တွေ့ဆုံမေးမြန်း-ဆုနှင်းလဲ့
အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့်
အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဘဏ္ဍာရေးနှင့်
အခွန်တော်ဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော သခင်မြ၏ မွေးစား သမီးကြီးဖြစ်သူ ဒေါ်ခင်ဆွေဝင်း
ကိုလည်း ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ချင်းတွင်း လမ်းရှိ မြဂေဟာတွင် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။
သခင်မြသည် သားသမီးမထွန်းကားခဲ့ဘဲ
တူတူမများကို သားသမီးကဲ့သို့ အထူးချစ်ခင်နှစ်သက်ခဲ့ပြီး မွေးစားခဲ့ခြင်းဖြစ်သည်။ သခင်မြလုပ်ကြံခံ
ရချိန်တွင် မွေးစားသမီး ကြီးဖြစ်သူ ဒေါ်ခင်ဆွေဝင်းသည် သုံးနှစ် ခန့်အရွယ်သာ ရှိသေးသည်။
သခင်မြ၏ ဇနီးဖြစ်သူ
အမေညွန့်က အမွေစား အမွေခံအဖြစ် မွေးစားခဲ့သောသား ဦးရဲမြင့်အောင် (ဒေါ်ခင်ဆွေဝင်း၏ မောင်)မှာ
သခင်မြကွယ်လွန်အပြီး တစ်ပတ်အကြာတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။
ဒေါ်ခင်ဆွေဝင်းတို့
မောင်နှမလေးယောက်ကို အမေညွန့်က အင်မတန် ချစ်ခင်မြတ်နိုးပြီး ဒေါ်ခင်ဆွေ ဝင်း၏ မိဘများမှာ
သခင် ခင်အောင်နှင့် ဒေါ်မာမာကြည် တို့ဖြစ်သည်။ နိုင်ငံရေး မျိုးဆက်ဖြစ်သော်လည်း နိုင်ငံရေး၏
အလှည့်အပြောင်းကံကြမ္မာ များအတွင်း ကြံ့ကြံ့ ခံရင်း ပညာများကို တတ်အောင်သင်ကြားကာ ပညာဖြင့်
ပင် အသက်မွေး ဝမ်းကျောင်းပြုခဲ့သူများဖြစ်သည်။
အာဇာနည်ခေါင်းဆောင်ကြီးများ
လုပ်ကြံခံလိုက် ရသည့်အတွက် အဖမဲ့ သွားသော မိသားစုများ၏ အားကိုးရာသည် ပညာကို တတ်မြောက်အောင်
သင်ကြားရင်း ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်အောင် ကြိုးစားခဲ့သည်ဟု အသက် ၇၁ အရွယ်ရှိပြီ
ဖြစ်သည့် ဒေါ်ခင်ဆွေဝင်းက ပြောသည်။ အာဇာနည် ခေါင်းဆောင်ကြီး သခင်မြ၏ မျိုးဆက် အမွေဆက်ခံခဲ့သော
ဒေါ်ခင်ဆွေဝင်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည် များကို ပြန်လည်ကောက်နုတ်ဖော်ပြလိုက်ပါသည်-
မေး - အာဇာနည်ခေါင်းဆောင်ကြီး
သခင်မြရဲ့မိသားစုအကြောင်း ပြောပြပေးပါ။
ဖြေ - ဘဘ သခင်မြနဲ့
ကြီးကြီးဒေါ်ကြည်ညွန့်က သား သမီး မရှိပါဘူး။ ဒါပေမယ့် အန်တီတို့ မောင်နှမတွေကို မွေးစားထား
တာပါ။ မောင်လေးကိုတော့ ကြီးကြီးက အမွေစားအမွေခံ မွေးစားလိုက်တယ်။ ဘဘ ဆုံးပြီး တစ်ပတ်
အကြာမှာ မောင်လေး ကိုမွေးတော့ ကြီးကြီးနဲ့ အန်တီတို့အမေနဲ့က ညီအစ်မ ဆိုတော့ သူ့ညီမလေး
ကိုလည်း အလွန်ချစ်တယ်။
အန်တီတို့အဖေက သခင်ခင်အောင်၊
ဘဘမြရဲ့ တိုင်ပင်ဖော်၊ တပည့်လည်း တပည့်ပေါ့။ သိပ်ချစ်တယ်။ ဖေဖေနဲ့ မေမေတို့ကို ဘဘတို့ကပဲ
လက်ထပ်ပေးတာ။ လက်ထပ်ပြီးတော့လည်း မခွဲဘဲနဲ့ အတူတူ နေခဲ့ကြတာ။ အန်တီတို့လည်း သူ့တို့လက်ထဲမှာပဲ
ကြီးတယ်။ အန်တီ့ မောင်လေး ကိုရဲမြင့်အောင်ကို ဘဘသခင်မြရက်လည်တဲ့ နေ့မှာ မွေးတယ်။ အန်တီတို့
မောင်နှမ လေးယောက်ကို ဘဘမရှိ ကတည်းကမျက်စိအောက်က အပျောက်မခံခဲ့ဘူး။ အန်တီတို့ အနေနဲ့ကလည်း
ကျေးဇူးရှင်ကြီး တွေဖြစ် တဲ့အတွက် နှစ်တိုင်းပဲဘဘတို့၊ အမေတို့အတွက် ဆွမ်းကျွေး ကြတယ်။ဘဘတို့
အတွက်ရည်စူးပြီး အမျှဝေကြတယ်။ အန်တီတို့က မွေးလာတဲ့ ကလေးတွေကို ဒီကျေးဇူးရှင်ကြီးတွေကိုဘယ်တော့မှမမေ့ရဘူး။
