နေပြည်တော် ဇူလိုင် ၁၅
ဗဟိုဘဏ်မှ
နေ.စဉ်သတ်မှတ်သည့် ရည်ညွှန်းငွေ လဲလှယ်နှုန်းကို ဗဟိုဘဏ်တွင် နေ့စဉ်ပြုလုပ်သည့် နိုင်ငံခြား
ငွေလေလံများ မှတစ်ဆင့် ပွင့်လင်းမြင်သာစွာ သတ်မှတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ
လေလံများ ဆောင်ရွက်ခြင်း၊ ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းနှင့် လေလံ ဈေးကွက်မှ
ငွေပေးချေမှုပြုလုပ်ခြင်း စသည့် အသေးစိတ် အချက်အလက်များကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က
၂၀၁၂ ခုနှစ် မတ် ၂၆ ရက်တွင် နိုင်ငံခြားငွေများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းဝယ်ခြင်းဆိုင်ရာ
စည်းမျဉ်းများ အမှတ် (၁/၂၀၁၂) ကို ထုတ်ပြန်၍ ယင်းထုတ်ပြန်ချက် အတိုင်း ပွင့်လင်းမြင်သာစွာ
ဆောင်ရွက်လျှက်ရှိသည်။
လက်ရှိ
အခြေအနေတွင် နိုင်ငံခြားငွေလဲလှယ်ရာ၌ တရားဝင်နှုန်းနှင့် တရားမ၀င်နှုန်း ဟူ၍ ကွာဟချက်
များစွာ ရှိလာပြီး တစ်ခုထက်ပိုသော နိုင်ငံခြား ငွေလဲလှယ်နှုန်း (Multiple exchange
rates) များ ဖြစ်ပေါ်လာခြင်း၊ ယင်းကွာဟချက်ကြောင့် ဘဏ်များကတစ်ဆင့် ဆောင်ရွက်သည့် နိုင်ငံခြားငွေ
အရောင်းအ၀ယ်နည်းပါးသွားပြီး တရားမ၀င်ဈေးကွက်သို့ ရောက်ရှိကာ တရားမ၀င် ဈေးကွက် ပိုမို
ကြီးထွားလာခြင်း၊ ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နှုန်းထက် များစွာ နိမ့်ကျပြီး ပြင်ပဈေးကွက်တွင်
အေ၇ာင်းအ၀ယ် မဖြစ်သည့်နှုန်းကို ဗဟိုဘဏ်က ကာလကြာရှည် သတ်မှတ်ထားပါက ယင်းသတ်မှတ်နှုန်းအပေါ်
အယုံအကြည် ပိုမိုကင်းမဲ့ လာနိုင်ခြင်း စသည့် အခြေအနေများကို ကာကွယ်ရန် ပြင်ပဈေးကွက်နှုန်းထား
နှင့် လိုက်လျောညီထွေ ဖြစ်အောင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေ လဲလှယ်နှုန်းကို ပြင်ဆင် သတ်မှတ်ခဲ့ခြင်း
ဖြစ်ကြောင်းသိရသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ.ကလည်း ပြင်ပဈေးကွက်နှင့် လိုက်လျော ညီထွေ ရှိသည့် ရည်ညွှန်းငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်ခြင်းသည် မှန်ကန်သည့် လုပ်ရပ်ဖြစ်ကြောင်း ထောက်ခံကြိုဆိုခဲ့သည်။
မြန်မာနိုင်ငံတော်
ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းငွေ လဲလှယ်နှုန်းကို ပြင်ပဈေးကွက်နှင့် လိုက်လျောညီထွေ ဖြစ်စေရန်
ပြင်ဆင်ခြင်း တစ်ခုတည်း မဟုတ်ဘဲ တင်းကြပ်သော ငွေကြေးမူဝါဒကို ကျင့်သုံး၍ ချေးငွေ အလွန်အကျွံ
မြင့်တက်မှုနှုန်းကို ထိန်းချုပ်ရန် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန် ကြေငြာထား
ရှိသည်။
ဗဟိုဘဏ်၏
ဆောင်ရွက်ချက်များသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ.၊ ပြည်တွင်း၊ ပြည်ပပညာ
ရှင်များ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ၀န်ကြီးဌာနများဖြစ်သည့် သမ္မတရုံးဝန်ကြီး ဌာန၊
စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဘဏ္ဍာရေး ၀န်ကြီးဌာန၊
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ.ဖြိုး တိုးတက်မှု ၀န်ကြီးဌာန တို့မှ ပြည်ထောင်စု
ဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဥက္ကဌ၊ ဒုတိယ ဥက္ကဌတို့ ပါဝင်သည့် အဖွဲ့၏ အကြံဥာဏ်များဖြင့်
ပူးပေါင်း ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။
ထိုသို့
ဆောင်ရွက်မှုကို ပြည်တွင်း ပုဂ္ဂလိက စီးပွားရေး အသင်းအဖွဲ.များ၊ နိုင်ငံတကာ စီးပွားရေး
အသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပဘဏ်များ နှင့်ဆွေးနွေးတိုင်ပင်၍ အကြံဥာဏ် ရယူဆောင်ရွက်ခဲ့ခြင်းဖြစ်
ကြောင်း သိရသည်။
No comments:
Post a Comment