နေပြည်တော် ဇူလိုင် ၁၈
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး
လုပ်ငန်းကော်မတီ အစီအစဉ်အရ နယ်စပ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ “ဝ”ဒေသ သံဃာတော် များအား
(၁၈)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက်(၉)နာရီတွင်
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့ရှိ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မက်မန်းမြို့
ပညာ ဒီပကျောင်းတိုက် ဆရာတော်သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိထံမှ ဧည့်ပရိသတ်တို့က ကိုးပါးသီလ
ခံယူဆောက်တည် ကြသည်။
ဆက်လက်၍ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး
လုပ်ငန်းကော်မတီမှ သင်္ကန်းအစုံ(၅၀၀)နှင့် ရှင်သာမဏေဝတ်ဒွိစုံ အစုံ (၁၂၆၀)တို့ကိုလည်းကောင်း၊
တန့်ယန်းမြို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံစိန်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ
ရှင်သာမဏေဝတ်ဒွိစုံ အစုံ(၅၀)ကိုလည်ကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ လှူဒါန်းသော
ရှင်သာမဏေဝတ်ဒွိစုံ အစုံ(၅၀)နှင့် စစ်ဗျူဟာ(အခြေချ)တန့်ယန်းမှ လှူဒါန်းသော ရှင်သာမဏေဝတ်ဒွိစုံ
(၅၀)စုံကိုလည်းကောင်း၊ “ဝ”အထူးဒေသ(၂)၊ ပန်ဆန်း အထူး မြို့နယ်မှ ရှင်သာမဏေဝတ်ဒွိစုံ(၅၀)စုံတို့ကိုလည်းကောင်း၊
ပြည်နယ် သာသနာရေးမှူးမှ ရှင်သာမဏေ ဝတ်ဒွိစုံ(၅၀)စုံကိုလည်းကောင်း၊ ကုမ္ပဏီများမှ လှူဒါန်းသော
ရှင်သာမဏေ ဝတ်ဒွိစုံ (၅၅၁)စုံ တို့ကို လည်းကောင်း တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တန့်ယန်းမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားမြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်း
များက နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တန့်ယန်းမြို့ ကိုင်းကုန်း
ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တကုသလထံမှ အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ
ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားရုပ်သိမ်းခဲ့သည်။

No comments:
Post a Comment