Monday, July 13, 2015

ကျောက်ဖြူမြို့နယ် ကျေးရွာရန်ပုံငွေ စီမံကိန်းကျေးရွာမှဒေသခံများ ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာ


ကျောက်ဖြူ  ဇူလိုင် ၁၂

မြန်မာနိုင်ငံတွင်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်ကျေးလက်ဒေသရန်ပုံငွေ စီမံကိန်းများအကောင် အထည်ဖော်ရာတွင် အထောက် အကူဖြစ်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ ကျောက်ဖြူမြို့နယ်ရှိ ကျေးလက်ဒေသရန်ပုံငွေ ထူထောင် ရေးစီမံကိန်း ကျေးရွာများမှဒေသခံ ပြည်သူများသည် CITIC (The Chaia International Trust andInvestment Corporation) ၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံရှိ အောင်မြင်ပြီး ကျေးလက်ရန်ပုံငွေ စီမံကိန်းများသို့ ဇူလိုင် ၆ ရက်မှ ၁ဝ ရက်အထိလေ့လာ ရေးခရီး သွားရောက်ခဲ့ကြောင်း သိရသည်။


ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလင်း ဦးဆောင်သည့် ကျေးရွာ ၂၅ ရွာမှဒေသခံပြည်သူ ၅ဝ ပါဝင်သောလေ့လာရေးအဖွဲ့ကို ကြိုဆို ခဲ့ကြောင်း၊ CP အစာထုပ် စက်ရုံ၊ CP ကြက်သားထုပ်စက်ရုံ၊ ဆန်စက် များ၊ စပါး၊ ငါး၊ ဆီအုန်း စိုက်ပျိုးမွေးမြူ ရေး စင်တာများ၊ CP မျိုးမြှင့် စပါး သုတေသနသင်တန်းကျောင်း၊ ကျေးရွာ ရန်ပုံငွေ စီမံကိန်းအောင်မြင်ပြီး စိုက်ပျိုးရေး စံပြကျေးရွာများသို့ သွားရောက် လေ့လာခဲ့ကြကြောင်း သိရသည်။

''အခုလို ထိုင်းနိုင်ငံကို ကျောက်ဖြူမြို့နယ်ကလေ့လာရေးခရီး သွားတာ ဒုတိယအကြိမ်ပါ၊ ပထမ အကြိမ်တုန်းကလည်း စီမံကိန်း ကျေးရွာတွေထဲက အယောက် ၅ဝ ကိုလေ့လာရေးခရီးလွှတ်ခဲ့ပြီးပါပြီ''ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ပြောသည်။


CITIC အနေဖြင့် ''သင်နှင့် CITIC တို့နှင့်အတူတကွပျော်ရွှင် ချမ်းမြေ့သော ဘဝကိုတည်ဆောက်ကြ ပါစို့''ဟူသော ဆောင်ပုဒ်နှင့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများတွင် ပါဝင် ကူညီနိုင်ရေးအတွက် ကျောက်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာ ၅ဝ ကို ရွေးချယ်လျက် တစ်ရွာလျှင် ငွေကျပ်သိန်း ၃ဝဝ နှုန်းဖြင့် ရန်ပုံငွေ ထူထောင်ပေးထားပြီး အဆိုပါ ကျေးလက်ရန်ပုံငွေ စီမံကိန်းအတွက် လိုအပ်သည့် နည်းပညာများကို CP Group က ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း၊ အောင်မြင်ပါက မြန်မာနိုင်ငံ ရှိအခြားကျေးရွာများကို ဆက်လက် ပံ့ပိုးကူညီ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း CITIC Group မှ Mr. Frank Ma Chuanfu က ပြောသည်။ 

No comments:

Post a Comment