နှစ်တိုင်း အာဇာနည်နေ့ရောက် တိုင်း ဆွမ်းကျွေးရမယ်လို့ မှာထားပါတယ်။မေမေညွန့်က ဘဘအကြောင်း
အမြဲပြောပြလို့ နားရည် ၀နေပါတယ်။ ဘဘက အမြဲအေးချမ်းပြီး အမြဲပြုံးနေတတ်တယ်။ အောက်လက်ငယ်သားတွေအပေါ်မှာ
သိပ်ရည်မွန် တယ်။ ကျောသားရင်သား မခွဲခြားဘူး။ ထမင်းစားရင်တောင် ငါဝန်ကြီး ဆိုပြီးမရှိဘူး။
အတူတူလာစားကြဆိုပြီး တပည့် တပန်းတွေနဲ့ ပျော်ပျော်နေ တယ်။ သူ့ဇနီးလည်း ဒီအတိုင်း ပဲ။
စိတ်တူကိုယ်တူ။ မေမေညွန့်က ဘဘကို ပါရမီဖြည့်တယ်။
ဘဘ ရွေးကောက်ပွဲတွေမှာ
အရွေးခံပြီဆိုရင် ဟိုတုန်းက ဝန်ကြီးတွေဟာ ကိုယ်ကျိုးမရှိဘူး။ သူတို့ရဲ့ ပိုက်ဆံကိုစိုက်ထုတ်ပြီး
ရွေးကောက်ပွဲကို အမတ်တွေ၊ ဘာတွေဝင်အရွေးခံတယ်။ ပိုက်ဆံလိုတော့ မေမေညွန့်က သူ့ရဲ့ရတနာတွေ
ရောင်းရောင်းပြီး တော့ ပါရမီဖြည့်တယ်။မေမေညွန့်  က နောက်တော့ ပြောတယ်။
သမီးတို့ကိုဘယ်တော့မှ
နိုင်ငံရေးသမားနဲ့ မပေးစားတော့ဘူး။ နင်တို့အဘဆို ဘယ်လောက်ပဲ တိုင်းပြည်အတွက် ကောင်းအောင်လုပ်လုပ်
သူများသတ်တာ ခံသွားရတယ်လို့ဆိုတယ်။
မေး - ၁၉၈၈ နောက်ပိုင်း
အာဇာနည်နေ့ ကျင်းပခဲ့ပုံ တွေနဲ့ ပတ် သက်ပြီး ခံစားချက်တွေ ပြောပြပေး ပါအန်တီ။
ဖြေ - ၁၉၈၈ နောက်ပိုင်းမှာ
အာဇာနည်ခေါင်းဆောင် ကြီးတွေရဲ့ မိသား စုတွေဟာ ပစ်ပယ်ခံရ သလို ဖြစ် သွားတယ်။ ပြည်ဖုံး
ကားချထားတယ်။ ဘယ်သူမှ အရေးမလုပ်ဘူး။ အာဇာနည်နေ့ဆိုတာ မကောင်းတတ်လို့ လုပ်တဲ့ပုံမျိုးပေါ့။
အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေအားလုံး ရင်ထဲမှာ အတူတူခံစားရတယ်။ ကျေးဇူးရှင်ခေါင်းဆောင်ကြီးတွေ
တိုင်းပြည် အတွက် ဘယ်လောက်ပဲ အနစ်နာခံလုပ်သွားလုပ်သွား၊ အာဇာနည် နေ့ဆိုတာ စာတန်းလေးတောင်
ပါမလာဘူး။ ဟိုတုန်းက မာမာအေး ဆိုထားတဲ့ အာဇာနည်နေ့နဲ့ပတ်သက်တဲ့ သီချင်းတွေ၊ တင်တင်မြတို့ဆိုတာတွေ
ပျောက်သွားတယ်။
ကြေးမုံသတင်းစာတို့၊
ဘာတို့ဆိုတာ ထည့်ခွင့် မရခဲ့ဘူးလေ။ အာဇာနည်နေ့ တို့မမေ့၊ အာဇာနည်နေ့ ရောက်ဖို့ ဘယ်နှရက်
လိုပါသေးတယ်ဆိုတဲ့ စာတမ်းတောင် မပါလာတော့ဘူး။ ထို့အတူပဲ အာဇာနည်နေ့ ကျတော့လည်း အဖြစ်လုပ်တယ်။
အန်တီတို့ မိသားစုတွေဆိုတာ အာဇာနည်နေ့ တစ်နေ့တည်းမှာပဲ မိသားစုချင်းတွေ ဆုံကြရတာပါ။
မေး - အာဇာနည်ခေါင်းဆောင်ကြီး
သခင်မြရဲ့ ဆိုဆုံးမ ခဲ့တာတွေကို လက်ဆင့် ကမ်းခဲ့တာမျိုး ရှိပါသလား။
ဖြေ - မေမေညွန့်က
အမြဲပြောတယ်။ သမီးတို့ ဘဘကို ချစ်ရင် ဘဘမြလို စိတ်မျိုးကျင့်ကြံရမယ်။ ကိုယ်ကျိုး ကို
မကြည့်ရဘူး။ အဲဒါကို အမြဲရိုက် သွင်းခဲ့တော့ အန်တီတို့မောင်နှမတွေအားလုံးကို တော်ရုံတန်ရုံ
တင်းတိမ်ရမယ်။ ဘဘမြက လောဘမရှိရဘူး။ ကိုယ်ကျိုးမကြည့်ရဘူး။ အထက်ကို မကြည့်နဲ့၊ အောက်
ကိုကြည့်။ ကိုယ့်ထက်ဒုက္ခရောက်တဲ့သူတွေ အများကြီး ရှိတယ်လို့ပြောတယ်။ အဲလိုပဲ နေခဲ့တဲ့အတွက်ကြောင့်
တော်ရုံတန်ရုံ တင်းတိမ်ပါတယ်။
မေး - အန်တီ သုံးနှစ်သမီးအရွယ်က
ဘဘမြဆုံးတာဆိုတော့ ယနေ့ အချိန်အထိ အန်တီ တက်ဖြစ်ခဲ့တဲ့ အာဇာနည်နေ့ အခမ်း အနားမြင် ကွင်းတွေကို
ပြောပြပေးပါ။
ဖြေ - အာဇာနည်နေ့ကို
အန်တီ အမြဲတက်တယ်။ မေမေညွန့်ရှိ တုန်းက အန်တီက မေမေညွန့်နဲ့ အမြဲလိုက် ရတယ်။ မေမေညွန့်
မရှိတော့ အန်တီတို့ မောင်နှမတွေ အမြဲတက်တယ်။ အထူးသဖြင့်တော့ အန်တီရယ်၊ ဦးရဲမြင့်အောင်ရယ်၊
ညီမလေး အေမီ အောင်ရယ် တက်ကြတယ်။ ဒီနှစ်တော့ အန်တီက ကိုယ်လည်း အသက်ကြီးပြီ၊ ညီမတို့
မောင်နှမနှစ်ယောက် တက်ကြမယ်၊ မောင်အငယ်လေးက ကားမောင်းပြီး ပို့မယ်။
ဒီအခမ်း အနားတက်ရတာလည်း
မလွယ်ပါဘူး။ အကုန်လုံးစစ်ဆေးတာ။ ဒီအစိုးရလက်ထက်မှာ အရင်ကလိုတော့ မစစ်တော့ဘူး။ ဟိုတုန်းကဆိုရင်
ပန်းခွေကို ကြိုပို့ရတယ်။ သွားပေးရတယ်၊ သွားစစ်ရတယ်။ ပန်းခွေပေးတဲ့သူရဲ့ မှတ်ပုံတင်
တွေဘာတွေ စစ်တယ်။ မိုင်းတွေဘာတွေရှာတယ်။ ပန်းခွေကို စစ်ပြီးတဲ့ အခါမှာ ပြန်ပါတော့ဆိုမှ
ပြန်ရတယ်။ နောက်တစ်နေ့မှာ သူတို့ပြောတဲ့အချိန်လာရတယ်။ မေမေညွန့်နဲ့အတူတူ တက်ခဲ့တဲ့အချိန်တုန်းက
ဦးနုတို့၊ မန်းဝင်းမောင်တို့လက်ထက်ဆိုတော့ တော်တော်လည်း အရေးပေးပါတယ်။ ဦးနုတို့၊
မန်းဝင်းမောင်တို့ ကိုယ်တိုင်လာပြီးတော့ အလေးပြုတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့
မိသားစုတွေ ကလေးတွေ အကုန်လုံး လေးလေးစားစားနဲ့ လက်ဆွဲနှုတ်ဆက်တယ်။ သမ္မတကြီး မန်းဝင်းမောင်ဆိုရင်
တစ်နှစ်တစ်ခါ စိတ်ပြေ လက်ပျောက်ဖြစ်စေဖို့ အတွက်ဆိုပြီး ရင်းနှီးအောင် ဆိုပြီးတော့ဆိုပြီး
မိသားစုဝင်တွေ အကုန်လုံးကို သင်္ဘောကြီးနဲ့ ခေါ်သွားပြီး တစ်လမ်းလုံးကျွေးမွေးသွားတယ်။
သီတင်းကျွတ်တွေဘာတွေဆိုရင် ခေါင်းဆောင်ကြီးတွေရဲ့ ကတော်တွေကို လုံချည်တွေ ဘာတွေ ကောင်းကောင်းမွန်မွန်
ကန်တော့တယ်။ ဦးနုအစိုးရဆိုလည်း ဒီမြေကြီးကို သူတို့ပေးထားတယ်။ ဓာတ်ဆီဆိုင်တို့၊ ညွန့်အေဂျင်စီဆိုင်တို့
နစ်နာကြေး အနေနဲ့ပေးခဲ့တယ်။ ဦးနေဝင်း လက်ထက်ကျတော့ ပြည်သူ ပိုင်သိမ်းသွားတယ်။ ဦးနေဝင်းက
တစ်လကို တစ်ထောင် ပေးတယ်။ ထောက်ပံ့တယ်။ ၁၉၈၈ ခုနှစ်နောက် ပိုင်းကျတော့ ဒီမိသားစုတွေ
ဟာ ဘာမှလည်းမရှိတော့ဘူး။ အာဇာနည်နေ့ လုပ်ပေး ရုံလေး လုပ်ပေးတယ်။ အန်တီတို့အိမ်မှာ ဝမ်းနည်းခြင်း
အထိမ်းအမှတ်အလံကို တိုင်ဝက်ထူတာတောင် သူတို့က မကြိုက်ဘူး။ မထူစေချင်ဘူး။
အခုသမ္မတကြီး ဦးသိန်းစိန်ရဲ့ လက်ထက်မှာ ပြန်ပြီး အလံတိုင်ဝက် ထူခွင့်ရလာတယ်။ ပြန်ပြီး ဂရုစိုက် လာပါတယ်။ မမစု (ဒေါ်အောင်ဆန်းစုကြည်) နဲ့ ဆိုလည်း နှစ်နှစ်ရှိပြီ အားလုံးနဲ့ တွေ့ကြရတယ်။ ကောင်းကောင်း မွန်မွန်တွေ့ရတယ်။ ဟိုတုန်းကဆိုလည်း မမစုနဲ့မတွေ့ ရဘူး။ မမစုက သူ့ကားထဲမှာ စောင့်နေပြီး ပန်းခွေလာ ချရတယ်။ သူလာလား၊ မလာ လားဆိုတာ မသိရဘူး။ သတင်းကြည့် လိုက်တော့မှ လာတာကို သိရတယ်။ ဦးရာဇတ်သား အစ်ကိုတင်မြင့်တို့နဲ့ အကုန်လုံးက ရင်းနှီးကြပါတယ်။ မမစုက သူ့အမေ နိုင်ငံခြားကို သံအမတ်အဖြစ် မပြောင်းခင်အထိ သွားတွေ့ကြ၊ စကားတွေပြောကြတယ်။ အခုပြန်လာကတည်းက မတွေ့ရတာ၊ အာဇာနည်နေ့ရောက်တော့လည်း တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရဘူး။ အခု ဒီသမ္မတကြီးလက်ထက်မှာ မိသားစုတွေ အာဇာနည်နေ့မှာ တွေ့ခွင့်ရကြတယ်။ မိသားစုတွေ စကားတွေပြောကြရတယ်။ နှုတ်ဆက်ကြတယ်။ ရင်းရင်းနှီးနှီးရှိကြပါတယ်။
အခုသမ္မတကြီး ဦးသိန်းစိန်ရဲ့ လက်ထက်မှာ ပြန်ပြီး အလံတိုင်ဝက် ထူခွင့်ရလာတယ်။ ပြန်ပြီး ဂရုစိုက် လာပါတယ်။ မမစု (ဒေါ်အောင်ဆန်းစုကြည်) နဲ့ ဆိုလည်း နှစ်နှစ်ရှိပြီ အားလုံးနဲ့ တွေ့ကြရတယ်။ ကောင်းကောင်း မွန်မွန်တွေ့ရတယ်။ ဟိုတုန်းကဆိုလည်း မမစုနဲ့မတွေ့ ရဘူး။ မမစုက သူ့ကားထဲမှာ စောင့်နေပြီး ပန်းခွေလာ ချရတယ်။ သူလာလား၊ မလာ လားဆိုတာ မသိရဘူး။ သတင်းကြည့် လိုက်တော့မှ လာတာကို သိရတယ်။ ဦးရာဇတ်သား အစ်ကိုတင်မြင့်တို့နဲ့ အကုန်လုံးက ရင်းနှီးကြပါတယ်။ မမစုက သူ့အမေ နိုင်ငံခြားကို သံအမတ်အဖြစ် မပြောင်းခင်အထိ သွားတွေ့ကြ၊ စကားတွေပြောကြတယ်။ အခုပြန်လာကတည်းက မတွေ့ရတာ၊ အာဇာနည်နေ့ရောက်တော့လည်း တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရဘူး။ အခု ဒီသမ္မတကြီးလက်ထက်မှာ မိသားစုတွေ အာဇာနည်နေ့မှာ တွေ့ခွင့်ရကြတယ်။ မိသားစုတွေ စကားတွေပြောကြရတယ်။ နှုတ်ဆက်ကြတယ်။ ရင်းရင်းနှီးနှီးရှိကြပါတယ်။
မေး - အန်တီအနေနဲ့
အာဇာနည်ခေါင်းဆောင်ကြီးရဲ့ မိသားစု တစ်ယောက် အနေနဲ့ မြန်မာတစ်နိုင်ငံလုံး မှာရှိတဲ့
ပြည်သူတွေကို ပြောချင်တာများ ရှိရင် လည်း ပြောပြပေးပါဦး။
ဖြေ - အာဇာနည်ခေါင်းဆောင်ကြီး
မိသားစုဝင်တွေကို မြန်မာပြည် သူလူထုက ကရုဏာလည်း ရှိကြတယ်။ သိပ်လည်း ချစ်ကြ တယ်ဆိုတာ
ပေါ်လွင်ပါတယ်။ ဘယ်အချိန်မှာ ပေါ်လွင်သွားလဲဆိုတော့ ၁၉၈၈ ကာလတွေမှာပါ။ အာဇာနည် ခေါင်းဆောင်ကြီး
မိသားစုတွေကို ချစ်ခင်ကြတယ်။ ကာကွယ်ကြတယ်။
ဒီအဘိုးတွေရဲ့ မေတ္တာစေတနာတွေကြောင့်သာ
ပြည်သူတွေက ချစ်ကြတယ်။ ဘဘတို့ကို သတိရပြီး ဝမ်းသာ ဝမ်းနည်းဖြစ်ရ တယ်။ ပြည်သူတွေက ရောက်ရာ
အရပ်မှာ ကာကွယ်ကြတယ်။ ဆေးခန်းတွေဘာတွေသွားပြရင် သိတာနဲ့ ဆေးစရိတ်မယူလို့ နောက်တစ်ခါထပ်မသွားရဲအောင်ကို
ဖြစ်ရတယ်။ အာဇာနည်ကျေးဇူးရှင်ကြီးတွေဟာ ကိုယ်ကျိုး မဖက်ဘဲနဲ့ သူတို့အိတ်ကို စိုက်ထုတ်ပြီးတော့
တိုင်းပြည်အတွက် တကယ်လုပ်ခဲ့တဲ့ လူကြီးတွေပါ။ အခုခေတ်လို မဟုတ်ဘူး။
ဖေဖေ သခင်ခင်အောင်ကလည်း
အဲလိုပဲ အမြဲပြောပါတယ်။ ကျုပ်တို့၊ ဆရာမြတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ရဲဘော်သုံးကျိပ်တို့၊
ပြည်သူတွေ အပါအဝင် ဆောင်ရွက်ခဲ့လို့ ကျွန်ဘဝက လွတ်တာ။ အခု ကျုပ်တို့လုပ်နေတာ ဘာခံစားခွင့်မှမရှိဘူး။
အခု ကျုပ်နေ နေတာ သားသမီးတွေ ထားနိုင်လို့ နေနေတာ။ ဟိုးတုန်းက ဦးနုက ဒီမြေနေရာပေးတယ်။
သားသမီးတွေက အိမ် ဆောက်လို့ နေတယ်။ အခုလိုနေနိုင်တာ သားသမီးတွေ ပညာတတ်လို့ ကောင်းစားလို့
ပညာနဲ့ လုပ်ကိုင်ကျွေး မွေးလို့ ကျုပ်နေနိုင် တာလို့ ပြောခဲ့ပါတယ်။ ကျုပ်ပိုင် တာဆိုလို့
ပန်းအိုးထဲက မြေကြီးပဲရှိတယ်။ ကျုပ်တို့က အဲလိုလုပ်ခဲ့တာပါလို့ ပြောပါတယ်။
ဟိုတုန်းက နိုင်ငံရေးသမားကြီးတွေဟာ
ကိုယ်ကျိုးကို မသုံးပါဘူးလို့ ဖေဖေ အမြဲပြောခဲ့တယ်။ ဘဘမြက ဆုံးသာသွားတယ်။ ဘာမှမရှိခဲ့ဘူး။
ဗိုလ်ချုပ် အောင်ဆန်းဆိုလည်း ဘာမှမရှိခဲ့တာ။ မမစုကလည်း သူ့အဖေလို စိတ်ဓာတ်ရှိတယ်။ တစ်ခါတလေ
ကျတော့ ဗိုလ်ချုပ်တို့၊ ဘဘတို့ ဆက်ရှိစေချင်လိုက်တာလို့။ တိုင်းပြည်လည်း တိုးတက်မယ်။
ဒီလိုလည်း ဖြစ်ချင်မှ ဖြစ်မယ်ပေါ့။
အခု သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ
တော်တော်လေး ကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။ အာဇာနည်နေ့ကို ကြည့်ပေး တာကို ပြောတာပါ။ ဘာမှကို
မတောင်းဆိုပါဘူး။ ကိုယ့်ပညာနဲ့ ကိုယ်ရပ်တည် ကြတာမို့ အာဇာနည်တွေရဲ့ သားသမီးတွေဟာ အဖေ
တွေမရှိတော့ ပညာတတ်မှ ဖြစ်မယ်ဆိုပြီး ကြိုးစားခဲ့ ကြတာ အားလုံး ပညာတတ်တွေ ချည်းပါပဲ။
ပျက်စီးတယ် လို့ကို မရှိဘူး။ အခုခေတ် ဘာတွေညာတွေ သားသမီး တွေလို ပျက်စီးတယ်မရှိဘူး။
