁၀၀ ကို မည်သည့် ခေါင်းစဉ်များသို့ လွှဲပြောင်းသုံးစွဲခဲ့သည်ကို
ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြ ပေးစေလိုပါကြောင်း ဆွေးနွေးသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၏
ဆွေးနွေးချက်များအပေါ် ပြန်လည် ဖြေကြားခဲ့သည်။

No comments:
Post a Comment