တိုကျို ဇူလိုင် ၃
မြန်မာဖက်ရှင်နှင့် လက်မှု ပညာ ပြပွဲကို
ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၅ဝ တွင် တိုကျိုမြို့ရှိ Minamiaoyama IDOL၊
၌ ကျင်းပ ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ သွားရောက် ကြည့်ရှုလေ့လာ ကြသည်။
အဆိုပါပြပွဲသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်
မစ္စတာ ရှင်ဇိုအာဘေးနှင့် ဇနီး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံဆိုင်ရာ
မြန်မာသံရုံးမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ လာရောက်လေ့လာ ကြသည်။
ရှေးဦးစွာ ပြပွဲဖွင့်ပွဲအခမ်းအနား ကိုကျင်းပရာ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးတို့က
မိန့်ခွန်း ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည်
မြန်မာ ဖက်ရှင်နှင့် လက်မှုပညာပြပွဲအတွင်း ခင်းကျင်းပြသ ထားသော ပြခန်း များကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်ပြီး မြန်မာဖက်ရှင်နှင့် လက်မှုပညာပြပွဲတွင်
တာဝန်ရှိသူ များက တက်ရောက်လာကြသူများ အား လက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခဲ့သည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
မဲခေါင်ဒေသခွဲ နိုင်ငံ များမှ အစိုးရအဖွဲ့အကြီးအကဲများနှင့် အတူ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်
မစ္စတာ ရှင်ဇိုအာဘေးက ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အိမ်တော်၌ တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့
တက် ရောက်ခဲ့သည်။

No comments:
Post a Comment