နေပြည်တော် ဇူလိုင် ၁၂
ရခိုင်ပြည်နယ်တွင် ဇွန်နောက်ဆုံးအပတ်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့်
မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ
လှူဒါန်းသော ရေဘေးသင့်ပြည်သူများအတွက် လတ်တလော လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကို
ရန်ကုန်မြို့မှတစ်ဆင့် တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ရာ ယနေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင်
စစ်တွေလေဆိပ်သို့ ရောက်ရှိသည်။
ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌
ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊
တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်
ကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်နှင့်တာဝန် ရှိသူများက
ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးထံ ထောက်ပံ့ရေးပစ္စည်းများ ဖြစ်သော စောင်အထည် ၄၀၀၀၊
ခြင်ထောင်အထည် ၄၀၀၀၊ စားဆီ ၁၆ ပီပါ၊ ဆန်အိတ် ၂၀၀၀၊ ပဲ ၁၂၀ အိတ်၊ Solar မီးအိမ် ၇၀၀
ခု၊ Family Kit ၇၀၀ ထုပ် တို့အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment