နေပြည်တော် ဇူလိုင် ၇
သိပ္ပံနှင့်နည်းပညာ
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးသည် ဇူလိုင်လ (၅) ရက် တွင် ဇီဝနည်းပညာ
သုတေသနဌာန (ကျောက်ဆည်) သို့ ရောက်ရှိပြီး သုတေသန လုပ်ဆောင်နေသော သုတေသီများ နှင့်တွေ့ဆုံကာ သုတေသီများမှ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသော
သုတေသန လုပ်ငန်းများ လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ သုတေသနရှာဖွေပြီး အောင်မြင်ရန် တစ်စိုက်မတ်မတ် ပြုလုပ်ရမှာဖြစ်ပါကြောင်း၊
ယခုတွေ့ရှိပြီး စပါးမျိုးသစ်များသည် တောင်
သူလယ် သမားများနှင့် နိုင်ငံတော် အတွက်များစွာ
အကျိုးပြု နိုင်မည်ဖြစ်ကြောင်း၊ ဆက်လက် ၍လည်း
ပိုမိုအရည်အသွေးကောင်း မွန်သည့် စပါးမျိုးသစ်များကို ဆက်လက်သုတေသနပြု ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊
တောင်သူလယ် သမားများ လက်ဝယ်သို့ ပျံ့နှံ့ရောက်ရှိစေရေး အတွက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊
ပတ်ဝန်းကျင်၊ ရာသီဥတုနှင့် သင့်လျော်မည့် ဇီဝ နည်းပညာအခြေပြု စံပြစိုက်ခင်းများ ဖြစ်ပေါ်လာအောင်
ကြိုးပမ်းကြရန်၊ အပင်တစ်သျှူးမျိုး ပွားများခြင်းနည်းဖြင့် ပြုလုပ်နိုင်သည့် အခြေအနေများအား
ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ထားကြရန်နှင့် ဒေသလိုအပ်ချက်နှင့်
ကိုက်ညီသော ဈေးကွက်ဝင် တစ်သျှူး မျိုးပွားပင်များ အများအပြား စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ရန်တို့ကို ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်
သူများ၊ လုပ်ငန်းရှင်များနှင့် လည်း ပူးပေါင်း ဆောင် ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဓာတ်ခွဲခန်းများ၊
ပျိုးခြံနှင့် သုတေသနအစီအစဉ်များကို တစ်ဌာနချင်း အလိုက် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး
လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်
မော်တော်ယာဉ်နည်းပညာသုတေသန ဌာန(ပြင်ဦးလွင်) သို့ ရောက်ရှိကာ ဌာနတာဝန်ခံ၊ ဌာနမှူးများ၊
ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ မော်တော်ယာဉ်နည်းပညာသုတေသန လုပ်ငန်းများအတွက် လိုအပ်ချက်များ ကို
မေွးမန်းဆွေးနွေးကာ လိုအပ်သည်များကို လမ်းညွှန်မှာ
ကြားဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment