ဦးမျိုးအောင်(အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန)
အနည်းဆုံး
အခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက် ကျပ် ၃၆ဝဝ သတ်မှတ်ခြင်းအပေါ် လုပ်ငန်းရှင်အချို့က
ကန့်ကွက်မှုနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ သဘောထားအမြင်များကို တွေ့ဆုံမေးမြန်း
တင်ပြ လိုက်ရပါသည်။
ဦးဇော်ဦး
(နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး)
မေး။
။ အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက်(ရှစ်နာရီ)ကျပ် ၃၆ဝဝ သတ်မှတ်လိုက်ခြင်းအပေါ်
လုပ်ငန်းရှင်များဘက်က ကန့်ကွက်နေတာ ရှိတဲ့အပြင် လုပ်ငန်းရှင်အချို့က စက်ရုံပိတ်သိမ်းမယ်လို့
ပြောဆိုမှု တွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
ဖြေ။
သုံးရက်ကြာ ဆွေးနွေးခဲ့တဲ့ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး ဆွေးနွေးပွဲမှာ သဘောတူညီမှု
ရခဲ့တာပါ။ အများစုသဘောတူပြီးမှ အဆိုပြု နှုန်းထားကျပ် ၃၆ဝဝ ကို ထုတ်ပြန်ခဲ့တာပါ။ အများစု
သဘော မတူဘဲနဲ့တော့ ဒီနှုန်းထားကထွက်မလာပါဘူး။ အနည်းဆုံးအခကြေးငွေကို သတ်မှတ်တဲ့အခါ ကျွန်တော်တို့မှာ
သတ်မှတ်ထားတဲ့ စံတွေရှိပါတယ်။ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ၊
ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါပါတယ်။ ဆိုလိုတာက
အလုပ်ရှင် ကိုယ်စားလှယ်ဦးရေနဲ့ အလုပ်သမား ကိုယ်စားလှယ်ဦးရေဟာ တစ်စုံ တစ်ခုသော သတ်မှတ်ချက်ထက်မကျော်ရင်
အဲဒီအစည်းအဝေး အထ မမြောက်ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အားလုံးက ပွင့်လင်းမြင်သာစွာ
ဆောင်ရွက်နေတာဖြစ်ပါတယ်။ အလုပ်သမားရော အလုပ်ရှင်ရော ဆိုင်တဲ့ ကိစ္စမှာ အင်မတန်မှ ဂရုစိုက်ပြီး
ဆောင်ရွက်နေပါတယ်။
အခု
ကန့်ကွက်နေတယ်ဆိုတာ အထည်ချုပ် လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။အလုပ်ရုံ ပိတ်သိမ်းတာနဲ့ ပတ်သက်လို့
ပြောရရင် အလုပ်ရှင်တော်တော်များများ လုပ်ဖို့ခက်ပါတယ်။ သူတို့အနေနဲ့ ဒါကိုတော်တော်
စဉ်းစားရမယ့် အချက် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒါကို တောင်းဆိုမှုတစ်ခုလို့ပဲ ယူဆပါတယ်။
တကယ်ဆို နိုင်ငံတော် အစိုးရနဲ့ အလုပ်သမား ဝန်ကြီးဌာနကို အနည်းဆုံး အခကြေးငွေပေါ်မှာ
လျှော့ပေးဖို့ တောင်းဆိုမှုထက်စာရင် ဘယ်ကဏ္ဍတွေမှာ ပံ့ပိုးပေးမလဲ၊ ဘာတွေပြောင်း လဲချင်တာလဲ၊
ဘယ်လိုပူးပေါင်း ဆောင်ရွက်မှာလဲစတာတွေ ဆွေးနွေးမှု တွေလုပ်စေချင်တယ်။ အလုပ်ရှင် အလုပ်သမားနှစ်ဖက်စလုံးအတွက်
လိုအပ်တဲ့ သုတေသန လုပ်ငန်းတွေကို ရက်ပေါင်း ၆ဝ အတွင်းမှာ ဆောင်ရွက် သွားဖို့လုပ်နေပါတယ်လို့ပြောချင်ပါတယ်။
မေး။
။ မြန်မာနိုင်ငံကို ဝင်လာမယ့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအပေါ် အနည်းဆုံးအခကြေးငွေ
သတ်မှတ်ချက်က ရိုက်ခတ်မှု ရှိနိုင်၊ မရှိနိုင် ဆရာ့အမြင်ကို သုံးသပ်ပေးပါ။
ဖြေ။
။ အဓိက နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေလာတယ်ဆိုတဲ့နေရာမှာ အရင်တုန်းက ကုမ္ပဏီတွေက
ဘယ်လိုတိုင်းပြည်မျိုးကိုပဲဖြစ် ဖြစ်သွားပြီး လုပ်မယ်ဆိုတဲ့ ကုမ္ပဏီ ငယ်လေးတွေပါ။ အခုကျတော့
စီးပွားရေး အလားအလာရှိတဲ့ နိုင်ငံတွေကို စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီကြီးတွေက
ကျွန်တော်တို့ နိုင်ငံကို စိတ်ဝင်စားလာကြတယ်။ တချို့ သူတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေရာကနေ
ကျွန်တော်တို့နိုင်ငံကို စိတ်ဝင် စားလာတဲ့ နိုင်ငံတွေရှိတယ်။ ဒီလို ကုမ္ပဏီကြီးတွေဝင်လာရင်
အနည်းဆုံး အခကြေးငွေမရှိခဲ့ရင် အလုပ် သမားတွေအတွက် လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမယ်။ နောက်ပြီး
အလုပ်ရုံတွေမှာ လုပ်ခလစာတွေက အမျိုးမျိုး ဖြစ်နေတယ်ဆိုရင် လုပ်ခပိုရတဲ့ အလုပ်ကိုရှာပြီးပြောင်းမယ်။
အဲဒီ အခါ လုပ်ငန်းခွင် မတည်ငြိမ်မှုတွေ ဖြစ်လာမယ်။ အလုပ်ရှင်နဲ့ အလုပ်သမား မလိုလားအပ်တဲ့
ဆူပူမှုတွေ ဖြစ်လာမယ်။ ဒီလိုမတည်ငြိမ်မှုတွေ ဖြစ်နေခဲ့ရင် လာရောက် ရင်းနှီးမြှုပ်နှံမယ့်
နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေက ဒီလိုနိုင်ငံမျိုးမှာ အလုပ်လာလုပ်ဖို့ စိုးရိမ်ပူပန်မှုတွေ
ရှိမှာပဲ။ အနည်းဆုံး အခကြေးငွေ သတ်မှတ်လိုက်ပြီးလို့ တစ်နေ့ ရှစ်နာရီအတွင်းမှာ ဒီနှုန်းပဲ
ရမယ်ဆိုရင် အလုပ်သမားတွေက တည်ငြိမ်စွာ အလုပ်လုပ်မယ်။ အလုပ်သမားတွေဘက်က ခေါင်းပုံဖြတ်
ခံရတယ်လို့ မြင်နေတဲ့ တိုင်တွေအပေါ် ရှင်းရှင်းလင်းလင်း မြင်လာကြရင် အလုပ်သမား၊ အလုပ်ရှင်ကြားမှာ
ပဋိပက္ခနည်းသွားမယ်။ ဒါကြောင့်အလုပ်ရှင်၊ အလုပ်သမားကြား အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဟာ
ဦးစားပေးလုပ်ရမှာပါ။ လုပ်ငန်းခွင် တည်ငြိမ်လာရင် ပြည်ပက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက်
အားကိုးစရာ ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်လာမှာပါ။
မေး။
။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ဖို့အတွက် ဆောင်ရွက်နေ တဲ့အပေါ် တုံ့ပြန်လာမှုတွေနဲ့ပတ်သက်ပြီး
ဘာများအကြံပြုပြောကြား လိုပါသလဲ။
ဖြေ။
။ ကျွန်တော်အကြံပြုချင်တာက အရှေ့ကို ရောက်ဖို့ဆိုတာ အားလုံး ဝိုင်းဝန်းပြီးတွန်းရမှာ
ဖြစ်တယ်။ ဖြစ်နေတဲ့ အခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်းရင်း ကျော်လွှားနိုင် အောင်ကြိုးစားရမယ့်
ကာလဖြစ်ပါ တယ်။ အလုပ်သမား ဝန်ကြီးဌာနအပါ အဝင်ဌာနတိုင်းက အလုပ်ရှင်တွေရဲ့ အခက်အခဲရော၊
အလုပ်သမားတွေရဲ့ အခက်အခဲရော ကျော်လွှားနိုင်မယ့် အစီအစဉ်တွေကို စဉ်းစားနေတာ ဖြစ်တဲ့အတွက်ကြောင့်
အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရင် အနည်းဆုံးအခကြေးငွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ
သတ်မှတ်လို့လည်းရမယ်။ အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်မယ်ဆို ကောင်းမွန်တဲ့ အရွေ့တစ်ခုကိုသွားနိုင်
မှာပါ။
ဦးမျိုးအောင်(အမြဲတမ်းအတွင်းဝန်၊အလုပ်သမား၊
အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန)
မေး။
။ အနည်းဆုံး အခကြေးငွေ တစ်ရက် ကျပ် ၃၆ဝဝ သတ်မှတ် လိုက်တဲ့အပေါ် နိုင်ငံခြားသားလုပ်ငန်း
ရှင်တွေက စက်ရုံပိတ်မယ်။ လျော်ကြေး မပေးနိုင်ဘူးလို့ ပြောဆိုတဲ့အပေါ် တကယ်လို့ အဲဒီလိုများလုပ်ခဲ့မယ်
ဆိုရင် ဘယ်လိုဆောင်ရွက်သွားဖို့ ရှိတယ်ဆိုတာ သိပါရစေ။
ဖြေ။
။ နိုင်ငံခြားသား အလုပ်ရှင်တွေ မလုပ်နိုင်တဲ့အပိုင်းရယ်။ မလုပ်နိုင်လို့ ထွက်သွားရင်
အရေးယူမယ့် အပိုင်းရယ်။ အလုပ်ပိတ်ပြီး ပြန်သွားတယ်ဆို ဒီအတိုင်းထွက်သွားလို့မရဘူး၊
ဥပဒေ ကရှိပြီးသား၊ အလုပ်သမားကို အလုပ်အတွက် နစ်နာကြေးလျော်ကြေးပေးရမယ်။ အရင်တုန်းက
ဒီလိုလုပ်ခဲ့လို့ အရေး ယူခဲ့ဖူးတဲ့ သာဓကတွေရှိတယ်။ ပိတ်သိမ်းတာက သူတို့ရဲ့ ကဏ္ဍ။ အဲဒီအပေါ်မှာ
သူတို့ရဲ့ စီးပွားရေး အခြေအနေနဲ့ လုပ်ငန်းအခြေ အနေအရ ပိတ်မယ်ဆို ပိတ်ပိုင်ခွင့် ရှိတယ်။
ဒါပေမယ့် လုပ်ထုံးလုပ်နည်း နဲ့အညီ၊ ဥပဒေနဲ့အညီ ဖြစ်ဖို့လိုတယ်။ တကယ်ပြန်၊ မပြန်ဆိုတဲ့ကိစ္စ။
တကယ် ရုပ်သိမ်း၊ မသိမ်းဆိုတဲ့ကိစ္စ။ အခု ဖြစ်နေတာက အထည်ချုပ်မှာ။ အထည်ချုပ် လုပ်ငန်းရှင်တွေထဲမှာမှ
တချို့ပေးနိုင်တယ်။ ဒီမှာဖြစ်နေတာက ရန်ကုန် မှာရှိတဲ့ အထည်ချုပ် လုပ်ငန်းရှင်တွေပဲ။
အဲဒီထဲမှာတောင် အကုန်မဟုတ်ဘူး။စက်ရုံပိတ်မယ်ဆိုတာ အလုပ်ရှင်က တကယ်ပဲပြောခဲ့တာလား။ သူတို့
မန်နေဂျာ၊ ကိုယ်စားလှယ်တွေက ပြောတာလားဆိုတာ စိစစ်ဖို့လိုတယ်။ စက်ရုံပိတ်သွားတာက သူတို့လုပ်ပိုင်
ခွင့်ပဲ။ စက်ရုံပိတ်သွားလို့ အလုပ် သမားတွေအတွက် လုပ်ငန်းခွင်ပြန်ဝင် နိုင်အောင် လုပ်ပေးရမှာကတော့
ကျွန်တော်တို့တွေရဲ့ တာဝန်ပါလို့ ပြောချင်တယ်။
မေး။
။ နိုင်ငံခြားသားလုပ်ငန်းရှင် တွေအနေနဲ့ မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံရင်
မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်မှာ အဆိုပြုထားတဲ့ နှုန်းထားနဲ့ အခုသတ်မှတ်ထားတဲ့
နှုန်းထား ဘယ်လောက်ကွာခြားမှု ရှိလဲဆိုတာ သိပါရစေ။
ဖြေ။
။နိုင်ငံခြားသား အလုပ်ရှင် မှန်ရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ
အနိမ့်ဆုံးအလုပ်သမား ကို ဘယ်လောက်ပေးမှာလဲဆိုတဲ့ အဆိုပြုနှုန်းထားတွေ ရှိတယ်။ အဆိုပြု
နှုန်းထားတွေ ပြန်ကြည့်လိုက်ရင်လည်း အနည်းဆုံး ဒေါ်လာ ၉ဝ နဲ့ ၁ဝဝ ကျော်မှာရှိတယ်။ အခုပေးလိုက်တဲ့
နှုန်းထားက မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်မှာ အဆိုပြုထားတဲ့ နှုန်းထားနဲ့
ဘာမှ ကွာဟမှုမရှိဘူး။
မေး။
။ အလုပ်ရှင်တွေ ဘက်က တောင်းဆိုထားတဲ့ အချက်တွေကို လုပ်ဆောင်ပေးဖို့ရှိပါသလား။
ဖြေ။
။ အလုပ်ရှင်တွေ တောင်းဆို ထားတာတွေထဲမှာ လူမှုဖူလုံရေးကြေးက အလုပ်ရှင်ရော၊ အလုပ်သမားရော
