ရန်ကုန် ဇူလိုင် ၁၂
ရန်ကုန် မြောက်ပိုင်းခရိုင်
လှိုင်သာယာမြို့နယ် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ရေတင်နစ်မြုပ်မှု လျော့ပါးစေရေးအ
တွက် ဇူလိုင် ၁ဝရ က်က အမှတ် (၅) ရပ်ကွက် ဗိုလ်ချုပ်လမ်း ဝဲ/ယာ ရေဆိုးထုတ် အကျယ် ၅ ပေ၊
အနက် ၅ ပေ၊ အရှည်ပေ ၃၇ဝဝ ကို ဘက်ဟိုးစက်ကြီးများဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ
ဦးကြည်စိုးနှင့် ကော်မတီဝင်များနှင့် ရပ်ကွက် နေပြည်သူများ ပူးပေါင်းဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်သော်လည်း
ရေဆိုးထုတ် သာယာကုန်းချောင်းဘေး ဝဲ/ယာ ချောင်းပေါ်လူနေအိမ်များ၊ ဈေးဆိုင်များ ဆောက်လုပ်နေထိုင်မှုကြောင့်
ရေနုတ်အား ထိရောက်မှုအားနည်းကြောင်း၊ မြောင်းပေါ်ချောင်းပေါ်အဆောက်အအုံများ ဆောက်လုပ်ထားမှုများကြောင့်
ရေနုတ်မြောင်းများ တူးဖော်ရာတွင်လည်း အခက်အခဲများရှိနေကြောင်း၊ လှိုင်သာယာရပ်ကွက် အတော်များများ၌
ထိုကဲ့သို့ အခက်အခဲများနှင့် တွေ့ကြုံခံစားနေရကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ
တာဝန်ရှိ သူနှင့် ရပ်ကွက်နေ ပြည်သူများ၏ ပြောဆိုချက်များလည်း ကြားသိရသည်။

No comments:
Post a Comment