မြန်မာဆန်တာကို ထိန်းသိမ်းရမယ်လို့ ထိန်းသိမ်း ထားနိုင်ခဲ့ပါတယ်။
အလားတူ မြန်မာ့လွတ်လပ်ရေးကြိုးပမ်း
အားထုတ်မှုတွင်သာမက မျိုးချစ်စိတ်ဓာတ်ရင့်သန်စေသည့် အမျိုးသားကျောင်းများ ပေါ်ထွန်းလာစေရေး၊
ပညာရေးနှင့် နိုင်ငံရေးအသိအမြင် နိုးကြားစေရန် မျိုးစေ့ချထားပေးခဲ့ပြီး ပါဠိဘာသာ ထွန်းကားပြန့်ပွား
စေရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည့် ဆရာကြီးဦးရာဇတ် (ပညာရေးနှင့်
အမျိုးသား စီမံကိန်းဝန်ကြီး) ၏ သားသမီးသုံးဦးအနက် သားကြီးဖြစ်သူ ဦးတင်မြင့်ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဆရာကြီး ဦးရာဇတ်အပါအဝင်
အမျိုးသား ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ၁၉၄၇ ခုနှစ်တွင် ဦးရာဇတ်၏ သားကြီး
ဖြစ်သူ ဦးတင်မြင့်မှာ အသက် ၆ နှစ်ကျော်၊ ၇ နှစ် ဝန်းကျင်ခန့်တွင် ရောက်ရှိနေပြီဖြစ်ပြီး
ထိုစဉ်က ကြုံတွေ့ခဲ့ရ သည်များနှင့် အဖြစ်အပျက်များကိုလည်း ပြန်လည်ပြောပြသည်။
ဦးတင်မြင့်သည် ကျောင်းပိတ်ရက်များတွင်
ဖခင်ဖြစ်သူနှင့် အတွင်းဝန်ရုံးသို့ လိုက်သွားလေ့ရှိပြီး လုပ်ကြံခံရသည့်နေ့က စနေနေ့
ဖြစ်သော်လည်း ဝါတွင်း ကာလဖြစ်သောကြောင့် စနေနေ့ ကျောင်းဖွင့်သဖြင့် ဖခင်ဖြစ်သူ နောက်သို့
မလိုက်နိုင်ခဲ့ဘဲ ထိုသို့ လိုက်ပါမသွားခြင်းကြောင့်လည်း ယခုလိုဖြစ်စဉ်များကို ယနေ့တွင်
ပြန်လည်ပြောပြ နိုင်နေခြင်းဖြစ်သည်ဟု အစချီကာ အာဇာနည် ခေါင်းဆောင် တစ်ဦး၏ မျိုးဆက်ဖြစ်သူ
ဦးတင်မြင့်က ၄င်း၏ ရင်တွင်းခံစားချက်များကို ပြောပြလေ၏။
မေး - အာဇာနည်ခေါင်းဆောင်ကြီးတွေ
လုပ်ကြံခံရတဲ့ အချိန်က အန်ကယ်က ၇ နှစ်အရွယ်ဆိုတော့ အန်ကယ်မှတ် မိသလောက် ဖြစ်စဉ်တွေကို
ပြန်လည်ပြောပြ ပေးပါဦး။
ဖြေ - အန်ကယ်က ရုံးပိတ်ရက်ဆိုရင်
အန်ကယ့်အဖေနဲ့ အတွင်းဝန်ရုံးကို လိုက်သွားလေ့ရှိတယ်။ ခါတိုင်းဆိုရင် စနေနေ့ဆို ရုံးကို
လိုက်သွားလေ့ရှိတယ်။ အန်ကယ်က ဗဟိုအမျိုးသား ကျောင်းမှာတက်တော့ စနေနေ့မပိတ်ဘူး။ တနင်္ဂနွေနဲ့
ဥပုသ်နေ့ပဲ ပိတ်တယ်။ အဲဒီတော့ လိုက်မသွားဖြစ်ဘူး။ လိုက်သွားရင်လည်း တစ်မျိုးဖြစ်ချင်
ဖြစ်မှာပေါ့။ ဒါကတော့ ဘဝရဲ့ ကံတရားပေါ့။
အဲဒီနေ့က အဖေဆုံး တယ်ဆိုတာတော့ မသိဘူး။ ကျောင်းကကားနဲ့ အိမ်ပြန်ပို့ လိုက်တော့ အိမ်ပေါ်တက် သွားတော့မှ ဆုံးသွားပြီဆိုတာကို သိတာ။ အဲဒီမှာ အများက သိပ်မသိလိုက် တာလေးတစ်ခုရှိတယ်။ ပြောဖို့ လည်းမေ့နေခဲ့တယ်။ အဖေဆုံးပြီးတော့ အိမ်မှာအစောင့်တွေ လာထားပေးတယ်။ အစောင့်တွေ လာထားတဲ့အခါမှာ အစောင့်လာထားတဲ့ ရဲဘော်တွေ ကြောင့်လား ဘာလားတော့ မသိဘူး။ အိမ်ကို သုံးခါလောက် လာပစ်တာကြုံ ခဲ့ရတယ်။ အဲဒီတုန်းက အစိုးရပေးထားတဲ့အိမ်ပေါ့။ အခုငါး ထပ်ကြီးဘုရားလမ်း၊ အမှတ် ၁ဝ ပေါ့။ အန်ကယ်တို့က အပေါ်ထပ် မှာနေတာ။ အရင့်အရင်က ဒီအကြောင်းကို ဘယ်သူမှ မပြောခဲ့ဖူးဘူး။ ဟိုတစ်လောကမှ သတိရနေတာ။ ဒီတစ်ခါတော့ လာမေးရင် ဒီအကြောင်း ပြောပြမယ်လို့ပေါ့။ ဒီဟာ ကတော့ အတွေ့ အကြုံပေါ့။ ဆုံးပြီးတဲ့ ကာလခြောက်လ အတွင်းမှာ ထူးထူးခြားခြားဖြစ်ခဲ့ တာပေါ့။
အဲဒီနေ့က အဖေဆုံး တယ်ဆိုတာတော့ မသိဘူး။ ကျောင်းကကားနဲ့ အိမ်ပြန်ပို့ လိုက်တော့ အိမ်ပေါ်တက် သွားတော့မှ ဆုံးသွားပြီဆိုတာကို သိတာ။ အဲဒီမှာ အများက သိပ်မသိလိုက် တာလေးတစ်ခုရှိတယ်။ ပြောဖို့ လည်းမေ့နေခဲ့တယ်။ အဖေဆုံးပြီးတော့ အိမ်မှာအစောင့်တွေ လာထားပေးတယ်။ အစောင့်တွေ လာထားတဲ့အခါမှာ အစောင့်လာထားတဲ့ ရဲဘော်တွေ ကြောင့်လား ဘာလားတော့ မသိဘူး။ အိမ်ကို သုံးခါလောက် လာပစ်တာကြုံ ခဲ့ရတယ်။ အဲဒီတုန်းက အစိုးရပေးထားတဲ့အိမ်ပေါ့။ အခုငါး ထပ်ကြီးဘုရားလမ်း၊ အမှတ် ၁ဝ ပေါ့။ အန်ကယ်တို့က အပေါ်ထပ် မှာနေတာ။ အရင့်အရင်က ဒီအကြောင်းကို ဘယ်သူမှ မပြောခဲ့ဖူးဘူး။ ဟိုတစ်လောကမှ သတိရနေတာ။ ဒီတစ်ခါတော့ လာမေးရင် ဒီအကြောင်း ပြောပြမယ်လို့ပေါ့။ ဒီဟာ ကတော့ အတွေ့ အကြုံပေါ့။ ဆုံးပြီးတဲ့ ကာလခြောက်လ အတွင်းမှာ ထူးထူးခြားခြားဖြစ်ခဲ့ တာပေါ့။
မေး - ဟုတ်ကဲ့။ အန်ကယ့်အနေနဲ့
ခုနစ်နှစ်သားလောက် ကတည်းက ကြုံခဲ့ရတဲ့ အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ်တက် ဖြစ်ပါသလား။
အရင်က အာဇာနည်နေ့အခမ်းအနားနဲ့ အခုနောက်ပိုင်း အခမ်းအနား ကျင်းပပုံ မြင်ကွင်းတွေကို
ပြောပြပေးပါ။
ဖြေ - အာဇာနည်နေ့ကတော့
နှစ်စဉ်သွားနေကြတာပေါ့။ ငယ်ငယ်ကတည်းက အခုချိန်အထိပဲ။ နိုင်ငံခြားကို ရောက်နေတဲ့ အချိန်ကလွဲရင်
အမြဲတက်ဖြစ်ပါတယ်။ အာဇာနည်နေ့ကို အရင်တုန်းကတော့ နိုင်ငံ့ခေါင်းဆောင်တွေ လာပြီးတော့
ပန်းခွေ ချတယ်။ ၁၉၈၈ နောက်ပိုင်း မှာတော့ အန်ကယ် တို့ အနေနဲ့ အာဇာနည်ကုန်းနားက ဇရပ်ပေါ်မှာ
သွားနေရတာ။ မိုး ရွာတော့ တော်တော်ချော်တာပေါ့လေ။ ဇရပ်ပေါ်သွားနေပြီးတော့မှ တစ်ယောက်စီ
ကန်တော့ရ၊ ပန်းခွေချရတယ်။ အသက်ကြီးတဲ့ သူတွေ အတွက် အဆင် မပြေဘူးပေါ့။
အဲဒီတော့ တစ်ဦးချင်း
ပန်းခွေချ၊ ကန်တော့ကြ ရပြီး အရင်နဲ့မတူတော့ဘူး။ အရင်လိုလုပ်ချင်လို့တော့ မဟုတ်ပါဘူး။
ဖြစ်ခဲ့တဲ့ မြင်ကွင်းလေးကို ပြန်ပြောတာပါ။ ဒါလေးတွေကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို
တင်ပြလိုက်တော့ တော်တော်လေး ဂရုစိုက်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ဇရပ်မှာတော့
မနေရတော့ဘူး။ အာဇာနည်ကုန်းနဲ့ နီးတဲ့နေရာမှာ စီစဉ်ပေးပြီး ဒုတိယသမ္မတက လာနှုတ်ဆက်တယ်။
ပန်းခွေ ချတာကတော့ တစ်ဦးချင်းစီပဲ ဖြစ်နေပါတယ်။ တတ်နိုင် သလောက်လေးတော့ ပြော ထားတာပေါ့။
သူတို့အနေနဲ့ မသိတာလည်း ရှိရင် ရှိမယ်။ သိပြီး လုပ်ရကောင်းမှန်း မသိတာ ဖြစ်ရင်ဖြစ်မယ်။
မေး - အာဇာနည်ခေါင်းဆောင်ကြီးတွေ
လုပ်ကြံခံရပြီး ကျဆုံးတော့ တစ်တိုင်း တစ်ပြည်လုံးက ရွှေတောင်ကြီးပြိုသလို ဝမ်းနည်း ပူဆွေးကြရတယ်။
မိသားစုဝင်တွေရဲ့ ရင်ထဲက ခံစားချက်လေး သိပါရစေ။
ဖြေ - ဟုတ်ပါတယ်။
အဲဒီအချိန်က အန်ကယ်တို့က ရန်ကုန်ပြောင်း လာတာမကြာသေးဘူး။ ငယ်လည်း ငယ်သေးတော့ ဝမ်းနည်းရကောင်းမှန်းတော့
မသိသေးပါဘူး။ မခံစားတတ်သေးဘူး။ ကိုယ့်အဖေ တစ်ယောက်တော့ ဆုံးသွားပြီဆိုတဲ့ ခံစားချက်
လောက်ပဲ ရှိတာပေါ့။ နောက်ပိုင်း တဖြည်းဖြည်း အသက်ရလာတော့မှ တို့အဖေတွေဟာ ဒီလိုဖြစ်ခဲ့ရခြင်းဆိုပြီး
ခံစားရတာပေါ့။ အဖေတို့အနေနဲ့လည်း စုစုရုံးရုံးနဲ့တိုင်းပြည်အတွက် လုပ်နေတဲ့အချိန်ဆိုတော့
ဒီလိုလုပ်ကြံခံရတာကို အချိန်ကြာလာတော့ ခံစားရတာက သူတို့တွေသာ လုပ်ကြံမခံရဘူးဆိုရင်ဆိုတဲ့
ဒီနေ့တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ဟာတွေဟာ ဘယ်လိုဖြစ်မလဲဆိုပြီး တွေးတတ် လာတဲ့အခါမှာ
ခံစားရတာပေါ့လေ။
မေး - ဦးနေဝင်းလက်ထက်အထိက
အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပပေးခဲ့တယ်။ နောက်ပိုင်းမှာ နိုင်ငံတော်အဆင့်
ကျင်းပတဲ့ပုံစံ မဟုတ်တော့တဲ့အပေါ် မိသားစုဝင်တစ် ဦးရဲ့အမြင်ကိုလည်း သိပါရစေ။
ဖြေ - အဲဒါကတော့ သူတို့ရဲ့မသိတာပဲလား။
သိလျက်သားနဲ့ လုပ်တာပဲလား။ အမှန်တော့ အဲလိုမဖြစ် သင့်ဘူးပေါ့။ ခေါင်းဆောင်ကြီးတွေကို
ဂုဏ်ပြုတယ်၊ လေးစားတယ်ဆိုရင် အရင်တုန်းက အတိုင်းပဲ လုပ်သင့် တာပေါ့လေ။ မိသားစုကိုလည်း
ကောင်းကောင်းဆက်ဆံ စေချင်တာပေါ့။ အရင်တုန်းက ခံစားခဲ့ရတာနဲ့ အခု အနေအထားနဲ့ဆိုတော့
မိသားစုတိုင်း ခံစားရမယ် ထင်ပါတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ အတူတူ လုပ်ခဲ့တာဆိုတော့
အစိုးရအနေနဲ့လည်း စဉ်းစားမယ်ဆိုရင် လုပ်သင့် တာပေါ့။ နောက် တစ်ခုက အာဇာနည်ကုန်းရဲ့ဒီဇိုင်းပေါ့။
ဒီအာဇာနည်ကုန်းက အရင်တုန်းကတော့ အမိုးနဲ့ အကာနဲ့ပေါ့။ နောက် မြောက်ကိုရီးယားကိစ္စကြောင့်
ပြန်ပြင်တဲ့အခါကျတော့ အန်ကယ်တို့ကို မတိုင်ပင်ပါဘူး။ သူတို့ဘာသာသူတို့ လုပ်လိုက်တဲ့
အခါကျတော့ ဒီပုံဖြစ်သွားပါလားပေါ့။ ဇူလိုင် ၁၉ ရက်ဆိုတာလည်း မိုးအကြီးဆုံးအချိန်။ အဲဒီအချိန်မှာ
လဟာပြင်ကြီးနဲ့ ဂါရဝပြုဖို့ဆိုတာ နိုင်ငံ့ခေါင်းဆောင်တွေရော၊ ကျန်တဲ့ သူတွေအတွက်ပါ
အဆင်မပြေဘူးပေါ့။ မိုးတားတာတွေ လုပ်ရ မှာပေါ့။ ဖြစ်နေတဲ့ ရာသီ ဥတုအချိန်နဲ့ အခမ်းအနားနဲ့
အမိုးအကာမရှိတဲ့ လဟာ ပြင်ကြီးဆိုတာက မသင့်တော်ဘူးထင်တယ်။ အဲဒါလည်း ပြောတော့ ပြဖူးပါတယ်။
မေး - အာဇာနည်နေ့အထိမ်းအမှတ်နေ့တွေမှာ
ခေါင်းဆောင်ကြီးတွေရဲ့ ပုံတွေကို ဂျာနယ်၊ သတင်းစာတွေမှာ ဖော်ပြခွင့်မရ ခဲ့တာ။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့
နာမည်တွေကို ကလေးတွေ မသိကြတော့တာ၊ အာဇာနည်နေ့ဆိုတာကို မသိတော့ တာတွေနဲ့ပတ်သက်ပြီး အန်ကယ့်
ခံစားချက်ကို သိပါရစေ။
ဖြေ - အဲဒါကတော့ အရင်က
အာဇာနည်နေ့ဆိုရင် အာဇာနည်ခေါင်းဆောင် ကြီးတွေရဲ့ အတ္ထုပ္ပတ္တိနဲ့ အာဇာနည်နေ့အကြောင်း စာအုပ်တွေကို
ဝေပေးလေ့ရှိတယ်။ ၁၉ ဇူလိုင် မမေ့နိုင်ဆိုတဲ့ စာသားတွေကပ်တယ်။ သတင်းစာမှာ ဖော်ပြတယ်။
ခေါင်းဆောင်ကြီးတွေ မိန့်ခွန်းပြောခဲ့ တာတွေကို ရေဒီယိုမှာပြောတယ်။
အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့
မိန့်ခွန်း တွေဟာ တိုင်းပြည်ကို အကျိုးပြုခဲ့တဲ့အတွက် ထုတ်လွှင့်တယ်ဆိုတော့ လူတွေက သိတာပေါ့။
ဟိုတစ်နေ့ကပဲ အန်ကယ့်သမီးက သူ့ရုံးမှာ ဝန်ထမ်းတွေကို စာမေးပွဲ စစ်မယ်ဆိုပြီးတော့ ဇူလိုင်
၁၉ ရက်တော့ နီးပြီ။ အာဇာနည် ကိုးဦးရဲ့ အမည်ကိုပြောပြဆိုတော့ ဘယ်သူမှ မသိကြတော့ဘူး။
ဦးနုပါတယ်ဆို တဲ့သူရှိတယ်။ သခင်ကိုယ်တော်မှိုင်း ပါတယ်ဆိုတဲ့သူတွေရှိတယ်။ ဒါက သမိုင်းကို
ဖျောက်ဖို့ ကြိုးစားခဲ့တာ။ အံ့သြစရာလည်း ကောင်းသလို ဝမ်းနည်း စရာလည်း ကောင်းတယ်။ အောင်မြင်သလားဆိုတော့
အောင်မြင်သင့်သလောက် အောင်မြင်တယ်ပြောလို့ ရပေမယ့်သမိုင်းကို ဖျောက်လို့ တော့ မရပါဘူး။
အခုလို လာတွေ့ပြီး မေးတယ်၊ ထည့်မယ်ဆိုတော့ ကောင်းပါတယ်။
မေး - လက်ရှိ သမ္မတကြီး
ဦးသိန်းစိန်လက်ထက်မှာ ဒုတိယ သမ္မတ အဆင့်တက်ရောက်ပြီး နိုင်ငံတော် အဆင့် ပြန်လည်ကျင်းပ
ပေးပုံအပေါ် အမြင်ပြောပြပေးပါ။
ဖြေ - သမ္မတကြီးကိုယ်တိုင်လာတာကတော့
အကောင်း ဆုံးပေါ့။ အရင်တုန်း က သမ္မတကြီး ဦးဝင်းမောင် လာတယ်။ နိုင်ငံတော် ကောင်စီဥက္ကဋ္ဌ