ထည့်ရတာပါ။ အဲဒီအပေါ်မှာ အလုပ်ရှင်တွေပြောနေတာရှိတယ်။ ဒါကဝန်ကြီးဌာနက လုပ်ပေးရမယ့် အပိုင်း၊
ဆောင်ရွက်ပေးနိုင်တဲ့အပိုင်း ဖြစ်တယ်။ လမ်းတွေ၊ မီးတွေကတော့ ကျွန်တော်တို့ဝန်ကြီးဌာန
မတတ်နိုင်တဲ့ အပိုင်းပါ။ ဒါက နိုင်ငံတော်နဲ့ အခြားသက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်လုပ်ဆောင်ရမှာ။
အလုပ်ရှင်တွေ တောင်းဆိုတဲ့ အထဲက လတ်တလော လုပ်ပေးနိုင်တာလုပ်ပေးမယ်။ ရေရှည်လုပ်ရမှာရှိသလို
ပေါင်းစပ်လုပ်ရမှာ ရှိတယ်။ အချိန်တော့ ပေးရမယ်။ ချက်ချင်းလုပ်ပေးပါ တောင်းဆိုလာရင်တော့
မဖြစ်နိုင်ပါဘူးလို့ ပြောချင်တယ်။
ဦးဇာနည်သွေး
(မြန်မာနိုင်ငံတောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်)
မေး။
။ အဆိုပြုနှုန်းထား တစ်နေ့ ကျပ် ၃၆ဝဝ က လူတစ်ယောက်ရဲ့ အခြေခံစားဝတ်နေရေးကို ဖြေရှင်း
ပေးနိုင်မယ့် နှုန်းထားလို့ ထင်ပါသလား။
ဖြေ။
။ ကျွန်တော်တို့ အလုပ်သမား မိသားစုတွေနဲ့ တွေ့တယ်။ အလုပ်သမားတွေ အခြေအနေကို လေ့လာ ကြည့်တယ်။
တိုင်းပြည်ရဲ့ တစ်ဦးချင်း ဝင်ငွေနဲ့ ချိန်ပြီးတော့ မိသားတစ်စုရဲ့ စားသောက်နေထိုင်မှု
စားဝတ် နေရေး ကိုကြည့်လိုက်တဲ့အခါ ကျပ် ၃၆ဝဝ က သင့်တင့်လျောက်ပတ်တဲ့ သတ်မှတ် နှုန်းထားလို့
မြင်တယ်။ ဒါပေမယ့် ပြည့်စုံလုံလောက်မှုတော့ ဘယ်ရှိမှာလဲ။
မေး။
။ လုပ်ငန်းရှင်တချို့က တစ်ရက် လုပ်ခ ကျပ် ၃၆ဝဝ အတည်ပြုသတ်မှတ် မယ်ဆို မပေးနိုင်ဘူးလို့
ငြင်းဆိုနေတဲ့ အပေါ် ဘာများပြောချင်ပါသလဲ။
ဖြေ။
။ ကျွန်တော်တို့နိုင်ငံက တစ်ဦးချင်းဝင်ငွေနည်းပါးလို့ ဆင်းရဲလို့ နိုင်ငံတကာမှာ မျက်နှာငယ်ရတယ်။
ဒါကို ရုန်းထွက်ဖို့ အခြေခံအကြောင်း တရားဖြစ်တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ဖို့။ သတ်မှတ်တဲ့နေရာမှာ
ဒါကို မပေးနိုင်ဘူးဆိုတာ ဆင်းရဲခိုင်း တာနဲ့သွားတူတယ်။ အဲဒါမျိုးမဖြစ်သင့်ဘူး။ တိုင်းပြည်ရဲ့
အရေးပါတဲ့အပြောင်း အလဲမှာ လုပ်ငန်းရှင်တွေကလည်း တက်တက်ကြွကြွ လက်တွဲပူးပေါင်း ပါဝင်ဖို့လိုပါတယ်။
အလုပ်သမားတွေ ဘက်ကလည်း ငွေကြေးတိုးပေးဖို့ တောင်းဆိုတာ တစ်ခုတည်းမဟုတ် ဘဲနဲ့ လုပ်အားစွမ်းရည်ကို
