Saturday, July 4, 2015

လယ်ယာထွက်ကုန်များ ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ရေး၊ ဆန်စပါးထုတ်လုပ်မှုအ ရည်အသွေးမြှင့်တင်ရေးဆွေးနွေး




တိုကျို ဇူလိုင် ၃
ဂျပန်နိုင်ငံ တိုကျိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ ကိုမဲအိတို ပါတီဥက္ကဋ္ဌ Mr. Natsuo Yamaguchi တို့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ခေတ္တ တည်းခိုသည့် Hotel New Otani ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချ ရေး၊ သဘာဝဘေးဒဏ်ကာကွယ်ရေး၊ နာဂစ်မုန်တိုင်း ဒဏ်ခံဒေ သများ ပြန်လည် ထူထောင်ရေး၊ မြန်မာ-ဂျပန် ဥပဒေပြုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။

ကိုမဲအိတို ပါတီသည် ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးခေါင်းဆောင် သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ညွန့်ပေါင်းအစိုးရတွင် ပါဝင်သော ပါတီဖြစ်သည်။
တွေ့ဆုံပွဲတွင် ကိုမဲအိတို ပါတီဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များကို ထောက်ခံ ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် နိုင်ငံတော်သမ္မတနှင့် မစ်ဆူအီ ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Mr. Ambe Shintaroနှင့်အဖွဲ့တို့ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် စွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာ ထွက်ကုန်များ ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ရေး၊ ဆန်စပါးထုတ်လုပ်မှု အရည်အသွေးမြှင့်တင်ရေး၊ ရထားပို့ဆောင် ရေးကဏ္ဍ အဆင့်မြှင့်တင်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
မစ်ဆူအီကုမ္ပဏီသည် ၁၉ဝ၇ ခုနှစ်ကပင် မြန်မာနိုင်ငံ၌ ရုံးခန်းဖွင့်လှစ်ပြီး မြန်မာ့ဆန်များကို ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံ များသို့ တင်ပို့ခဲ့သည်။ နိုင်ငံတော် အစိုးရသစ်တာဝန်ယူပြီးချိန်တွင် မြန်မာနိုင်ငံ၌ ရုံးပြန်လည်ဖွင့် လှစ်ပြီး ရင်းနှီး မြှုပ်နှံမှုများ လုပ်ဆောင်လျက်ရှိသည်။ ၂ဝ၁၄ ခုနှစ်တွင် မစ်ဆူအီကုမ္ပဏီနှင့် ပြည်တွင်းလုပ်ငန်း ရှင်များပူးပေါင်းပြီး ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ဆန်များကို ဂျပန်နိုင်ငံသို့ စတင်တင်ပို့နိုင် ခဲ့သည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် Hotel New Otani ၌ကျင်းပသည့် မဲခေါင်-ဂျပန် Parliamentary Friendship Association ၏ အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

No comments:

Post a Comment