ဖြူး
ဇူလိုင် ၁၇
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက်
(၈) နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ထန်းတပင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန
သီရိမင်္ဂလာ ခန်းမ၌ ဒေသခံပြည်သူများအားတွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို
ဆွေးနွေး မှာကြားသည်။
ဖြူး
ဇူလိုင် ၁၇
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက်
(၈) နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ထန်းတပင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန
သီရိမင်္ဂလာ ခန်းမ၌ ဒေသခံပြည်သူများအားတွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို
ဆွေးနွေး မှာကြားသည်။
တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ
ဦးဝင်းမြင့်စိုး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊
လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက
မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေး စနစ်ကျင့်သုံးပြီး
ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရန် လမ်းကြောင်းပေါ်သို့ တက်လှမ်းခဲ့သည်မှာ
လေးနှစ်ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအစိုးရလက်ထက်တွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု
ရှိလာ ပါကြောင်း၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို ထိုက်သင့်သမျှ လုပ်ဆောင်နိုင်ခဲ့သော်လည်း
လူမှုရေး၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေး ကဏ္ဍတို့တွင် ဆက်လက်တိုးတက်ရန် လိုအပ်နေဆဲဖြစ်ပါ
ကြောင်း။
ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲ လျှောက်လှမ်းရာတွင်
ခက်ခက်ခဲခဲ ကျော်လွှားပြောင်းလဲခဲ့ရခြင်း ဖြစ်ပါ ကြောင်း၊ ရှေ့ဆက်ရမည့်ခရီး၌ အစိုးရ၊
လွှတ်တော်တို့နှင့် သာမကဘဲ ပြည်သူများပူးပေါင်းပါဝင်ရန် လိုအပ်ပါ ကြောင်း။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင်
နိုင်ငံ့ဘဏ္ဍာငွေများကို ယခင် ထက်ပိုမို ကျခံဆောင်ရွက် ခဲ့ပါကြောင်း၊ အထူးသဖြင့် ပညာရေး၊
ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ် အားရရှိရေး၊ ရေရရှိရေးလုပ်ငန်းများကို
ဆောင်ရွက် ပေးခဲ့သော်လည်း ပြည့်စုံလုံလောက်မှု မရှိသေးပါကြောင်း၊ ဖွံ့ဖြိုးတိုး တက်ရေး
လမ်းကြောင်း မှန်ပေါ် လျှောက်လှမ်းနေပြီဖြစ်၍ ရှေ့သို့ တိုးပြီးလျှောက်လှမ်း သွားရန်
လိုအပ်ပါ ကြောင်း။
နိုင်ငံ့အတွက် အလွန်အရေးကြီးသည့် ပါတီစုံဒီမိုကရေစီ
အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်တွင် တစ်နိုင်ငံလုံးတွင် ကျင်းပမည် ဖြစ်ကြောင်း၊
ရွေးကောက်ပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ကြမည့် နိုင်ငံရေးပါတီများ၊
ကိုယ်စားလှယ်လောင်းများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ရွေးကောက်ပွဲကို တာဝန်ခံဆောင်ရွက်ပေးကြမည့်
အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများတွင် တာဝန်ရှိသကဲ့သို့ မဲပေးကြမည့် ပြည်သူများ၏
အခန်းကဏ္ဍသည်လည်း အရေးကြီး ပါကြောင်း။
ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်
အောင်မြင်ရေးအတွက် ရွေးကောက်ပွဲကို ဖြတ်သန်းကြရမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်
အောင်မြင်ရန် အားလုံးတွင် တာဝန်ရှိပါကြောင်း၊ ရွေးကော်ပွဲ ကော်မရှင်က ဥပဒေ၊ နည်းဥပဒေ၊
စည်မျဉ်း၊ စည်းကမ်းများ ထုတ်ပြန်ထားပြီးဖြစ်၍ လိုက်နာကြရမည် ဖြစ်ပါ ကြောင်း၊ စည်းမျဉ်း၊
စည်းကမ်းများအတွင်းက အောင်မြင်စွာလုပ်ဆောင်မှသာလျှင် ရှေ့ခရီးမှာအောင်မြင်မည် ဖြစ်ကြောင်း၊
လိုအပ်ချက်များရှိပါက တင်ပြကြရန် ဖိတ်ခေါ် ပါကြောင်းနှင့် တင်ပြချက်များအပေါ် လွှတ်တော်
အပိုင်းက ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊
မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သစ်တောနှင့် သတ္တုဝန်ကြီး၊
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး တာဝန်ရှိသူများက
ဒေသလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးပြီး
နိဂုံးချုပ်အမှာစကား ပြောကြားကာ တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် အုတ်တွင်းမြို့သို့ ရောက်ရှိပြီး
မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သိရီရတနာခန်းမ၌ ဒေသခံ ပြည်သူများအား တွေ့ဆုံ၍
ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
တွေ့ဆုံပွဲတွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊
မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ကော်မရှင်အဖွဲခွဲ၊
မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊
မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိ
သူများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီးတို့က ဒေသဖွံ့ဖြိုးရေး
ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြ သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးပြီး
ပြောကြားရာတွင် ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရလဒ်အပေါ် မှုတည်ပြီး လွှတ်တော်များနှင့်
အစိုးရအဖွဲ့များ ပေါ်ပေါက် လာကြောင်း။
လွှတ်တော်အတွင်း၌ နိုင်ငံနှင့်နိုင်ငံသားအကျိုးအတွက်
ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ကိုးကွယ်သည့်အယူဝါဒစွဲ မထားဘဲ အားလုံးပူးပေါင်းဆောင်ရွက်လျက်
ရှိပါကြောင်း၊ ပါတီအချင်းချင်း လုပ်ဖော်ကိုင်ဖက်အဖြစ်
သဘော ထားသည့် အတွက် လွှတ်တော် လုပ်ငန်းများ အောင်မြင်ခြင်းဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကို အထောက် အကူပြုပါကြောင်း၊ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ပြည်သူများ၏
အကျိုးစီးပွား ဖော်ဆောင်ရန် ဖြစ်ကြောင်း၊ အများအကျိုးအတွက် ဆောင်ရွက်ရာတွင် ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုအပ် ပါကြောင်း၊
တင်ပြချက်များအချို့ကို ချက်ခြင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး အချို့အချက်များကို အချိန်အတိုင်း
အတာ တစ်ခုအတွင်း၌ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းပြောကြားပြီး တက်ရောက်လာကြသူများအား
ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည်
အုတ်တွင်းမြို့ ကန်ကလေးတောရ ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ပဓာနနာယက ဆရာတော်အမှူးပြုသော
ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး သာသနာရေးဆိုင်ရာနှင့်
ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားသည်။



No comments:
Post a Comment