Thursday, July 16, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရခိုင်ပြည်နယ် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ ထောက်ပံ့ ပစ္စည်းများပေးအပ်


နေပြည်တော် ဇူလိုင် ၁၆
ရခိုင်ပြည်နယ်အတွင်း ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်တည် ဆောက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ ၀န်ကြီးများနှင့်အတူ ဇွန်လ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ရခိုင် ပြည်နယ် အတွင်းရှိ မြို့နယ်များသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေ အနေကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။





ရှေးဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် တောင်ကုတ်မြို့သို့ ရောက်ရှိ ကြပြီး တောင်ကုတ်ချောင်း ရေကြီး ရေလျှံမှုကြောင့် ကမ်းပါးပြိုပျက်စီးခဲ့သည့် ချောင်း ကောက်ရပ်ကွက် ကမ်းနားလမ်းအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတသည် တောင်ကုတ်မြို့ မြို့နယ်ခန်းမတွင်  ရခိုင် ပြည်နယ်အတွင်း ရေဘေးကြောင့် ပျက်စီး ဆုံးရှုံးမှုများအတွက် လတ်တလော လိုအပ် သည့် ထောက်ပံ့ရေးပစ္စည်းများကို    ရေဘေး သင့်ပြည် သူများအား   ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတက ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့်  တောင်ကုတ်မြို့၌  ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ အိမ်များ၊ လမ်းများ၊ တံတား များ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများ ပျက်စီး ခဲ့ပါကြောင်း၊ အဆိုပါ ပျက်စီးဆုံးရှုံးသွားမှုများကို အမြန်ပြန်လည်ပြင်ဆင်ပေးလျက်ရှိသကဲ့သို့ ရခိုင်ပြည်နယ် အတွင်း ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်တည်ဆောက်ရေး ဗဟို ကော်မတီနှင့် လုပ်ငန်း ကော်မတီများဖွဲ့စည်း၍ ရေတို၊ ရေရှည် စီမံကိန်းများချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  ပြည်ထောင်စုအစိုးရတွင် လေဘေး၊ ရေဘေး၊ မီးဘေး၊ ငလျင် စသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ် လာပါက ချက်ချင်းကူညီနိုင်ရန် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေရှိသဖြင့် ၎င်းရန်ပုံ ငွေမှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း။
ပျက်စီးသွားသည့် လမ်း၊ တံတားများကို ယာယီသွားလာနိုင်ရန် ပြည်နယ်အစိုးရ နှင့်တာဝန်ရှိသူများ ဆောင်ရွက်ပေး ထားပြီးဖြစ်သော်လည်း ရေရှည်တည်တံ့ခိုင်မြဲအောင် စီမံကိန်းများဖြင့် စနစ်တကျ  လုပ်ဆောင်သွား ရန်လိုအပ်ပါကြောင်း၊ ရေဘေးကြောင့် ဒုက္ခရောက်နေသည့် မြို့နယ်များအပါအ၀င် ရခိုင်ပြည် နယ်အတွင်းရှိ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရန်နှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန်  လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ် အတွင်း ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ဆောင်ရွက်ပေးခဲ့မှုများနှင့်   ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများက ကိုင်းရှည်၊ လမူး၊ သဒွန်၊ တရဘ၊ ပလ၀ါ၊ ကြက်ကိုင်းနှင့် လက်ပံကျေးရွာများအတွက် ဆန်၊ ဆီ၊ ပဲ၊ အ၀တ်အထည်၊ ခြင်ထောင်၊ စောင် စသည့်ထောက်ပံ့ပစ္စည်းများနှင့် ဆိုလာမီးအိမ် များကို ထောက်ပံ့ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍  ဒုတိယသမ္မတက မြစ်၊ ချောင်းများအတွင်း ရေစီးရေလာ ကောင်းမွန်စေရန် သောင်တူးဖော်ခြင်း၊ ကျွန်းမြေ တူးဖော်ခြင်းလုပ်ငန်းများကို  ရေရှည် မျှော်တွေး၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ရှိ၊ မရှိကို ပညာရှင်များနှင့် လေ့လာဆန်းစစ်ရန် လိုအပ်ပါကြောင်းနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို နိုင်ငံတော်အစိုးရအနေဖြင့် ဦးစားပေး အစီအစဉ် အလိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် သံတွဲမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးက သံတွဲ ခရိုင်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ ရေလွှမ်းမိုးခံရမှု၊ ဆေးပစ္စည်းများပျက်စီးဆုံးရှုံးမှုနှင့် ထိန်းသိမ်း သိုလှောင် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ထို့နောက် ဒုတိယသမ္မတသည် ဆေးရုံဝင်းအတွင်း ရေလွှမ်းမိုးမှုကင်းလွတ် စေရန် အောက်ခြေမြှင့်၍ တည်ဆောက် ထားသည့် လူနာဆောင်နှင့် ဆေးရုံအတွင်းရှိ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ဆောင်၊ ဓာတ်မှန်ခန်းနှင့် သွားဆေးကုဌာနတို့ကို လှည့်လည် ကြည့်ရှုပြီး လူနာများအား ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် သံတွဲမြို့ မြို့နယ်ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ် အဆင့် ဌာဆိုင်ရာအကြီးအကဲများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြုကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတက ဇွန်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ သည့်အတွက် ပျက်စီးဆုံးရှုံးသွားသည့် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံများ ပြန်လည်တည်ဆောက်ရေး၊ ရေတို၊ ရေရှည် စီမံချက်များချမှတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရေကြီးရေလျှံမှုမျိုး ထပ်မံမဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ်လာပါက  ဆုံးရှုံးမှု အနည်း ဆုံးဖြစ်အောင် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအဖြေရှာ  ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ရခိုင်ပြည်နယ် တစ်ခုလုံးနှင့် သံတွဲမြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များအား ၀ိုင်းဝန်းဆွေးနွေး တင်ပြကြ စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ရေဘေးကြောင့်ပျက်စီး ဆုံးရှုံးများအပေါ် ဆောင်ရွက် ပေးခဲ့မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများက သံတွဲမြို့နယ်အတွင်းရှိ ရေဘေး သင့်ကျေးရွာများမှ ဒေသခံများ အတွက် လတ်တလောလိုအပ်သည့် ထောက်ပံ့ပစ္စည်း များနှင့် ဆိုလာမီးအိမ်များကို တာဝန်ရှိ သူများထံ ပေးအပ်သည်။
ယင်းနောက် သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုးမြင့်က ဒေသ၏လိုအပ်ချက်များကို တင်ပြရာ ဒုတိယသမ္မတက   ပြန်လည်သုံးသပ်ဆွေးနွေးပြီး လတ်တလော လိုအပ် ချက်များကို ဦးစားပေးဆောင်ရွက် ရန်နှင့် ရေရှည်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို နိုင်ငံတော်မှ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး  နှုတ်ဆက်အားပေးသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် သံတွဲမြို့ ဒွါရာဝတီတံတားသို့ရောက်ရှိ ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သံတွဲမြို့ ရေကြီးရေလျှံမှုလျှော့ချရေး အတွက် သံတွဲချောင်းရေစီးရေ လာကောင်း မွန်ရေးနှင့် တူးမြောင်းဖောက်လုပ်ရန် လျာထားသည့် အစီအမံများကို  ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက  ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းပြီး ရလဒ်ကောင်းများရရှိမှသာ ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် သံတွဲချောင်း ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် တူးမြောင်းဖောက်လုပ်ရန်လျာထားသည့် စီမံကိန်းနေရာအား ကြည့်ရှုစစ်ဆေးသည်။

No comments:

Post a Comment