တောင်ကြီး ဇူလိုင် ၁၂
ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြီးကြပ်မှု
ကော်မတီ၏ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၁ဝ ရက် မွန်းလွဲ ၂ နာရီက
ရှမ်းပြည်နယ် သစ်တော ဦးစီးဌာန ရတနာသစ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်
သစ်တောနှင့်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ''ကျွန်တော်တို့လူသားတွေ
အပါအဝင် သက်ရှိအားလုံးဟာ
မိမိတို့ဘဝ ရှင်သန် ရပ်တည်နိုင်ရန်အတွက် အထူးသဖြင့် အခြေခံစားဝတ်နေရေးနှင့် မိမိတို့
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် သဘာဝသယံ ဇာတအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်ကို
အမှီသဟဲ ပြုနေကြရခြင်းကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် အလွန်အရေးကြီးကြောင်း ပြောကြားသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြီးကြပ်မှု
ကော်မတီဝင်များသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ကြရမည့်
ခေါင်းဆောင်များ ဖြစ်ကြသဖြင့် သစ်တောထိန်းသိမ်းရေး၊ သဘာဝသယံဇာတများ တူးဖော် ထုတ်လုပ်ခြင်းကြောင့်
ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများအား လျှော့ချနိုင်ရေးတို့အတွက် ရလဒ်ကောင်း
များဖော်ဆောင်နိုင်ရန် "The leader knows the way, shows the way and goes
the way" ဆိုသည့်အတိုင်း နည်းလမ်းများ ကိုသိရှိရန်၊ ပြသရန်နှင့် နည်းလမ်းအတိုင်း
လိုက်နာဆောင်ရွက်သွားကြရန်နှင့် စံနမူနာပြအဖြစ် ဆောင်ရွက်သွားကြရန် ပြည်နယ်ဝန်ကြီးက
ဆက်လက်ပြောကြားသည်။
ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိန်မမက ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြီးကြပ်မှု
ကော်မတီဖွဲ့စည်းပုံများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်း၍လည်းကောင်း၊ ရှမ်းပြည်နယ်
သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ရှမ်းပြည်နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းနှင့်
သဘာဝ သစ်တောများ၊ အင်းလေးကန်၏ ပတ်ဝန်းကျင် ထိန်းသိမ်းမှုများကို အသေးစိတ်ရှင်းလင်း တင်ပြကြသည်။
တက်ရောက်လာကြေသော ပြည်နယ်အဆင့်ဌာန ဆိုင်ရာများကလည်း မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို
တင်ပြဆွေးနွေးခဲ့ကြသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ကြီးကြပ်မှုကော်မတီဝင်များအား အသစ်ပြန်လည်ဖွဲ့စည်း၍ ကော်မတီဝင်များကလည်း ပါဝင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ရှမ်းပြည်နယ်
ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊
ရှမ်းတိုင်းရင်းသား၊ ဓနုတိုင်းရင်းသား၊ အင်းတိုင်း ရင်းသား၊ အရပ်ဘက် အဖွဲ့အစည်းများ
စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

No comments:
Post a Comment