ဦးနေဝင်းလာတယ်။ နောက်ပိုင်းကျတော့ ဦးနေဝင်းက ဇူလိုင်လဆိုတော့ ဘိလပ်သွား၊ မြင်းပွဲ
သွားတဲ့ အခါကျတော့ မလာဖြစ်ဘူး။ ဒါပေမယ့် သူ့ကိုယ်စား နိုင်ငံတော်ကောင်စီဥက္ကဋ္ဌရဲ့ ကိုယ်စား
ဗိုလ်ချုပ်သောင်းဒန်၊ ဗိုလ်ချုပ် အောင်ကြီးတို့ တက်တဲ့အခါကျတော့ အန်ကယ့်အမြင်ကတော့
ကိုယ်စားဆိုတဲ့ သဘောမျိုးက သူလာတာပဲပေါ့။ အရင်တုန်းက ဆိုရင် ရုံးတွေမှာဆိုရင် ကိုယ်စားဆိုပြီး
လက်မှတ်ထိုးတာ တွေရှိတော့ အဲလိုပုံစံလေး ဖြစ်စေချင်တာပေါ့။ အခုလည်း သမ္မတကြီး ကိုယ်တိုင်လာရင်တော့
ကောင်းတာပေါ့လေ။ သမ္မတကြီးက သူ့ကိုယ်စား ဒုတိယ သမ္မတလွှတ်တယ်ဆိုရင်တော့ အဲလိုစကား အသုံးအနှုန်းလေးတွေ
ပါတယ်ဆိုရင်တော့ ကောင်းတာပေါ့။ အန်ကယ်လည်း အစိုးရရုံးမှာ နှစ်ပေါင်း ၃ဝ လောက် လုပ်ခဲ့တယ်
ဆိုတော့ ရုံးရဲ့ အစဉ်အလာလေးတွေ သုံးရင် ကောင်းတာပေါ့။
မေး - အန်ကယ့်အရှေ့မှာ
ပြောသွားတဲ့စကားထဲကပေါ့။ နိုင်ငံ့ခေါင်းဆောင် ကြီးတွေသာ လုပ်ကြံမခံရဘူးဆိုရင် မြန်မာပြည်ရဲ့
ကံကြမ္မာနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်လာနိုင် သလဲဆိုတာလေး ပြောပေးပါဦး။
ဖြေ - အင်မတန် တိုးတက်လာမယ်လို့
ထင်ပါတယ်။ သူတို့ သေဆုံးပြီး တာတောင်မှ သူတို့ရဲ့ အငွေ့အသက်လေးတွေ ကျန်နေခဲ့ပါတယ်။
မြန်မာပြည်ဟာ ဦးနုလက်ထက်၊ ဦးနုအလွန် လက်ထက်မှာဆိုရင် အလွန်တိုးတက်တယ်။ အရှေ့တောင်
အာရှမှာ မြန်မာပြည်ကို ဘယ်သူမှ မယှဉ်နိုင်ခဲ့ဘူး။
စင်ကာပူဆိုတာ ကျွန်းသေးသေးလေ။
ထိုင်း ဗန်ကောက် ဆိုရင် လေယာဉ် ကွင်းက သံပြားပေါက်နဲ့ ဂွမ်းဂွမ်းဖြစ်နေတဲ့အချိန်မှာ
ဒီမှာက လေယာဉ်ကွင်းက အရှေ့တောင်အာရှမှာ အကောင်းဆုံးပဲ။ အိမ်ရာစီမံကိန်း မှာဆိုရင် စင်ကာပူကနေ
ဒီမှာလာပြီး လေ့လာရတယ်။ ဒါကို ယုံချင်မှတောင်ယုံမယ်။ ရန်ကင်းတိုက်တွေ၊ ပြည်ထောင်စုရိပ်သာဆိုရင်
စင်ကာပူကနေပြီး လာပြီးလေ့လာရတယ်။ အခုကလေးတွေ သိမှာမဟုတ်ဘူး။ အရင်တုန်းကဆိုရင် ရိုးလ်ကုန်
တိုက်ဆိုရင် နိုင်ငံခြားဖြစ်ပစ္စည်းတွေ ကြိုက်တာဝယ်လို့ ရတယ်။ အခုကလေးတွေ မသိတော့ဘူး။
ပညာရေးဆိုရင် လည်း စင်ကာပူတို့၊ ဗန်ကောက်တို့ကတောင် ဒီမှာလာ သင်ရတယ်။ နောက်အာဖရိကန်
လေးငါးခြောက်ယောက် မြန်မာပြည်မှာ စာလာသင်ခဲ့တယ်။ ပညာရေးအဆင့် အတန်း အင်မတန်မြင့်ခဲ့တယ်။
စီးပွားရေးအဆင့်အတန်းလည်း
မြင့်တယ်။ မြန်မာပြည်ရဲ့ ငွေတန်ဖိုးကလည်း မြင့်တော့ မော်တော် ကားဆိုရင် စီးချင်တယ်ဆိုရင်
အိမ်လာပြတယ်။ စီးကြည့်လိုက်ဦး။ သုံးရက်လောက်နေမှ ကြိုက် တယ်ဆိုရင် ဝယ်လို့ရတယ်။ လပေးစနစ်နဲ့
ဝယ်လို့ရတယ်။ အန်ကယ်တို့ နှစ်စီးလောက် အဲဒီလို ဝယ်စီးဖြစ်တယ်။
ကျန်းမာရေးအနေနဲ့
ဆေးရုံကြီး၊ ဒပ်ဖရင်တို့ဆိုရင် သွားကြည့်ကြည့်လိုက်။ အဲဒီတုန်းက ဆေးရုံအုပ်ကြီး ဒေါ်ရင်မေဆိုရင်
သူကိုယ်တိုင် မနက်ဆိုရင် လိုက်ကြည့်တာ။ အိမ်သာကအစ ကြည့်တာ။ အဲဒီတော့ လူကြီးတွေရဲ့ စိတ်နေသဘောထား
အင်မတန်မြင့်တယ်။
တကယ်လို့ ခေါင်းဆောင်ကြီးတွေသာ
လုပ်ကြံမခံရဘူးဆိုရင် အန်ကယ်ယုံကြည်တယ်။ တိုင်းပြည် တိုးတက်ကောင်းမွန်မယ်။ ငြိမ်းချမ်းမယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အဲဒီတုန်းကလည်း ရရှိအောင် စည်းရုံးနိုင် ခဲ့သလို ပိုမိုခိုင်မာ
စည်းရုံးမယ်လို့ မြင်မိပါတယ်။


No comments:
Post a Comment