ရန်ကုန်
- ဇူလိုင် ၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဦးဉာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့် တို့သည် ယနေ့ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်
ပြည်လမ်း ရှိ အမေရိကန် သံအမတ်ကြီး နေအိမ်၌ကျင်းပသည့် အမေရိကန်နိုင်ငံ၏ (၂၃၉) ကြိမ်မြောက်
လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် ချီးမြှင့် သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊
ဒုတိယ၀န်ကြီး ဦးသန့်ကျော်၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များ၊
သံရုံးယာယီတာဝန်ခံ များနှင့် စစ်သံမှူးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်
များနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ဒုတိယသမ္မတနှင့် ဧည့်သည်တော်များသည်
နှစ်နိုင်ငံ နိုင်ငံတော် အလံကို အလေးပြုကြ သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး
မစ္စတာ ဒဲရစ်မစ်ချယ် က နှုတ်ခွန်းဆက် အမှာ စကား ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီးနှင့် တက်ရောက်လာကြသော
ဧည့်သည်တော်များအား အမေရိကန် နိုင်ငံသံ အမတ်ကြီးနှင့်ဇနီးတို့က ညစာ စားပွဲဖြင့် တည်ခင်း
ဧည့်ခံခဲ့သည်။


No comments:
Post a Comment