တိုးမြှင့် ပေးဖို့လိုတယ်။ မပေးနိုင်ဘူး။ ပိတ်သိမ်းမယ်ဆိုတာ မပြောဘဲ တေ့တေ့ဆိုင်ဆိုင်
တွေ့ဆုံပြီး ဘယ်လို လုပ်ပေးရမလဲ ဆိုတဲ့ နည်းလမ်းကိုသာ ညှိနှိုင်းဆောင်ရွက်ကြပါလို့ ပြောချင်တယ်။
ဦးမောင်မောင် (မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ- CTUM)
မေး။
။ အနည်းဆုံး အခကြေးငွေ နှုန်းထား ကျပ် ၃၆ဝဝ ထွက်လာတဲ့ အပေါ် အလုပ်ရှင်တွေဘက်က မပေးနိုင်လို့
ကန့်ကွက်နေတာ ကြားနေရပါတယ်။ အဲဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။
ဖြေ။
။ မပေးနိုင်တဲ့ လူတွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆွေးနွေးတဲ့အထဲမှာလည်း
ပေးနိုင်တဲ့ အလုပ်ရှင်တွေ ရှိနေပါတယ်။ ပေးမယ် လို့ပြောထားတဲ့အထဲမှာ မြန်မာနိုင်ငံသား
မြန်မာပိုင်တဲ့ စက်ရုံရှိတယ်။ ဂျပန်နိုင်ငံကလာပြီး ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံရှိတယ်။
ကိုရီးယားကလာတာ ရှိတယ်။ ဟိုနေ့က ပြောတဲ့အထဲမှာ မြန်မာနိုင်ငံသားပိုင်တွေ ပါတယ်။တရုတ်နိုင်ငံသားပိုင်၊
ကိုရီးယား နိုင်ငံသားပိုင်တွေပါတယ်။ မပေးနိုင်တဲ့ သူရှိသလို ပေးနိုင်တဲ့သူရှိပါတယ်။
မပေးနိုင်တဲ့စက်ရုံတွေကြောင့်တော့ လုပ်ငန်းပျက်မသွားပါဘူးလို့ ပြောချင် ပါတယ်။ အလုပ်ရှင်နဲ့
အလုပ်သမား ဆိုတာ ညှိနှိုင်းလို့ရပါတယ်။ ရန်သူ တွေမဟုတ်ပါဘူး။ အလုပ်ရှင်ရှိမှ အလုပ်သမားဆိုတာရှိမယ်။
အလုပ် သမားရှိမှလည်း အလုပ်ရှင်ရှိမှာပါ။အလုပ်သမားတွေက အရင်တုန်းကလို လမ်းမပေါ်ထွက်မှာ
မဟုတ်ပါဘူး။ ကျွန်တော်တို့တောင်းဆိုတာ ကျပ် ၄ဝဝဝ ဖြစ်ပေမယ့် ကျပ် ၃၆ဝဝ ကို ညှိနှိုင်းတဲ့အခါ
နောင်တစ်နှစ်ကြာရင်လည်း ပြန်သုံးသပ်ပြီး ပြင်ဆင်လို့ ရသေးပါလားဆိုတာ ဥပဒေရှိထားပြီး
သား။ ဒါကအသေမဟုတ်ဘူးဆိုတာ အလုပ်သမားတွေက နားလည်တယ်။ ကျပ် ၃၆ဝဝ ပေးဖို့ အတင်းငြင်းဆန်တဲ့
အလုပ်ရှင်တွေက နားမလည်လို့ပဲဖြစ် ပါလိမ့်မယ်။ ပြင်ဆင်မှုအပိုင်းမှာ လည်း အားနည်းလို့ဖြစ်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ အနည်းဆုံး အခကြေးငွေကိစ္စက ရက်ပိုင်းအတွင်းလုပ်တာ မဟုတ်ဘူးလေ။ လွန်ခဲ့တဲ့
နှစ်နှစ်လောက်ကတည်းက ကြိမ်ဖန် များစွာဆွေးနွေးပြီးသားပါ။ အခု အဆိုပြုထားတဲ့ အနည်းဆုံး
