Thursday, July 16, 2015

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းအား မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Dr. Ito Sumardi ဦးဆောင်၍ Principat of Indonesia International School Yangon (IISY) မှ ကျောင်း အုပ်ကြီး ပါဝင်သောအဖွဲ့ လာရောက်တွေ့ဆုံ


နေပြည်တော် ဇူလိုင် ၁၆
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းအား ယနေ့ နံနက် ၁၀ နာရီတွင် အမျိုးသား လွှတ်တော် ရေးရာဆောင် (I-20) ၌ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Dr. Ito  Sumardi ဦးဆောင်၍ Principat of  Indonesia  International  School Yangon (IISY) မှ ကျောင်းအုပ်ကြီးနှင့်အဖွဲ့ လာရောက် တွေ့ဆုံ သည်။


အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီ၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင် ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်တင်၊ ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ဦးနုနှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပုဂ္ဂလိကပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။ 

No comments:

Post a Comment