နေပြည်တော် ဇူလိုင် ၁၅
တပ်မတော်(ရေ)မှ
မေ ၂၁ ရက် နှင့် ၂၉ ရက်တို့တွင် မြန်မာရေပိုင်နက်အတွင်း ကယ်ဆယ်ခဲ့သည့် လှေစီး သွားလာသူများကို
မူရင်းနေရပ်သို့ ပြန်လည်ပို့ဆောင်ရေး အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး
ဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ဇွန်လ အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း
(၁၈၇)ဦးကို ပြန်လည် ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။
တောင်ပြို(လက်ဝဲ)စခန်းတွင်
ကျန်ရှိနေသည့် လှေစီးသွားလာသူ (၅၄၄)ဦး အနက် ဘင်္ဂလားဒေ့ရှ်ဘက်မှ စိစစ်ပြီး၊ ပြန်လည်လက်ခံရန်
အတည်ပြုပြီး ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း(၁၆၅)ဦးကို ဇူလိုင် ၂၂ ရက်တွင်
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းရန် နှစ်ဖက်ညှိနှိုင်းလျက်ရှိသည်။
မြန်မာနှင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်သည်နှင့်အညီ လွှဲပြောင်းရန်
ကျန်ရှိနေ သော လှေစီးသွားလာသူများအပေါ် စိစစ်သည့် လုပ်ငန်းစဉ်အရ မူရင်းနေရပ်သို့ အမြန်ပြန်နိုင်ရန်
ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
တောင်ပြို(လက်ဝဲ)တွင်
ယာယီ ခိုလှုံခွင့်ပေးထားသူများကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ထောက်ပံ့ ပေးအပ်လျက်
ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
No comments:
Post a Comment