နေပြည်တော် ဇူလိုင် ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး
အောင်သန်းထွဋ်၊ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ကယားပြည်နယ် လွိုင်ကော်
လေဆိပ်သို့ ရောက်ရှိ ကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား
လွိုင်ကော်လေဆိပ်တွင် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်အေးဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့်
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြရာ ဖရူဆိုမြို့
သို့ ရောက်ရှိကြသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဖရူဆိုမြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိကြပြီး
ဆေးကုသမှု ခံယူလျက်ရှိသည့် လူနာများအား ရင်းနှီးစွာ တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့
ပစ္စည်းများပေးအပ်သည်။
ဆက်လက်၍
နိုင်ငံတော်သမ္မတသည် ဆေးသိုလှောင်ခန်းအား ကြည့်ရှု စစ်ဆေးပြီး ရာသီအလိုက်ဖြစ်ပေါ် တတ်သည့်
ရောဂါများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်နှင့် လိုအပ်သည့် ဆေးဝါးပစ္စည်းများ ဖြည့်တင်းထားရန်
တာဝန်ရှိသူ များအား မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်း
ကျောင်း(ဖရူဆို)သို့ ရောက်ရှိကြပြီး ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူ များအား
ရင်းနှီးစွာနှုတ်ဆက်သည်။
No comments:
Post a Comment