အခကြေးငွေ ကျပ် ၃၆ဝဝ ပေါ်မှာ တချို့ လုပ်ငန်းရှင်တွေက လွန်ခဲ့တဲ့ နှစ်နှစ် လောက်ကတည်းက
ပေးနိုင်ဖို့ပြင်ဆင် ထားကြတယ်။ မပေးနိုင်လို့ စက်ရုံ ပိတ်မယ်လို့ ပြောတာတော့ မကောင်း
ဘူးပေါ့ဗျာ။ ရာခိုင်နှုန်းတော်တော် များများကတော့ မပိတ်ပါဘူး။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက
မနည်းဘူးလေ။
မေး။
။ အလုပ်ရှင်တွေက အလုပ် သမားတွေကို လစာပေးတဲ့အခါ အခြေခံလစာကိုမတိုးမြှင့်ဘဲ အခြား ခံစားခွင့်တွေထဲကနေ
လစာပေးချင် နေတာနဲ့ပတ်သက်ပြီး သုံးသပ်ပေးပါ။
ဖြေ။
။ လစာနဲ့ ကပ်လျက်တိုင်တွေပါ။ တိုင်တွေဆိုတာ မုန့်ဖိုးပဲပေါ့။အလုပ်ရှင်က သဘောကျရင်ပေး
မယ်။ အလုပ်သမားကလည်း သဘော ကျရင်လုပ်မယ်။ မုန့်ဖိုးဆိုတာ အမြဲ မရှိဘူးဆိုတော့ အချိန်ပိုလုပ်ခဆိုတာ
မမြဲဘူး။ အချိန်ပိုလုပ်တဲ့အချိန်မှာ ရတဲ့လစာက မူရင်းလစာနီးပါးရှိနေ တယ်။ အဲဒါမဖြစ်သင့်ဘူး။
အလုပ်ရှင် က ပြန်ပြောတယ်။ အချိန်ပိုထွက်တဲ့ နှုန်းကများလို့ပါလို့။ အချိန်ပိုထွက်တဲ့
နှုန်းများရင် အချိန်ပိုမလုပ်ရင် လစာ မလောက်ဘူးဆိုတာ ပေါ်လွင်လာတယ်။ အလုပ်ရှင်ကိုမေးချင်တယ်။
ဒီလောက် အချိန်ပိုခေါ်ဖို့လိုလား။တစ်ရက် အလုပ်ချိန်ပြီးမယ့်အလုပ်ကို တွက်ဆပြီး လုပ်လို့မရဘူးလား။
အချိန် ပိုခေါ်တာကို မဖြစ်စေချင်တော့ဘူး။ ဒါတွေကို ပြန်ပြီးပြင်ဆင်ဖို့လိုတယ်။အချိန်ပိုတိုင်တွေကို
ဖြုတ်ချဖို့လိုတယ်။ ဒါကြောင့် အခြေခံလစာတစ်ခုတည်း ကိုတိုးမြှင့်ပေးပါလို့တောင်းဆိုချင်တယ်။
ဒေါ်မျိုးမျိုးအေး (အထည်ချုပ်စက်ရုံကြီးကြပ်ရေးမှူး)
မေး။
။ အထည်ချုပ်လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေ အတွက် ဒီအဆိုပြုနှုန်းထား ကျပ်
၃၆ဝဝ ဟာ လုံလောက်တဲ့ငွေကြေးလို့ ထင်ပါသလား။
ဖြေ။
။ အခု ကျပ် ၃၆ဝဝ နှုန်းထားက ပြည့်စုံလုံလောက်မှုတော့ မရှိဘူး။အတတ်နိုင်ဆုံး လိုက်လျောပြီး
လက်ခံ ထားတာပါ။ အနည်းဆုံးတော့ ကျပ် ၄ဝဝဝ ဆိုပြီး တောင်းထားတာပါ။ အခုချိန်ထိတော့ ကျပ်
၎ဝဝဝ က မလျှော့သေးပါဘူး။
မေး။
။ အထည်ချုပ်လုပ်ငန်းတွေမှာ ခန့်ထားမယ့် အမျိုးသမီးလုပ်သား တွေရဲ့လုပ်ငန်းအတွက် အဓိက
လိုအပ်တာက ဘာများဖြစ်မယ်ထင်ပါသလဲ။
ဖြေ။
