Saturday, July 4, 2015

သတင်းမီဒီယာ နည်းဥပဒေအရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေး





ရန်ကုန် ဇူလိုင် ၃
သတင်းမီဒီယာ နည်းဥပဒေ ၅ နည်းဥပဒေခွဲ (က) နှင့် (ခ)တို့အရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကို တရားမျှတ မှန်ကန်မှုနှင့် စနစ် တကျဖြစ်စေရန် ဖွဲ့စည်းနိုင်ရေး ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) တို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ယုဇနတာဝါရှိ မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ(ယာယီ) အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက သတင်းမီဒီယာ နည်းဥပဒေများအရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က လိုအပ်ချက်များကို ဆွေး နွေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာန အနေဖြင့် လိုအပ်ချက်များကို ပေါင်း စပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးရဲတင့်က မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ ရွေး ချယ်တင်မြှောက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေးနှင့် တက်ရောက် လာကြသူများက မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ ဖွဲ့စည်းနိုင်ရေး အတွက် လိုအပ်ချက်များနှင့် ဆက် လက်ဆောင်ရွက်မည့် အစီအစဉ် များကို အသေးစိတ်ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။

No comments:

Post a Comment