နေပြည်တော်
ဇူလိုင် ၁၇
ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၆၈)နှစ်မြောက်
အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်စား (၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီနာယက
ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုမည်ဖြစ်သည်။
ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၌ ကျင်းပမည့်
(၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို မြန်မာ့ရုပ်မြင် သံကြား News Channel၊ Entertainment
Channel နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ နံနက် ၇ နာရီ ၄၅ မိနစ်မှ စတင်ပြီး တိုက်ရိုက်(Live)ရိုက်ကူးထုတ်လွှင့်
ပြသသွားမည်ဖြစ်သည်။
ထို့အပြင် နံနက် ၁၀ နာရီ ၃၆ မိနစ်မှ စတင်ပြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား စစ်ခရာဖြင့် အလေးပြုဂါရ၀အစီ
အစဉ်ကို ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး အဆိုတော် မေလှမြိုင်၏ “အလေး ပြုပါတယ်” ဂုဏ်ပြုတေးကိုလည်း
ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ ထုတ်လွှင့်မည်ဖြစ် ကြောင်း သိရှိရသည်။
No comments:
Post a Comment