။ အထည်ချုပ် လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့အထဲမှာ ဘွဲ့ရအမျိုး သမီးတွေလည်းရှိပါတယ်။ အစ်မ
ဆိုလိုချင်တာက စက်ချုပ်ကျွမ်းကျင် ရမယ့်နေရာမှာ စက်လာချုပ်မယ့်သူက လုပ်ငန်းကျွမ်းကျင်ရမှာ
ဆိုတော့ အတန်းပညာနဲ့ တိုင်းတာလို့မရဘူး လေ။ အစ်မကဘွဲ့ရတစ်ယောက်ဖြစ် ပေမယ့် လောလောဆယ်စက်ရုံမှာ
ခေါင်းဆောင်ခန့်ထားတဲ့ အမျိုးသမီး လေးနဲ့ အစ်မယှဉ်ပြီးမချုပ်နိုင်ဘူး။ သူ့လိုစက်ချုပ်ပညာ
အစ်မမတတ်ဘူး။ လေ။ ဒီတော့သူ့လုပ်ငန်းမှာ သူက ဆရာပဲ။ ဒီလိုနေရာမျိုးမှာ အတန်း ပညာဘယ်လောက်ပဲရှိရှိ
လုပ်ငန်း ကျွမ်းကျင်ရာ တန်ဖိုးကိုမြှင့်တင်ပေး ဖို့လိုအပ်တယ်။ ဘွဲ့ရတွေ၊ Ph.Dတွေ ခန့်ရမယ့်
နေရာမဟုတ်ဘူး။ စက်ချုပ် ကျွမ်းကျင်သူကို ခန့်ရမှာ။ ဒီတော့ သင့်တင့်လျောက်ပတ်တဲ့ ငွေကြေး
လစာတော့ ပေးရမှာပေါ့။ အဲဒါကိုမှ ဘွဲ့မရလို့၊ ဆယ်တန်းမအောင်လို့ ကျပ် ၂၅ဝဝ တောင် မတန်ဘူးလို့
မပြောပါနဲ့ လက်မခံနိုင်ပါဘူး။
မေး။
။ လစာတိုးမပေးနိုင်လို့ စက်ရုံ ပိတ်မယ်လို့ ပြောနေကြတဲ့အပေါ်မှာ အလုပ်သမား တစ်ယောက်အနေနဲ့
ဘာများပြောချင်ပါသလဲ။
ဖြေ။
။ အခုတောင် တချို့စက်ရုံတွေက ကျပ် ၃၆ဝဝနဲ့ ထည့်တွက်ရတော့ မလားဆိုပြီး မေးနေတာတွေရှိပါတယ်။အလုပ်သမားတွေက
အလုပ်ရှင်တွေကို မတောင်းဆိုရဘဲ အခုလို တိုးပေး တဲ့ အလုပ်ရှင်ကို သိပ်ချစ်ကြမှာပါ။ အလုပ်သမားတွေ
လစာကိုကြည့်ရင် တိုင်တွေကွာနေတာ။ အဲဒါကလည်း အခြေခံလုပ်ခလစာကို မထည့်ချင်တာ။ အချိန်ပိုကြေးဆိုတဲ့တိုင်တွေကွာနေတာ။
တကယ်တော့ စကားလုံးလေး တစ်လုံးနဲ့ ရှုပ်နေတာ။ လစာတိုးပေးနိုင်တဲ့ အလုပ်ရှင်တွေရှိပါတယ်။
စက်ရုံပိတ်သိမ်းမယ်ဆိုတဲ့ စက်ရုံ နည်းပါလိမ့်မယ်။ တော်တော်များများ အလုပ်ရှင်တွေမပိတ်ပါဘူး။
အခုလည်း ပေးနေတဲ့အလုပ်ရှင်တွေ ရှိပါတယ်။ မပေးနိုင်လို့ ပိတ်သွားမယ့် စက်ရုံတွေနေရာမှာ
တခြားရင်းနှီး မြှုပ်နှံမှုသစ်တွေဝင်လာမယ်။ သူတို့ ထက် ကောင်းမွန်တဲ့ဖန်တီးမှုတွေ ပေးနိုင်မယ့်
အလုပ်ရှင်တွေ ဝင်လာ လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ။
တွေ့ဆုံမေးမြန်း-သီသီမင်း
ဓာတ်ပုံ-မင်းသစ်
ဓာတ်ပုံ-မင်းသစ်

No comments:
Post a Comment