Saturday, July 11, 2015

မြန်မာနိုင်ငံအပေါ် စွပ်စွဲဆောင်ရွက်နေမှုများကို ပယ်ချ၊ကန့်ကွက်ရသည့် ကိစ္စရပ်များဆွေးနွေး


နေပြည်တော် ဇူလိုင် ၁ဝ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးအား ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ လက်ထောက် မဟာမင်းကြီး မစ္စတာ ဗိုလ်ကာတာ့ခ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ အား ယနေ့နံနက် ၉ နာရီတွင် နေပြည် တော်ရှိ လွှတ်တော်ရေး ရာဆောင် အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လာရောက်တွေ့ ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် လွှတ်တော် ၌ နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ တစ်ရပ် ဖွဲ့စည်းဆောင် ရွက်နေမှုကိစ္စ၊ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ၊ နိုင်ငံတကာ အစည်းအဝေး အချို့တွင်အခြေအမြစ် မရှိ၊ မမှန်ကန်သော သတင်းများကို အခြေခံ၍ မြန်မာနိုင်ငံအပေါ် စွပ်စွဲ ဆောင်ရွက်နေမှုများကို ပယ်ချ၊ ကန့်ကွက်ရသည့် ကိစ္စရပ်များအား ဆွေးနွေးကြသည်။

No comments:

Post a Comment