ညောင်ရွှေ ဇူလိုင် ၇
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် ယနေ့နံနက် နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊
ညောင်ရွှေမြို့၊ ဟူပင်ဟိုတယ်(ခေါင်တိုင်)တွင်ကျင်းပခဲ့သည့် “မြန်မာနိုင်ငံ၏ ပထမဆုံးသော လူသားနှင့်ဇီဝ အဝန်း
နယ်မြေဖြစ်သည့် အင်းလေးကန်အားထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲ”သို့
တက်ရောက်၍အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင်
နိုင်ငံတော်အစိုးရအနေနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ် ဝန်းကျင် တည်ငြိမ်မျှတမှုကို
သဟဇာတဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ သဘာဝသယံဇာ တများ
စီမံခန့်ခွဲရန်အတွက် လိုအပ် သည့်မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုလည်း အသစ်ပြဌာန်းခြင်းနှင့်
ပြင်ဆင်ခြင်းတို့ ဆောင် ရွက်လျက်ရှိပါကြောင်း၊ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအနေဖြင့် အမျိုးသား
ရေမူဝါဒကို ပြဌာန်း နိုင်ခဲ့ကာမြေယာမူဝါဒကို အတည်ပြုနိုင်ရန်အတွက်လည်း ညှိနိုင်းမှုများဆောင်ရွက်
လျက်ရှိပါကြောင်း၊
ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေအသုံးချမှုလုပ်ငန်းများကြောင့်
မြစ်ချောင်း၊ အင်းအိုင်များနှင့် ရေကန်များ၏ ရေဝေရေ လဲဒေသများရှိ ဂေဟစနစ်များထိခိုက်မှုမရှိစေရေး
ဆောင်ရွက်ရန် အရေးကြီး ပါကြောင်း၊ အထူး သဖြင့် ရေချိုကန်များသည် ပတ်ဝန်းကျင်လူထုအတွက်
တန်ဖိုးမဖြတ်နိုင်သော ဂေဟစနစ် ဝန်ဆောင်မှုများကို ဆောင်ကျဉ်းပေထားသည့်အတွက် အရေးပါသည့်ဂေဟစနစ်တစ်ခုဖြစ်
ကြောင်း၊
ရှမ်းပြည်နယ်သည် ရေ၊ မြေ၊ သဘာဝဝန်းကျင်အလှအပနှင့်
သစ်တောသယံဇာတ ပေါကြွယ်ဝ လှသောကြောင့် လူသိများထင် ရှားပြီး နိုင်ငံအတွက်စီးပွားရေးအရ
အရေးပါသည့် ဒေသတစ်ခုဖြစ်ပါ ကြောင်း၊ အထူးသဖြင့် အင်းလေးကန်သည်ဒေသရင်း ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝခြင်း၊
ထူးခြားသည့် ဘာသာရေး၊ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံ အမွေအနစ်များကြောင့် ပြည် တွင်းပြည်ပခရီးသွားများ
စိတ်ဝင်စား လည်ပတ်ရာဒေသတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်ထိန်းရေးနှင့် သစ်တော
ရေးရာဝန်ကြီဌာနမှ အင်းလေးကန်ဒေသအား ၁၉၈၅ခုနှစ်မှစ၍ ဘေးမဲ့တောအဖြစ် ဖွဲ့စည်းစီမံ အုပ်ချုပ်ခဲ့ပါကြောင်း၊
ထူးခြားသည့် ဂုဏ်အင်္ဂါများကြောင့်လည်း အာဆီယံအမွေအနှစ် (ASEAN Heritage Site) အဖြစ်သက်မှတ်ခြင်း ခံရပါကြောင်း၊
နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအနေဖြင့် အင်းလေးကန် ဒေသအား ယူနက်စကို(UNESCO)မှ “လူသားနှင့်ဇီဝ အဝန်း နယ်မြေ”အဖြစ်
သတ်မှတ်အတည်ပြုခဲ့ပါကြောင်း၊ လူသားတို့နှင်၎င်းတို၏ လူမှုစီးပွားရေးဘဝကို အထောက်အ ကူပြု
နေသည့် သဘာဝပတ်ဝန်းကျင်တို့အကြား အပြန်အလှန်သဟဇာတမျှတစွာ ဆက်စပ်ရပ်တည်နိုင်ရေး ရည်ရွယ် ၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်းပြောကြားသည်။
ထိုနောက် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီးနှင့်
ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့မှ အမှာစကား ဆက်လက်ပြောကြား သည်။ ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့်
ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) တို့ပူပေါင်းစီစဉ်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment