နေပြည်တော် ဇူလိုင် ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကြူကုတ်မြို့နယ် ကောင်းခါး
ကျေးရွာနှင့် ပတ်ဝန်း ကျင်ဒေ သတွင် တပ်မတော် စစ်ကြောင်းများက နယ်မြေ လုံခြုံရေးဆောင်
ရွက်စဉ် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ကောင်းခါး ကျေးရွာ၏ အရှေ့ တောင်ဘက် မီတာ ၁ဝဝဝ
ခန့်၌ KIA အဖွဲ့က တပ်မတော် စစ်ကြောင်း အား Remote မိုင်းဖြင့် ဖောက်ခွဲပြီး လက်နက်ကြီး၊
လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ဖြစ်စဉ်တွင် တပ်မတော် စစ်ကြောင်းက ပြန်လည်
ပစ်ခတ်တိုက်ခိုက်ရာ KIA အဖွဲ့များသည် အနောက်ဘက်နှင့် အနောက်မြောက် ဘက်သို့ ဆုတ်ခွာသွားပြီး
ရန်သူ့အလောင်းတစ်လောင်းနှင့် Remote မိုင်းခလုတ်တစ်ခု၊ ဆားကစ်အုံနှစ်ခုတို့ သိမ်းဆည်းရမိခဲ့သည်။
ထိုသို့ KIA အဖွဲ့က မိုင်းဖြင့်ဖောက်ခွဲမှုကြောင့် အနီးပတ်ဝန်းကျင်တွင်
ကျွဲကျောင်းနေသော အရပ်သားတစ်ဦး မိုင်းစထိမှန်သေဆုံးခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက
မုံးကိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ထံ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် KIA အဖွဲ့မှပစ်ခတ်ခဲ့သော
ဗုံးသီးကျရောက်ပေါက်ကွဲခြင်းကြောင့် ရှီဘုတ်ကျေးရွာနေ ဦးခွန်ကျင်းလျန်နှင့် ၎င်း၏ဇနီးဖြစ်သူ
ဒေါ်မာကိုင်တို့မှာ လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသဖြင့် ကြူကုတ်(ပန်ဆိုင်း)ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိကြောင်းနှင့်နယ်မြေလုံခြုံရေးအတွက်
တပ်မတော် စစ်ကြောင်းများ က ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment